ကိုယ်စားအဖြစ် အတိတ်ပုံရိပ်များသာ






အိမ်လွမ်းစိတ်တွေလည်း
တိုးတိတ်စွာ သေဆုံးခဲ့ကြရှာ။
အိပ်မက်ပွင့်တို့
မလွင့် မခြောက်၊ မညှိုး မနွမ်း
တောင်ညိုခါးပန်း၊ တောခင်တန်းမှာ။
သဲဝဲစားတဲ့
ဖိနပ်မဲ့စစ်သား
ပြောက်ကျားဝတ်စုံ
ခြုံပတ်နှောင်ကျစ်
ခေတ်ကို တူးဆွရင်းဖြင့်သာ။
အရွယ်နဲ့မမျှ
ဘ၀ကို ထမ်းရွက်ခဲ့ကြသူတွေလေ
ရက်ပေါင်း ငါးထောင်နီးပါး
ခရီးရှည်သွားနေကြဆဲပဲ။
မာရသွန်လမ်းမှာ
အိမ်လွမ်းစိတ်တွေလည်း
တိုးတိတ်စွာ သေဆုံးခဲ့ကြရှာ။
မောင်လွမ်းဏီ
ဒေါင်းအိုးဝေစာစောင်
အတွဲ (၂)၊ အမှတ် (၂)၊ ဩဂုတ်၊ စက်တင်ဘာ၊ ၂၀၀၂

No comments:

Post a Comment

;