မြန်မာပြည်မှာ လူဖြစ်သည်

သမိုင်းနောက်ခံ၊ အချူပ်အချာ၊ လွတ်လပ်ခွင့်၊ အမွေ
မြေယာ၊ ဘာသာစကား၊ စပါး၊ ဓား၊ တို့သား တို့သွေး၊ အရေးတော်ပုံ
တောင်ပုံ ယာပုံ ဝေါဟာရ၊ ပုဂံ.... ပင်းယ... အင်းဝ မှ ... အစရှိသည်။

ခေတ်တွေကို ဆင့်ပေးနေကြ၊ေºကွးကြော်သံ အသစ်စက်စက်များဖြင့်
အသက်တွေ တနင့်တပိုး ပုံအောချကျွေး
ပြည်ထဲရေးမှတ်တမ်း၊ ရာဇဝင်ခန်းများသည်လည်းကောင်း။

ရံဖန်ရံခါကြားရ
“ထွဋ်မြတ်တဲ့စံဌာနီ၊ လွတ်လပ်တဲ့မြန်မာပြည်”
ခုတော့ ...သခင်အောင်ဆန်းပြောခဲ့တဲ့ ဖာတိုင်းပြည်။

ဒီပြည် (ပြေ) မှာ ကျွန်ခေတ်ဆုံးပြီလား
ဒီမြေမှာ နွံနစ်တုန်းပါကို။

တိုင်းနိုင်ငံမဲ့သူတွေ
နာကျည်းကြေကွဲ ပြောပြရှာ၊ နှစ်ငါးဆယ်စာချုပ်ကြီး
ပြည်တွင်းစစ်မီးရောင်နဲ့ ဖတ်ရတယ်။ ။


မောင်လွမ်းဏီ (၁ - ၁ - ၉၈)

2 comments:

  1. လျှပ်​စစ်​မီးနဲ့ ဖတ်​လိုက်​သည်​။

    ReplyDelete
  2. လျှပ်​စစ်​မီးနဲ့ ဖတ်​လိုက်​သည်​။

    ReplyDelete

;