အဖြစ်အပျက်ကတော့
တရက်တမျိုး ဆိုရမလား
တယောက်တမျိုးလို့ ပြောရမလားပါပဲ။
တရက်တမျိုး ဆိုရမလား
တယောက်တမျိုးလို့ ပြောရမလားပါပဲ။
လဲလျောင်းခင်းကျင်းနေပုံများ
အသားဈေးခင်းက
မြင်ကွင်းရိပ်၊ ရောင်စုံမိတ္တူ ။
အသားဈေးခင်းက
မြင်ကွင်းရိပ်၊ ရောင်စုံမိတ္တူ ။
ငိုသံ
ညည်းသံ
အော်သံ
ခေါ်သံ
တရံတထောက်
ပြတ်တောက်မှု မဲ့ရင်မပြော
အတောမသတ်
စက်ရဟပ်သံရှည်၊ ရာသီစက်ဝန်း။
ညည်းသံ
အော်သံ
ခေါ်သံ
တရံတထောက်
ပြတ်တောက်မှု မဲ့ရင်မပြော
အတောမသတ်
စက်ရဟပ်သံရှည်၊ ရာသီစက်ဝန်း။
ဓလေ့ထုံးစံတွေ ကွဲလွဲ
ဘာသာစကားတွေ ကွဲလွဲ
ကိုးကွယ်ရာ ကွဲလွဲ
မွေးရာပါ
ကိုယ် လက် အင်္ဂါ တခုခု
စွန့်လွှတ်ရတဲ့ အဖြစ်ကမူ
ထပ်တူထပ်မျှ၊ တသွေမတိမ်း။
ဘာသာစကားတွေ ကွဲလွဲ
ကိုးကွယ်ရာ ကွဲလွဲ
မွေးရာပါ
ကိုယ် လက် အင်္ဂါ တခုခု
စွန့်လွှတ်ရတဲ့ အဖြစ်ကမူ
ထပ်တူထပ်မျှ၊ တသွေမတိမ်း။
တယောက် ခြေ
တယောက် လက်
တယောက် ကြည့်
ညှိ ချိန် ယှဉ် ထိုး
ကိုယ်ကျိုးတော့
နည်းခဲ့ကြသူတွေချည်းပါ။
တယောက် လက်
တယောက် ကြည့်
ညှိ ချိန် ယှဉ် ထိုး
ကိုယ်ကျိုးတော့
နည်းခဲ့ကြသူတွေချည်းပါ။
“တိုက်ပွဲတွေ မပြီးသေးဘူးလား
မီးတွေ ငြိမ်းပြီလား
ဘယ်သူ ရှုံးလဲ …
ဖိုးခွာတော့
တောင်ယာတဲ တလုံးနဲ့
ခြေတဖက် ဆုံးခဲ့ပြီ အကျော်”။ ။
မီးတွေ ငြိမ်းပြီလား
ဘယ်သူ ရှုံးလဲ …
ဖိုးခွာတော့
တောင်ယာတဲ တလုံးနဲ့
ခြေတဖက် ဆုံးခဲ့ပြီ အကျော်”။ ။
မောင်လွမ်းဏီ
ဒေါင်းအိုးဝေ အတွဲ (၃)၊ အမှတ် (၉)၊ ၁၉၉၆
No comments:
Post a Comment