မိုးညမြင်ကွင်းက
ပျောက်ချင်းမလှပျောက်နေတဲ့
နွေနံနက်ခင်းလေးပါ
ဒါ ပိုင်ရှင်ရှိ ပန်းချီကားလေ
ရောင်းချရန်မဟုတ်
ရွှေလက်ကို ပုတ်ထုတ်ပစ်ခဲ့တယ်။
သိုးတွေ အိပ်မှုန်စုံမွှား
သေရည်ခါးခါး စားပွဲခင်းနွမ်းယဲ့ပြာပြာ
တညတာ လဲလျောင်းနိုင်ဖို့ရာ
သိုးတွေ ကဗျာမရွတ်ကြဘူးလား။
ညရာသီ ရှည်လျားဝေးလံ
ညယံအရောင် မှောင်မည်းသိပ်သည်း
ချွေးစီးကျသက်
နွေနံနက်ခင်းလေးရေ æ
ပန်းချီကားလေးရေ æ
ညဈေးတန်းက
လာလမ်းကို အဆိတ်ရည်ဖြန်းထားပြီ။
ယုံနိုင်ပါ့မလား
ကားတိုက်ခံရတဲ့ ညရင့်နက်နက်
ပါး±ိုက်ခံရတဲ့ ညဥ့်နက်မည်းရိပ်
ငြိမ်ဆိပ်ငုံ့လျှိုး ဝါကျင့်ကျင့်မီးတိုင်တွေ
ကြေကွဲစိတ်ကို၊ သိုဝှက်ရင်းတမ်းတ
နွေနံနက်ခင်းလေးရေ...
ပန်းချီကားလေးရေ ....။
ညကို
အိုစာမင်းစာအဖြစ်
ချန်ထားရစ်ခဲ့ပေါ့။ ။
မောင်လွမ်းဏီ
No comments:
Post a Comment