ဂလိုဘယ်မျက်ရည်














ဤပုံကို

ကြည့်ပါ

အဝေးကပင် မြင်နိုင်ပါသည်။


ဒီပုံကို

ကြည့်ပါ

ဝါရှင်တန် မက

နိုင်ငံတကာကပါ မြင်နိုင်ပါသည်။

အဲဒီပုံက

ဆုယူနေတဲ့ပုံပါပဲ

တောင်းဆုတွေ

တောင်းပန်ပြီး ယူနေတဲ့ပုံပါပဲ။

ရင်ကွဲပက်လက်၊ ဆုလက်ခံယူ

ထမီစွန်တောင်စွဲပါလို့  ငိုကြီးချက်မ ပွေ့ ကာယူ

လက်အုပ်ချီမိုး၊ ရှိခိုးပါလို့ ငိုကာယူ

လွမ်းပင်လယ်ထွန်းလောက်အောင်ပ ငိုရှိုက်ကာယူ။

ကျူးကျော်သူ အိမ်မြေမဲ့လေလည်း

ဒီဆုတော့ယူ။

မောင်လွမ်းဏီ
၂၂ - ၉ - ၂၀၁၂

No comments:

Post a Comment

;