
ငါတို့ ရဲ့ ကဗျာ
ငါတို့ ရဲ့ တော်လှန်ရေး
ဘာကို ရွေးမလဲ
မောင်လွမ်းဏီကို
မောင်လွမ်းဏီက ပြန်မေးတယ်။
ဟားဗတ် တံထွေးနဲ့ 
ပက်ပက်စက်စက်
နင်ပဲငဆ ထွေးရင်တော့။
သင်ယူခဲ့ရတဲ့
ကဗျာတပုဒ်၊ ကျုပ်လွမ်းမိတယ်။
ငါတို့ ရဲ့ကဗျာ
အတတ်ပညာမဲ့သတဲ့
ပညာတတ်ကြိမ်လုံးနဲ့ 
တအုန်းအုန်း ထုရိုက်တယ်။x
အဘိဓမ္မာ
မမဲ့တာတောင်
အညာသားတွေက
လူကြောင်စာရင်းဝင်သတဲ့လား။
အညာသေးက
တဖြေးဖြေး နံတယ်
ဟားဗတ် တံထွေး
ဘာကွမ်းသွေးလဲ၊ တွေးဆမရ
တသသနဲ့  အိပ်မ၀လို့ ပါ။
မောင်လွမ်းဏီ
၆-၇-၀၉
ကဗျာဆရာမောင်လေးအောင် (ချစ်ဆွေတယောက်က စာရေးဆရာမလေးက ခုလိုရေးရတယ်လို့ ဆိုတော့
သဘောတူလို့ ရယ်။ ပြီးပါစေတွေ မပြီးသေးဘူး ဆိုတာ ယုံလို့ ။)
No comments:
Post a Comment