စခန်းကုန်းပေါ်က ဆောင်း

အညာမြေလတ်ဆောင်းရဲ့
သေနတ်ပြောင်းဝက၊ အဖေ့ရင်ခေါင်း
ပစ်မှတ်ကို ချောင်းနေပြီ။

ရဲဘော်လေးက ပြောတယ်လေ
သည်မြေ သည်တော သည်တောင်က
နေ့နေ့ ညည၊ ကိုယ်တခြမ်း မ မရတဲ့
အမေ့လက်ထက် အေးစက်သတဲ့။

စစ်မြေပြင်တောင်ကုန်းတခုမှာ
ယုန်မွှေးနု ဆွယ်တာမလိုဘူး
နွေနံနက်ခင်း သီချင်းမလိုဘူး
ဘရာဗိုနဲ့ ကာရာအိုကေ မလိုဘူး
အန်ဂျီအိုနဲ့ ပရိုပိုဆယ် မလိုမှု သန့်ရှင်း
နှင်း၊ မြူခိုး၊ ရန်သူ့ခြေသံ
လက်အံသေနေတဲ့ လက်ညှိုးနဲ့
ရိုးသားတဲ့ ယုံကြည်ချက်
အင်ဖက်လေးတရွက်ပဲ ရှိတယ်။

ကျနော်တို့ရော
ရန်သူရော
မောမောလျလျ၊ ရှရှပြင်းပြင်း
နှစ်ချိုက်ပဝင်းတဲ့ ပွင်းလင်းရာသီလေ။

အဖေ့ကုတင်စောင်းကို
နေခြည်လာမယ့်ဘက် ပြောင်းရွေ့လို့ ရပေမယ့်
ကျနော်တို့ စခန်းကုန်းကို
အအေးပိုလို့၊ နှင်းစိုလို့
ပြောင်းကြစို့လို့
မြေပုံပေါ် မြေဖို့ ပြင်မရဘူးပေါ့အဖေ
စစ်ရေးအခြေအနေအရ၊ အချက်အခြာဆိုတော့
အဖေ့နှလုံးသားထက်
လေးနက်ကျယ်ပြန့် နက်±ှိုင်းလွန်းလှတယ်။

ဒီရာသီဟာ
အဖေဟာ နေခြည်ပဲ
နေခြည်ဟာ အဖေပဲ ဆိုတဲ့ တိုက်ပွဲကာလလေ။

အဖေရဲ့အနာဂတ်အိပ်မက်ကို
နွေးထွေးဖက်ပွေ့ချင်ပေမယ့်
တို့တတွေ ပြည်တွင်းစစ်မီးလျှံကို လှုံနေကြရတယ်
နောင်တတွေ ယိုစီးမှုးရဲ့ ကြေကွဲခြင်း ကင်းကင်းနဲ့ပါ ညီ။

နယ်နမိတ်မျဉ်းပေါ်က ဆောင်းကတော့
တို့တတွေရဲ့ သေနတ်ပြောင်းတွေကို
ကောင်းကောင်းကြီး တိုက်ချွတ်ခိုင်းတဲ့ အမိန့်နဲ့သာ။



မောင်လွမ်းဏီ (၁ဝ၊ ၁၂၊ ၂ဝဝ၂)

No comments:

Post a Comment

;