ညိုအေးရီ

















ဝါးရုံရိပ်က
အိမ်မက်ပြတင်း လမင်းဖွင့်ရင်
ငေးရီချင်တဲ့
အလှဗေဒနဲ့ ညိုအေးရီ။

တောင်ယာတောက
သောကရှိုက်သံ ခံစားစာနာ
ကဗျာထုဆစ်
ခေတ်ပြိုင်ချစ်တဲ့ ညိုအေးရီ။

တောအုပ်လယ်မှာ
သူငယ်လုလင် တူမီးပြင်ကာ
မိခင်ပျောက်သား ပြေးနှင်သွားပြီ
စစ်ချီသံအလား ညိုအေးရီ။

လင်ဆုံးပါး၍
ချုံးချဟစ်ငို သားကိုဆွဲငင်
ကောက်ရိုးမျှင်အလား
ကြင်နာတတ်သော ညိုအေးရီ

ရွာတောင်ချောင်းက
မိန်းမအလောင်း နားတောင်မရှိ
အ၀တ်မရှိ
မကြည့်ရက်စရာ အနိဌာ တဲ့
သင်္ခါရလား ညိုအေးရီ။

ညိုအေးရီ
ဒီမနက်
မျက်နှာထားထန်ထန် ခြေသံပြင်းပြင်း
သီချင်းသံဆိတ် နှုတ်ပိတ်ရေငုံ
မင့်ရုပ်ပုံကို
ယုံကြည်ရခက် တွေးရခက်ပေါ့
ရွာပျက်စိတ်ကုန်သွားပြီလား။ ။

မောင်လွမ်းဏီ

ဒေါင်းအိုးဝေ အတွဲ (၃)၊ အမှတ် (၅)၊ ၁၉၉၅

No comments:

Post a Comment

;