155 - အာအက်ဖ်အေ သောတရှင်များခင်ဗျား
တလောလေးကပဲ ဖုတ်ဖရနယ်မှာ
နေထိုင် လုပ်ကိုင်နေကြတဲ့
မြန်မာရွေ့ ပြောင်း အလုပ်သမားတွေရဲ
့လှုမှုဘ၀ပုံရိပ်တွေကို လက်လှမ်းမီသရွေ
့တင်ပြခဲ့ပါသေးတယ်။ ဖုတ်ဖရပတ်ဝန်းကျင်
ဆက်စပ်မှု အနေအထားတွေအရ ဖုတ်ဖရနယ်အစမှာ
ဆအိုလို့ အမည်ရှိတဲ့ တိုက်နယ်အဆင့်
ကျေးလက်မြို့ ပြတခု ရှိပါတယ်။
ကျေးလက် အသွေးနဲ့  ပျိုးခြံ
စိုက်ခြံတွေနဲ့  စိမ်းလန်းနေသလို
လျှပ်စစ်မီး ထိန်ထိန်ငြီးနေလေ
တော့ မြို့ ပြအရောင်ကလည်း
ဝင်းလက်တောက်ပနေတဲ့အတွက်
ကျေးလက်မြို့ ပြ လို့  ပြောပြချင်တာပါ။
ဆအိုနဲ့  မဲဆောက်နဲ့ က ကီလိုမီတာ
၃၀ ပဲ ဝေးကွာပါတယ်။ ထိုင်းတောင်ပေါ်သားတွေလို
့ပြောကြတဲ့ မုံးလူမျိုးတွေ
အခြေချနေထိုင်ကြတဲ့ အရပ်
ဒေသပါ။ သပ်ယပ်တဲ့ထိုင်းအိမ်ယာပုံစံမျိုးတွေနဲ
့အိမ်ခြေ ၃၀၀၀ ကျော် ရှိသလို
မုံးလူမျိုးတွေရဲ့ တောင်ယာခင်းတွေနဲ
့ စိုက်ပျိုးခြံတွေနဲ့  အနီးပတ်ဝန်းကျင်မှာတော့
မြန်မာရွေ့ ပြောင်းအလုပ်သမား
၁၀၀၀၀ နီးပါး နေထိုင်လုပ်ကိုင်နေကြတာပါ။
ဖုတ်ဖရနဲ့ နယ်မြေတဆက်တစပ်တည်း
ဖြစ်တာကြောင့်လည်း မြန်မာဘက်ခြမ်းက
ဝလေနဲ့ လည်း မျက်နှာချင်းဆိုင်နေတယ်လို
့လည်း ပြောရင်ရပါလိမ့်မယ်။
ဖုတ်ဖရက အလုပ်သမားမိသားစုတွေနဲ
့ ဆအိုက အလုပ်သမားမိသားတွေဟာ
မတိမ်းမယိမ်း လေးပဲ ကွဲလွဲခြားနားတာ
ရှိပါတယ်။ လူမှုဘ၀၊ လုပ်ငန်းခွင်
သဘာဝ၊ လုပ်ခလစာ စတာတွေဟာ အမြင်မှာ
တူညီသယောင်ရှိပေမဲ့ အတွင်းသရုပ်မှာတော့
မတူညီတာ လေးတွေကို တွေ့ ရပါတယ်။
အခြေခံကို ပြောရမယ်ဆိုရင်
ဖုတ်ဖရဒေသမှာ မြန်မာ ရွေ့ ပြောင်းအလုပ်သမားတွေဟာ
ထိုင်းနိုင်ငံသား မျော့လူမျိုးတွေရဲ
့ တောင်ယာနဲ့  စိုက်ပျိုးခြံတွေမှာ
လုပ်ကိုင်နေကြရသလို ဆအိုမှာရှိတဲ့
မြန်မာအလုပ် သမားတွေ ကတော့
ထိုင်းတောင်ပေါ်သား မုံးလူမျိုးတွေရဲ
့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ
နေထိုင်လုပ်ကိုင်နေကြတာပါ။
သို့ ပေမဲ့ ဆင်းရဲမွန်းကျပ်မှုကတော့
အတူတူနဲ့  အနူနူ လို့ ဆိုရမလား
ခေါင်းနဲ့ ပန်းလို့  ပြောရမလားပါပဲ။
ဆအိုနယ်ကို လာရောက်အခြေချနေထိုင်လုပ်ကိုင်ေ နသူအများစုဟာ
မွန်ပြည် နယ်၊ သထုံနယ်ဘက်ကနဲ
့ ကရင်ပြည်နယ် ကော့ကရိတ်နယ်က
လူတွေ ဖြစ်ကြပါ တယ်။ တချို
့အလုပ်သမားမိသားစုတွေဟာ အနှစ်
