ဇာတိရွာထက်
ကမ္ဘာမြေကို မင်းခုံမင်ခဲ့တယ်။
မိုးကောင်းကင်ထက်က
အလံတော်တလက်ကို ချစ်မက်တာ
ရာဇ၀တ်မှုတဲ့လား ကိုရင်။
မင်းအိပ်မက်က
လှပစိမ်းမြ၊ ဂီတသံစဉ်
နွေရင်ပြင်မှာ ပွင့်ခဲ့တာ။
ဂျူးလိယက်ဖူးချစ်ကို
ရူးသွပ်ခဲ့တဲ့ ငါ့သူငယ်ချင်း
ခေတ်တခေတ်ကို
(သူလိုချင်တဲ့ ခေတ်တခေတ်ကို)
တတောင့်ချင်း ပစ်ခတ်ခဲ့တယ်။ ။
မောင်လွမ်းဏီ
ဒေါင်းအိုးဝေ၊ အတွဲ - ၂၊ အမှတ် - ၅
အေဘီအက်စ်ဒီအက်ဖ် ၁၅ နှစ်မြောက် အထူးထုတ်
No comments:
Post a Comment