ဘင်ထုသံကြား
ဖဝါးယားပြီ
ပြေးလွှားတိုးဝှေ့ နေရာယူ။
ေ¹မွကို ကိုင်ပြ
ပါးစပ် ဟလျက်၊ ရင်မ သဲဖို။
ခွက်ထဲက ဖား
ငှက်ဖြစ်သွားတော့၊ အားရပါးရ
ဟားတိုက်ရယ်မော၊ သောသောရယ်ညံ။
သေတ္တာထဲက
လှပ လုံမ၊ လွှနဲ့ ခါးဖြတ်
ရင်သပ်±ှုမော၊ အံ့သြတကြီး။
လက်ဖွဲ့ အဆောင်
သိဒ္ဓြွိအောင်ပွား
အိမ်ခေါင်မှာချိတ်၊ အောင်အတိတ်နဲ့
အိပ်မက်နိမိတ်ကောက်မလား။
ငွေစက္ကူစ
ပူဇော်သသည်၊ ဤတချီ၌။
တော်လှန်ရေးနဲ့
မျက်လှည့်ဝိုင်းကား
ကွဲပြား ခြားနားလှပါသည်။
No comments:
Post a Comment