သံတူကြောင်းကွဲ














ကျွန်းပင်ရင်းက
မှတ်မှတ်ရရ အဖြစ်။

သံလွင်ကမ်းက
ထာဝရ ရုပ်ပုံ။

ပင်လယ်ပြင်က
တသခြင်း စကားစု။

ထင်းရှူးကြောက
တောပန်းဝေတဲ့နွယ်။

မယ်ညောခီးက
အထီးကျန် အလင်္ကာပွင့်ဖတ်။

မုတ်သုံလာပြီ
ရာသီကိုကြည့်၊ သတိလည်းထား
ရထားဖြစ်လား၊ ရထားဖြစ်လား
ဝါးပေါက်သံတွေ ကြားနေတယ်။
နွားခလောက်သံလည်း ကြားနေတယ်။     ။ 

မောင်လွမ်းဏီ
ဒေါင်းအိုးဝေ အတွဲ (၃)။ အမှတ် (၆)၊ ၁၉၉၄

No comments:

Post a Comment

;