သိုးကျောင်းချိန်


သိုးတွေက
ကဗျာ မရေးဘူး။

သိုးတွေကို
အဖြူရောင်ဆိုးးတော့
ပိုးသားအိပ်မက်နဲ့ 
သိုးတွေ တိတ်တယ်။

မည်းမည်းမြင်ရာ
အမဲလိုက်နေကြတာပေါ့
သိုးကတော့
လည်စင်းခံပေးတဲ့အထိ ရိုးအတယ်။

သိုးတွေအကြောင်းက
ပြောရ ဆိုရ၊ မကောင်းပါဘူး
စိတ်ထောင်းကိုယ်ကြေ ဖြစ်လွန်းလို့ ။

ဟိုရွာရိုးမှာ
သိုးကျောင်းသားလေး
သူဌေးအလာ စောင့်နေရှာ။ ။

မောင်လွမ်းဏီ
၃၀ - ၈ - ၂၀၁၂

No comments:

Post a Comment

;