အရောင်းသွက်ဒဿန

နေ့စွဲဂဏန်းမပါတဲ့
မှတ်တမ်းမှတ်ရာတခု
ပြုစုကြသူလည်းရှိတယ်။

အသိပညာ
အနုံအနနဲ့
အဘိဓမ္မာ
ခြုံကြသူလည်းရှိတယ်။

ကြွေးကြော်သံအသစ်နဲ့
သမိုင်းရေစီးကြောင်းကို
ပြောင်းလဲနိုင်သူတွေ ရှိခဲ့ပါသလား။

လက်ညှိုးတချောင်းနဲ့
သမိုင်းရေစီးကြောင်းကို
ပြောင်းလဲနိုင်သူတွေ ရှိခဲ့ပါသလား။

မီဒီယာနဲ့ အိုင်တီခေတ်မှာ
ရေပေါ်ဆီတွေကတော့
နေရာအကျဆုံးပဲ။

No comments:

Post a Comment

;