ဒါ …
ရာသီပေါ်သီးနှံ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ … ခါတော်မီဝယ်ရောင်း
မဟုတ်ဘူး။
ဒါ …
ဘောလုံးပွဲ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ … လက်ပိုက်ကြည့်နေမှာ
မဟုတ်ဘူး။
ဒါ …
အပေါစား ရုပ်ရှင် မဟုတ်ခဲ့တဲ့အတွက်
ငါတို့ … အလကားအချိန်ကုန်ခံနေတာ
မဟုတ်ဘူး။
ဒါ …
ကိုယ်ရေးကိုယ်တာ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ … လူဖြစ်ရှုံးခံမှာ
မဟုတ်ဘူး။
ဒါ …
မိရိုးဖလာ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ … ကိုးကွယ်နေမှာ
မဟုတ်ဘူး။
ဒါ …
မိုးပြိုနေတာပ
ရင်နဲ့ကာရုံကလွဲလို့
ငါတို့ရဲ့ 
အိပ်မက်တွေကပဲ
မြေကြီးလက်ခတ် မလွဲတော့တယ်။
ရာသီပေါ်သီးနှံ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ … ခါတော်မီဝယ်ရောင်း
မဟုတ်ဘူး။
ဒါ …
ဘောလုံးပွဲ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ … လက်ပိုက်ကြည့်နေမှာ
မဟုတ်ဘူး။
ဒါ …
အပေါစား ရုပ်ရှင် မဟုတ်ခဲ့တဲ့အတွက်
ငါတို့ … အလကားအချိန်ကုန်ခံနေတာ
မဟုတ်ဘူး။
ဒါ …
ကိုယ်ရေးကိုယ်တာ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ … လူဖြစ်ရှုံးခံမှာ
မဟုတ်ဘူး။
ဒါ …
မိရိုးဖလာ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ … ကိုးကွယ်နေမှာ
မဟုတ်ဘူး။
ဒါ …
မိုးပြိုနေတာပ
ရင်နဲ့ကာရုံကလွဲလို့
ငါတို့ရဲ့ 
အိပ်မက်တွေကပဲ
မြေကြီးလက်ခတ် မလွဲတော့တယ်။
မောင်လွမ်းဏီ
လူ့ဘောင်သစ် ဂျာနယ်
အတွဲ ၈ အမှတ် ၁
နိုဝင်ဘာလ ၂၀၀၃ ခုနှစ်
လူ့ဘောင်သစ် ဂျာနယ်
အတွဲ ၈ အမှတ် ၁
နိုဝင်ဘာလ ၂၀၀၃ ခုနှစ်
No comments:
Post a Comment