တသက်ဘဝ
ရှင်းတမ်းမှာ
ရက္ခအလင်းတန်းဆိုတာ
အမျိုးဘာသာ၊ သာသနာအကျိုး
ထမ်းပိုးသယ်ရွက်ဆောင်နေတာ။
အမြင်ကျဉ်းတဲ့
အလင်းမဟုတ်၊ အမှောင်ခွင်းတဲ့
လတစင်းနှယ်
ပင်လယ်တေးသံ ကြားမှာပါ။
မုန်တိုင်းကြောင့်လည်း
ဖရိုဖရဲ၊ ပြိုကွဲတာလည်း
ခံရဲတယ်။
ဖိနှိပ်မှုကို
အံတုအမြဲ၊ အသည်းမငယ်
ရခိုင်နယ်က အလင်းတန်း။
သွေးကဗျာတပုဒ်၊
ထွေးအံထုတ်တော့
ကျွန်ုပ်ရင်ထဲ၊ မြဲတဲ့သစ္စာ
သံသရာဆုံး၊ ဘ၀ရှုံးစေ
အမုန်းကြောင့်ဖြစ်၊ ဖြစ်တဲ့စစ်တွေ
အလင်းတန်းကြောင့် ငြိမ်းချမ်းစေ။ ။
မောင်လွမ်းဏီ
၁၃ - ၉ - ၂၀၁၁
No comments:
Post a Comment