ကေသရာဇာ


ကေသရာဇာ
ရဲဘော်ဝင်းတင်
သင်ဟာ
ခြင်္သေတစ်ထောင် ပမာ
တိုင်းရင်းသား လူမျိုးစု
လူထုက ထုဆစ်တယ်။
ကမ္ဘာမကြေနေ့များ
သင့်ရဲ့ လည်ဆံတဖွားဖွားနဲ့
ကျောသား ရင်သား မခွဲခြား ချစ်သူ။
ခြေမှာ ကကြိုး၊ လက်ဖျားကဗျာ
ရာဇ၀င်ထဲမှာ ၀င်းတင်ဆိုတာ
လူထုထဲက သူရဲကောင်း။
ခြင်္သေ့ကြီး
အချုပ်အချာ၊ နန်းရပ်ထီးဖြူ၊
အလံထူလွှင့်၊ သင့်လက်ထဲမှာ။
ခြင်္သေ့ တစ်ထောင်
ခေါင်းပြန်လည့်မော့ချိန်ပါလား။ ။
(အဘခြင်္သေ့ နိုးထ ကျန်းမာပါစေ)
မောင်လွမ်းဏီ
၂၈ - ၃ - ၂၀၁၄

သံမဏိကြယ်ပြာ
ဆရာဦးဝင်းတင် အမှတ်တရ ကဗျာစာအုပ်ထဲမှာ ဖော်ပြခဲ့တဲ့ မောင်လွမ်းဏီရဲ့ ကဗျာပါ။

ကျနော်တို့နှင့်အတူ ထာဝရ ချီတက်နေတယ်ဆိုတာ ယုံကြည်စွာဖြင့် -


၁၉၇၄ ကျောင်းသားဟောင်း ရဲဘော်မောင်မောင်တိတ်ကွယ်လွန်
 ထာဝရရှင်သန်နေမဲ့ သမိုင်းရုပ်တု
၁၉၇၄ ကျောင်းသားဟောင်းရဲဘော်မောင်မောင်တိတ်ကွယ်လွန်ပြီ

၁၉၇၄ ကျောင်းသားဟောင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ABSDFတရားသူကြီးဟာင်း တပ်ရင်း(၂၀၉) လက်ရှိတပ်ရင်း(၃) တပ်ဖွဲ့ ဝင် ရဲဘော်မောင်မောင်တိတ် (ဦးတိတ်) ၊ အသက် ၆၆ နှစ်သည် ၁၁-၉-၁၄ နေလည် ၂နာရီခန့်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

သူ နေထိုင်မကောင်းဖြစ်စဉ် ကျန်းမာရေး စောင့်ရှောက်မှု အား ၀ိုင်းဝန်း
ထောက်ကူခဲ့ကြတဲ့ ဆရာတော် သံဃာအရှင်သူမြတ်များ၊ ခေါင်းဆောင်များ၊ ABSDF ရဲဘော်များ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ စိတ်ပိုင်း ရုပ်ပိုင်း သတင်းမေးကြသူ အကူညီပေးကြသူ အားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်။

မိသားစုဝင်များ နဲ့ ABSDF ရဲဘော်များ

၈၈ ⁄၂၅ ⁄ ဥဒါန်းမကြေ ကတိ



ရဲဘော်ဒေါင်းနီ (ခ) တင်ဦးလွင် ယနေ့ကွယ်လွန်အနိစ္စရောက်သွားသည့်
သတင်းကို ကြားသိရသည့်အတွက် ကျန်ရစ်သူမိသားစု၊ တော်လှန်ရေးရဲဘော်ရဲဘက်များ၊ အနုပညာညီအစ်ကို မောင်နှမများနှင့် ထပ်တူ ကြေကွဲစူးနစ်ရပါသည်။
၈ လေလုံးငွေရတုနှင့် မကဒတ ဖွဲ့ စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက်
ငွေရတု အထိမ်းအမှတ် ဒေါင်းအိုးဝေ သို့ ရဲဘော်ဒေါင်းနီ ပေးပို့ခဲ့သည့်
ကဗျာလေးကို ပြန်လည် ဖော်ပြရင်း ရဲဘော်ဒေါင်းနီသို့ ဂုဏ်ပြုအပ်ပါသည်။

မောင်လွမ်းဏီနှင့် ဒေါင်းအိုးဝေရဲဘော်များ

၈၈ ⁄၂၅ ⁄ ဥဒါန်းမကြေ ကတိ

၂၅နှစ်စာ
အာခံ ဂုဏ်စံပြုမှု
အလံလု သွေးခွဲ
လမ်းလွှဲ မရ
မဖောက် မပြန် လက်နက်မချ
တပ်ဦး သိက္ခာ ကားစင်တင်မရ
သစ္စာ ဘ၀ ပေးဆပ်ကာ တောက်ပ
ဖြစ်တည်ရာက ပုန်ကန်နေကြတယ်။ ။

( မ က ဒ တ ၏ ကြွေလွင့်ရဲဘော်များနှင့်
ရန်ငါ စည်းပြတ်သော ကျန်ရဲဘော်များ အတွက်)

ဒေါင်းနီ ရင်း ( ၂၁၀ )
စောထစခန်း

မဲဆောက်မိုးည


 
အေးမိဖြူရေ
ငါ့ကိုကူစမ်း၊ သားကိုထူစမ်း
တို့လမ်းထဲမှာ
အရုဏ်ဦးဆို
ပိတောက်ပန်းတွေ ပွင့်တော့မယ်။

မောင်လွမ်းဏီ (၁၄ ဧပြီ ၂၀၁၄)

(အမေကွယ်လွန်တဲ့ ဓပြီ ၁၂ ရက် နှစ် ၂၀ ပြည့် သို့)



အညာမြေလတ်က
ဆင်းဆင်းရဲရဲ မိန်းမတစ်ယောက်ရဲ့ 
အလောင်းကို
ရေဆေးကြတဲ့အခါ
အဲဒိ့ မိန်းမကြီးကတော့
သင်္ကြန်ကျပြီ ထင်မှာပဲ။

(အမေကွယ်လွန်တဲ့ ဓပြီ ၁၂ ရက် နှစ် ၂၀ ပြည့် သို့)
;