သူ ပစ်တဲ့မြားက
သူ့ကိုပဲ ပြန်ပြန်ထိ။
အတ္တကိုလည်း ထွေးထွေးပိုက်ပိုက်
မျိုချလိုက်၊ ရွှေရည်စိမ်လိုက်
စီးဆင်းသွားတဲ့မြစ်ရေထဲလည်း
စုန်လိုက်ချင်သေးရဲ့။
အဲဒီလောက် ခမ်းနားချင်လှ
မသထာရေစာကိုတောင် ကျေးဇူးတွေတင်
မသေရုံ ဝေမျှတဲ့
အောက်ဆီဂျင်ကိုလည်း ရှိခိုးဦးတင်။
သူ့ရဲ့ အလုံးစုံသော
ချွတ်ချုံကျမှုတွေမှာ
အသည်းနှလုံးပါ အဆစ်ထည့်သူ။
အစောင့်အကြပ်ထူထူ
ဒုက္ခသည်စခန်းကြီးနဲ့အလားတူ
ထီးထီးမားမား သူဟာ
လွတ်ရာလွတ်ကြောင်း
စာလုံးတွေပေါင်းပေါင်းရေးခြစ်
မြားတွေပစ်ပေမယ့်
သူပစ်တဲ့မြားတွေက
သူ့ကိုပဲပြန်ပြန်ထိ။
မောင်လွမ်းဏီ
ဒေါင်းအိုးဝေစာစောင်
အတွဲ (၂) ၊ အမှတ် (၂) ၊ ဇွန်၊ ဇူလိုင်၊ ၂၀၀၃
No comments:
Post a Comment