၂၀ ကျော်ပြီဆိုတော့ သူတို
့ တွေ ရဲ့ သားသမီးတွေဆိုရင်လည်း
တပင်လဲလို့ တပင်ထူသူတွေတောင်
ရှိနေကြပါပြီ။ ထူးခြားတာကတော့
နာဂစ်မုန်တိုင်းတိုက်ခတ်အပြီးမှာ
မြစ်ဝကျွန်းပေါ် ကျေးလက် ပိုင်းက
မိသားစုတွေနဲ့  လောလောလတ်လတ်
ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်
ပဋိပက္ခ ဖြစ်ပြီးနောက်ပိုင်း
ရခိုင်တိုင်းရင်းသားမိသားစုတွေ
အများအပြား ရောက်ရှိလာကြ
တာကို တွေ့ ရပါတယ်။ ဒီလိုသဘာဝဘေးဒဏ်တွေ၊
ပြည်တွင်းစစ်နဲ့  ပြည်ထဲရေး
အရေးအခင်းတွေကြောင့် အရပ်သားပြည်သူလူထုတွေဟာ
ရေကြည်ရာ မြက်နုရာကို ထွက်ခွာကျင်လည်ကြရတာဟာလည်း
ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ
့ တပြိုင်နက် တည်း စဉ်းစားသုံးသပ်စရာတွေ
ဖြစ်လာနေတယ် မဟုတ်ပါလား။
ဆအိုနယ်ရဲ့  အဓိက ပင်မစီးပွားရေးလုပ်ငန်းက
ခေတ်မီစိုက်ပျိုးရေးလုပ်ငန်း
ပါပဲ။ ထိုင်းလို လွေ လို့ ခေါ်ပြီး
မြန်မာလို မုန့် ညင်းဖြူ၊
ငရုတ်သီး၊ အာလူး၊ ခရမ်းချဉ်သီးနဲ
့ နှင်းဆီကို စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။
မျိုးစပ်စိုက်ပျိုးရေးမှာ
နံမည် ကျော်တဲ့ ချင်းမိုင်ဘက်နဲ
့အပြိုင် လုပ်ကိုင်နိုင်တာကတော့
သစ်ခွမျိုးစပ်ခြင်း၊ ပန်း
ဝတ်မှုံကူးခြင်း၊ ဘွန်ဆိုင်းပျိုးခြင်း၊
စားပင်သီးပင် မျိုးဖောက်ခြင်း
လုပ်ငန်းတွေပါပဲ။ ဒီလုပ်ငန်းတွေ
အားလုံးဟာ စိးပွားဖြစ် လုပ်ကိုင်ကြတာဖြစ်ပြီး
မဲဆောက်၊ ဆအို၊ ဖုတ်ဖရကနေ
ဘန်ကောက်၊ ဘန်ကောက်မှတဆင့်
နိုင်ငံရပ်ခြားကို ပို့ ကုန်အဖြစ်
တင်သွင်းတဲ့အထိ အဆင့်မြင့်လုပ်ကိုင်ကြတာပါ။
တိုးတက်တဲ့ အမြင်ရှိတဲ့ လူငယ်
တချို့ ကတော့ မျိုးစပ်ခြင်းနည်းပညာကို
ရအောင်သင်ယူလေ့လာကြပြီး ပြည်တွင်းကို
ပြန်သွား လုပ်ကိုင်သူတွေလည်း
ရှိလာနေပါတယ်။ မုံးလူမျိုးလုပ်ငန်းရှင်တွေထံမှာ
လုပ်ကိုင်ကြသူတိုင်း လုပ်ခကို
နေ့ တွက်လပေးမဟုတ်ကြပဲ နေ
့စားနေ့ ချင်းရှင်းပဲ လုပ်ငန်းရှင်တွေက
ပေးချေပါတယ်။ အရင်းခံ အကျဆုံးပြဿနာကတော့
အလုပ်သ မားမိသားစုဝင်တွေရဲ
့ ဆယ်ကျော်သက်နဲ့  ၈ နှစ် ၉
နှစ် ၀န်းကျင် ခလေးသူငယ်တွေ
ပါပဲ။ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့
ရွေ့ ပြောင်းမြန်မာ အခြေခံမူလတန်း
ကျောင်းလေးတွေရှိပေမဲ့ ကျောင်းမတက်သူ၊
