ပြာမီးခိုး မှုတ်ထုတ်
စက်ဩဥတို့ ဆန်တက်ရာ
အနာတရ နှလုံးအိမ်များ
ငြိမ်ဆိတ်ဖွဖွ လိုက်ပါခဲ့ကြ
မြို့ပြရေ….
နွေဦးကို နွေးထွေးစွာကြိုရော့။ နှစ် လ နေ့ ရက်
ဖော်ပြချက် စာရွက်များ
တနှစ်ထက် တနှစ်
သက္ကရာဇ်အသစ်တွေကို
စစ်ပွဲတွေ ရပ်ပစ်ရေး
ကြွေးကြော်သံတွေပေးခဲ့တယ်။
၉ နှစ်
၁၀ နှစ်လောက် ရှိလုပေါ့
လေနုအေးကား နော့ဆဲပေလား
လေနီကြမ်းကား ရမ်းဆဲပေလား
ရေနံချေးဝ၊ အဖေးထလျက်
ဘ၀အိမ်တိုင်
သမိုင်းဆိုင်ရာ ရုန်းကန်ခြင်း
ယုံကြည်ချက်အား ကြီးပြင်းရင့်မာစေခဲ့ပြီ။
နိုင်ငံရေးသိပ္ပံလည်း
ဇိမ်ခံပစ္စည်း ဖြစ်သွားတဲ့ခေတ်မှာ
မီဒီယာအကြောင်း
ဆပ်ပြာပူပေါင်းတွေကလည်း ဟောပြောလို့၊
ဈေးကွက်စီးပွားရေး
ဆွန်ဇူးသွေးလည်း ရောနှောလို့၊
ပသို့ဆိုစေ
ကမ္ဘာမြေရဲ့ယဉ်ကျေးမှု
လူ့အဖွဲ့အစည်း၊ နန်းရပ်ထီးဖြူ
လူထုလက်က သက်ဆင်း
တို့သီးချင်းနဲ့ တို့မြေ တို့ယာ
တို့ဓားသွားထက်မှာ သေချာရဲ့။
အဖိနှိပ်ခံတဲ့
တော်လှန်ခြင်းနဲ့
ဖွားဘက်တော်ပါအဆွေ
အမွေရ ထားတာ
ဧရာဝတီရဲ့ ခွန်အားတွေပါပဲ။
ကြေးကျွန်၊ နှောင်ကြိုး၊ ကြာပွတ်နဲ့
လွတ်လတ်ခွင့်၊ လူ့ဂုဏ်သိက္ခာ
ဘာကြောင့်များ ဈေးဖလှယ်နေကြ
စက်တင်ဘာ မျက်နှာမည်းညများ
စဉ်းစားရခက်နေတော့တယ်။ ။
စက်ဩဥတို့ ဆန်တက်ရာ
အနာတရ နှလုံးအိမ်များ
ငြိမ်ဆိတ်ဖွဖွ လိုက်ပါခဲ့ကြ
မြို့ပြရေ….
နွေဦးကို နွေးထွေးစွာကြိုရော့။ နှစ် လ နေ့ ရက်
ဖော်ပြချက် စာရွက်များ
တနှစ်ထက် တနှစ်
သက္ကရာဇ်အသစ်တွေကို
စစ်ပွဲတွေ ရပ်ပစ်ရေး
ကြွေးကြော်သံတွေပေးခဲ့တယ်။
၉ နှစ်
၁၀ နှစ်လောက် ရှိလုပေါ့
လေနုအေးကား နော့ဆဲပေလား
လေနီကြမ်းကား ရမ်းဆဲပေလား
ရေနံချေးဝ၊ အဖေးထလျက်
ဘ၀အိမ်တိုင်
သမိုင်းဆိုင်ရာ ရုန်းကန်ခြင်း
ယုံကြည်ချက်အား ကြီးပြင်းရင့်မာစေခဲ့ပြီ။
နိုင်ငံရေးသိပ္ပံလည်း
ဇိမ်ခံပစ္စည်း ဖြစ်သွားတဲ့ခေတ်မှာ
မီဒီယာအကြောင်း
ဆပ်ပြာပူပေါင်းတွေကလည်း ဟောပြောလို့၊
ဈေးကွက်စီးပွားရေး
ဆွန်ဇူးသွေးလည်း ရောနှောလို့၊
ပသို့ဆိုစေ
ကမ္ဘာမြေရဲ့ယဉ်ကျေးမှု
လူ့အဖွဲ့အစည်း၊ နန်းရပ်ထီးဖြူ
လူထုလက်က သက်ဆင်း
တို့သီးချင်းနဲ့ တို့မြေ တို့ယာ
တို့ဓားသွားထက်မှာ သေချာရဲ့။
အဖိနှိပ်ခံတဲ့
တော်လှန်ခြင်းနဲ့
ဖွားဘက်တော်ပါအဆွေ
အမွေရ ထားတာ
ဧရာဝတီရဲ့ ခွန်အားတွေပါပဲ။
ကြေးကျွန်၊ နှောင်ကြိုး၊ ကြာပွတ်နဲ့
လွတ်လတ်ခွင့်၊ လူ့ဂုဏ်သိက္ခာ
ဘာကြောင့်များ ဈေးဖလှယ်နေကြ
စက်တင်ဘာ မျက်နှာမည်းညများ
စဉ်းစားရခက်နေတော့တယ်။ ။
မောင်လွမ်းဏီ
၂၈-၈-၉၇
ဒေါင်းအိုးဝေ အတွဲ (၁) ၊ အမှတ် (၃) ဩဂုတ်လ၊ ၁၉၉၇ ၂၈-၈-၉၇
No comments:
Post a Comment