လက်ဖျစ်တတွတ်
အနှစ်နှစ်ဆယ်ကျော်၊
တသက်တာ ဘဝမှာ
တခါဆို ဆိုသလောက်
တောက်လောင် ကျွမ်းမြိုက်ခဲ့တာလေ။
မြစ်တွေ လှိုင်းထန်ခဲ့ကြ
ချောင်းတွေ နက်ရှိုင်းခဲ့ကြ
တောင်တွေ မြင့်မောက်ခဲ့ကြ
ယာမြေတွေ ခက်ထန်ခဲ့ကြ
မွတ်ဆာမှုတွေ ကန်းကုန်ခဲ့ကြ
မျှော်လင့်ချက်တွေ လင်းလက်ခဲ့ကြ။
ဒါတွေ အားလုံး
ရာဇဝင်ရေးထုံး ဖြစ်ခဲ့ပေါ့။
သမိုင်းလူသုံးကုန်ဖြစ်ခဲ့ပေါ့။
ခေတ်ကို ထုဆစ်ရာမှာ
ခေတ်ကို တူးဆွရာမှာ
ချစ်တာပဓာနလောက်နဲ့ 
ကောက်ခါငင်ခါ တအိုးတအိမ် မဖြစ်နိုင်ဘူးလေ။
ရေကြည်သောက်ချင်ရင်
ရေနောက်ကို မကြောက်နဲ ရဲဘော်တဲ့၊
လက်ဖျစ်တတွတ်ဆိုတာလည်း
အနှစ် နှစ်ဆယ် ကျော်နိုင်တာပဲလေ။
မောင်လွမ်းဏီ
၂၂-၇-၂၀၁၀
၂၂-၇-၂၀၁၀
No comments:
Post a Comment