လာပါ
လာလေ
လာကြပါ ဟေ့။
တောင်တကွေ့ မှာ
ထောင်နေ့ ရက်စွဲ
အသည်းနဲ့  ထစ်၊ ရေးခြစ်ခဲ့မယ်။
ဆည်းဆာ တိမ်တောက်
တောင်ညိုပျောက်မှ
နှမလိပ်ပြာ၊ မုံရွာ သောင်ဆိပ်
အိပ်စက်စောင့်စားမှာပါကို။
မအေးနက်
ညဥ့်နက်နေပြီ။
မအေးနက် အရုဏ်တက်ပကော။
လာပါ
လာလေ၊ လာကြပါ ဟ
အိပ်မက်တနိုး၊
မိုးစပြူလင်း ပြတင်းဖွင့်စဉ်။
ကြေးနီတောင်မှာ
ကဗျာတွေလည်း ရှိတယ်မောင်။ ။
မောင်လွမ်းဏီ
၂၇ - ၁၁ - ၂၀၁၂
No comments:
Post a Comment