တက်ချင်ရက်နဲ့ ကျောင်းမတက်နိုင်သူ၊
ကျောင်းတက်နေရင်းက စကောစကနဲ
့ ကျောင်းထွက်ရသူ စတဲ့ ခလေးသူငယ်
တွေရဲ့  တောင်ယာခင်းနဲ့  စိုက်ခင်းပျိုးခင်းထဲမှာ
ထွေးရောယှက်တင် မြင်ကွင်းတွေကို
တွေ့ မြင်ခဲ့ရင် ကမ္ဘာလှည့်
မြန်မာလှည့်တွေ ဆွံ့ အသွားမှာ
သေချာပါတယ်။ မြန်မာရွေ့ ပြောင်းအလုပ်သမား
လေ့လာဆန်းစစ်သူတွေရဲ့ အဆိုအရ
ဆအိုနယ်မှာ အသက် ၁၅ နှစ်အောက်
မြန်မာခလေးသူငယ်တွေဟာ ၈၀၀
နီးပါးရှိပြီး ၈ နှစ် - ၉ နှစ်အရွယ်ခလေးတွေက
၂၀၀ ကျော် ရှိတယ်လို့  သိရပါတယ်။
ဒီခလေးတွေကို လုပ် ငန်းရှင်မုံးတွေက
တအားခိုက်တယ်လို့  ပြောရမယ်
ထင်ပါတယ်။ မိဘလုပ်သူတွေ
ခလေးတွေကို ခေါ်မလာရင် ငြူငြူဆူဆူလုပ်ပြမယ်။
အလုပ်မပေးချင်တဲ့ အမူအယာ
ပြမယ်။ ဒီတော့ ထုံးစံအတိုင်း
မိဘတွေက ခလေးတွေကို ကျောင်းမတက်ခိုင်းတော့ပဲ
တောင်ယာမြောင်းဘောင်ပေါ် တက်ခိုင်းရတာ
မိရိုးဖလာလို ဖြစ်လာပါတယ်။
ခလေး တွေကို အသုံးပြုချင်တဲ့
အကြောင်းရင်းကတော့ လုပ်ခက
မုန့် ဘိုးပဲဘိုးပဲ ပေးရတာ
ကိုး။ အာလူးရွေး၊ မုန်လာစည်း၊
ငရုတ်သန့် ၊ ပိုးသတ်ဆေးဖြန်း၊
ပန်းပင်ရေလောင်း ဆိုတဲ့ အပေါ့စား
အလုပ်ဆိုပေမဲ့ အရွယ်နဲ့ မညီ၊
ရာသီနဲ့ မမျှ လုပ်နေကြရတာပါ။
ခလေးတွေက အရာရာကို သိမ်ငယ်ကြောက်လန်
့နေရတဲ့အတွက် မော်မကြည့်မိ
အောင် ခိုင်းတာကိုပဲ ပြီးအောင်စီးအောင်
လုပ်ကြရပါတယ်။ ကုန်ကုန်ပြောရရင်
ခလေးတွေ ကျောင်းပိတ်ရက်ဆိုရင်တောင်
ပြောင်းဖူးတော့ ချိုးရမယ်ဆိုတဲ့
အမိန့်  ထုတ်ထားသလိုပါပဲ။
အထူးသဖြင့် ဖုတ်ဖရ၊
ဆအိုအရပ်တွေဟာ ခလေးခိုးမှု၊
ဖြားယောင်းသွေး ဆောင်မှု၊
လူကုန်ကူးမှု၊ မိန်းခပျိုရောင်းဝယ်မှု၊
မူးယစ်ဆေးဝါး ဖောက်ကားမှု
စတဲ့ ဒုစရိုက်လုပ်ငန်းတွေ
ပြွမ်းတီးနေတာကြောင့် နေတတ်မှ
မသေ၊ ရေတတ်မှ ငွေ လို့  ဆိုရမှာပါ။
မြန်မာရွေ့ ပြောင်းအလုပ်သမားတွေအဖို
့ကတော့ တနေ့ ၊ နေ့ စားလုပ်ခ
၁၄၀ နဲ့  မုံးသူဌေးမျက်နှာကြည့်နေရ၊
မုံးသူဌေးလက်က မချတဲ့ တူမီးသေနတ်ကို
စိုးရွံ့ ရနဲ့ ပဲ အရွယ်ရောက်လာတဲ့
သားသမီးတွေကို စိတ်မောလူမော
စောင့်ရှောက် နေရတဲ့ သံသရာက
လွတ်မြောက်စေနိုင်မဲ့ ခေတ်ကိုတော့
ရောက်လာလိမ့်မယ် ထင်ပါတယ်။
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မောင်လွမ်းဏီ
၁၆ - ၁ - ၂၀၁၃
No comments:
Post a Comment