ရင်ကျိုးအင်း


တောင်ကိုရှောင်တဲ့
အရောင်မဲ့လေ ၊ မဟုတ်ချေ။

တောနေကြာရိုင်း
ပန်းတိုင်းပွင့်စေ၊ ဒီရေမြင့်သစ်
အလှခေတ်ဦး၊ တူးဆွချင်သူ။

အဝေးဆုံးလမ်း
ရွေးချယ်စမ်းတဲ့
ကြမ်းတမ်းသိပ်သည်း၊ မြည်ဟီးပဲ့တင်
ငလျင်လှုပ်ခတ်၊ အနာဂတ်ကို
ပွေ့ဖက်လိုလျက်၊ လမ်းတ၀က်မှာ…။

မြေ၀သုန်က
ဂုဏ်မပြုလည်း
လူထုဆီးကြိုနေမည်သာ။

မောင်လွမ်းဏီ

No comments:

Post a Comment

;