မင်းတို့ဉာဏ် တထွာတမိုက်ကိုလ

(၁)
တိမ်တွေနဲ့ ပြေးရတာ
ဖြစ်တယ်။

တောင်တွေနဲ့ တိမ်ညွန့်စားရတာ
ဖြစ်တယ်။

တောတွေနဲ့ တောင်သီချင်းဆိုရတာ
ဖြစ်တယ်။

ပြောက်ကျားခြေထောက်နဲ့ တောခြောက်ရတာ
ဖြစ်တယ်။

လူထုအားနဲ့ ပြောက်ကျားဖြစ်ရတာ
ဖြစ်တယ်။

ဖြစ်တဲ့ဘဝ
ဖြစ်တဲ့အနေ
သူပုန်ဖြစ်တဲ့ ကျောင်းသားတွေ။

(၂)
ဒေါင်းယောင်ဆောင်တဲ့
ကျီးတကောင်လား၊ ကျီးကလောင်လား
ယောင်ယောင်မှားမှား
အသိဝိုးဝါး၊ မသိဆိုးရွား
တရားမဲ့ပုံ၊ ချာချာနုံနုံ
တွေးပုံ ရေးပုံ
ချဉ်းကပ်ပုံကို တွေ့သောခါ။

ဝိဓူရဇာတ်
အမှတ်ရမိ
တော်လှန်ည၏ ကြယ်ရောင်အောက်။

No comments:

Post a Comment

;