မျိုးဆက်သစ် ပကာသဏီ

ဒါ ....
ရာသီပေါ်သီးနှံ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ .... ခါတော်မီဝယ်ရောင်း
မဟုတ်ဘူး။

ဒါ ....
ဘောလုံးပွဲ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ .... လက်ပိုက်ကြည့်နေမှာ
မဟုတ်ဘူး။

ဒါ ....
အပေါစားရုပ်ရှင် မဟုတ်ခဲ့တဲ့အတွက်
ငါတို့ ... အလကားအချိန်ကုန်ခံနေတာ
မဟုတ်ဘူး။

ဒါ ...
ကိုယ်ရေးကိုယ်တာ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ ... လူဖြစ်ရှုံးခံမှာ
မဟုတ်ဘူး။

ဒါ ...
မိရိုးဖလာ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ ... ကိုးကွယ်နေမှာ
မဟုတ်ဘူး။

ဒါ ...
မိုးðပိနေတာပ
ရင်နဲ့ကာရုံကလွဲလို့
ငါတို့ရဲ့
အိမ်မက်တွေကပဲ
မြေကြီးလက်ခတ် မလွဲတော့တယ်။
မွေ့လျော်တေး

သွေးနဲ့တိုက်၏
ယနေ့ထိတိုင်၊ ခိုင်မာကျစ်လစ်။

အနာဂတ်ရဲ့
ပစ်မှတ်သေထဲ၊ သူရဲကောင်းတွေ
ခြေရာချန်ရစ်၊ ခေတ်ကိုပြဌာန်း။

စွေးသစ်အရုဏ်
ထွေးရစ်ခြုံလျက်
ပုန်ကန်ရက်များ၊ ဘဝခါးလည်း
သစ္စာကိုစား အားရှိသည်။


၂၁၊ ၆၊ ၉၉

No comments:

Post a Comment

;