အိမ်လွမ်းစိတ်တွေလည်း
တိုးတိတ်စွာ သေဆုံးခဲ့ကြရှာ။
အိမ်မက်ပွင့်တို့
မလွင့် မခြောက်၊ မညှိး မနွမ်း
တောင်ညိုခါးပန်း၊ တောခင်တန်းမှာ။
သဲဝဲစားတဲ့
ဖိနပ်မဲ့စစ်သား
ပြောက်ကျားဝတ်စုံ
ခြုံပတ်နှောင်ကျစ်
ခေတ်ကို တူးဆွရင်းဖြင့်သာ။
အရွယ်နဲ့မမျှ
ဘဝကို ထမ်းရွက်ခဲ့ကြသူတွေလေ
ရက်ပေါင်း ငါးထောင်နီးပါး
ခရီးရှည်သွားနေကြဆဲပဲ။
မာရသွန်လမ်းမှာ
အိမ်လွမ်းစိတ်တွေလည်း
တိုးတိတ်စွာ သေဆုံးခဲ့ကြရှာ။
No comments:
Post a Comment