၈၈ ⁄၂၅ ⁄ ဥဒါန်းမကြေ ကတိ



ရဲဘော်ဒေါင်းနီ (ခ) တင်ဦးလွင် ယနေ့ကွယ်လွန်အနိစ္စရောက်သွားသည့်
သတင်းကို ကြားသိရသည့်အတွက် ကျန်ရစ်သူမိသားစု၊ တော်လှန်ရေးရဲဘော်ရဲဘက်များ၊ အနုပညာညီအစ်ကို မောင်နှမများနှင့် ထပ်တူ ကြေကွဲစူးနစ်ရပါသည်။
၈ လေလုံးငွေရတုနှင့် မကဒတ ဖွဲ့ စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက်
ငွေရတု အထိမ်းအမှတ် ဒေါင်းအိုးဝေ သို့ ရဲဘော်ဒေါင်းနီ ပေးပို့ခဲ့သည့်
ကဗျာလေးကို ပြန်လည် ဖော်ပြရင်း ရဲဘော်ဒေါင်းနီသို့ ဂုဏ်ပြုအပ်ပါသည်။

မောင်လွမ်းဏီနှင့် ဒေါင်းအိုးဝေရဲဘော်များ

၈၈ ⁄၂၅ ⁄ ဥဒါန်းမကြေ ကတိ

၂၅နှစ်စာ
အာခံ ဂုဏ်စံပြုမှု
အလံလု သွေးခွဲ
လမ်းလွှဲ မရ
မဖောက် မပြန် လက်နက်မချ
တပ်ဦး သိက္ခာ ကားစင်တင်မရ
သစ္စာ ဘ၀ ပေးဆပ်ကာ တောက်ပ
ဖြစ်တည်ရာက ပုန်ကန်နေကြတယ်။ ။

( မ က ဒ တ ၏ ကြွေလွင့်ရဲဘော်များနှင့်
ရန်ငါ စည်းပြတ်သော ကျန်ရဲဘော်များ အတွက်)

ဒေါင်းနီ ရင်း ( ၂၁၀ )
စောထစခန်း

No comments:

Post a Comment

;