ဓာတ်ပုံတွေရေးတဲ့ကဗျာများ - ၁၃


ဦးဇင်းလေး
နိုင်ငံတော်သီချင်း ဆိုရမဲ့နေ့ဆို
ဟိုမှာ တွေ့ လား
သားတို့ ကျောင်းကို ဖြိုနေတယ်ဘုရား။

အဖေနဲ့ အမေက
ဒီနေ့မှပဲ
မြို့ ထဲသွား အလုပ်ဆင်းရတယ်
ထမင်းဝယ်လာပါစေ ဦးဇင်း။

ဗာလနံကို
အံတိုတဲ့အထိ မကြည့်ချင်ဘူး
အရူးကောင်းစား တစ်ညသားပေါ့
သားတို့ သမီးတို့ သွားစို့ကွယ်။

လမ်းသည်ကျယ်၏
လမ်းသည်ရှည်၏
လမ်း၏ မျက်နှာပြင်သည် ညီညာသည်
သို့သော် လမ်းမပေါ်တွင် စိုးကျော်တစ်ယောက်ထဲ။
(မောင်သာရ)

မတ်တပ်ရပ်လို့ လမ်းမှာငို
ထိုဝတ္ထုလို။

မောင်လွမ်းဏီ
၎ - ၂ - ၂၀၁၃

No comments:

Post a Comment

;