ရတောင့်ရခဲ တောင်တန်းများ

မဟူရာလမ်းကို
အဖြူအစိမ်းနဲ့
လွှမ်းခြုံသုတ်လိမ်းတဲ့အခါ
အနီရောင်စာမျက်နှာတချို့
သမိုင်းကို လေးညှို့တင်။

တိုက်စားခံရတဲ့
နှစ်ကာလ
အရောင် အရွယ် အရိပ်
အိပ်မက်
တသက်မက
ဝလင်ဖူလုံတဲ့ ဝမ်းစာ။

“ဒဏာရီဖြစ်သွားတာ
ကြာခဲ့ပြီကော” တဲ့
ငါတို့သဘောထားမဟုတ်ပါ
ဒါကို
သြဂတ်စ်လမ်းမကြီးတွေက
ကြမ်းရှခါးသီး ရှည်ခဲ့ရဲ့။


မောင်လွမ်းဏီ (၂၅၊ ၇၊ ၂ဝဝ၆)

No comments:

Post a Comment

;