အောက်ဈေး










ဈေးကစားခဲ့တယ်
လို့ များ ထင်ရက်တယ်
တရက်ထဲပဲ၊ ဒီတရက်ထဲပဲ
အကြီးအကျယ် အရှုံးကြီး ရှုံးတာ။

ဘ၀တွေနဲ့  ပုံအော
ထပ်လောင်းခဲ့တာ
ယုံကြည်စရာ ဒီ့ထက်
ဘာရှိအုန်းမှာလဲ။

သူ့ ချိန်ခွင်က
ပျံကျဈေးခေါင်းရုံးကထက်
သမာဓိ
ရှိပုံ။



ရဲရဲပစ် ယုံ
ရာခိုင်နှုန်းပြည့် ယုံ။


အတိုးကြီးကြီးနဲ့ 
ပေါင်နှံထားတဲ့
ကံဇာတာတွေကိုရော
ပြန်ရနိုင်မလား။


ဈာပနပြီးရင်
အမွေလုမနေပါနဲ့ 
သေသော်မှတည့် အော်ကောင်း၏ပါပဲ။ ။



မောင်လွမ်းဏီ
၁၈ - ၁၁ - ၂၀၁၁

No comments:

Post a Comment

;