(၁)
ခရာသံလား
ဥသြသံလား
ယမ်းငွေ့တွေလား
မီးခိုးလား။
မြစ်အောက်ဘက်မှာ
ဆန်တက်လာကြ၊ အညာစုန်ဆန်
သမန်မော်တော်များ
ရည်မျှော်မှန်းဆ၊ သွေးကြွရင်ခုန်
မှုန်ရီဝေဝါး၊ ရုပ်ပုံများပေါ်လာ
ဒါ ... ကျူးကျော်ရေးသမားရဲ့
စစ်သဘော်တွေ များလားကွယ်။
‘မြေထဲမြို့’တဲ့
နယ်ချဲ့ဓားမိုး၊မြို့ရိုးပြိုပျက်
ဝကွက်အပ်နှံ၊ ရန္တပိုစာချုပ်
သမိုင်းထုပ္ပါတ်၊ ပြန်တွေးဖတ်မိ
ဇာတိမာန်စိတ်၊ မျိုးချုစ်စိတ်တွေ
ယိုဖိတ်ပေါက်ကွဲခဲ့ပြန်ပြီ။
‘မြေထဲ’ကို
သဂြိုဟ်မြှုပ်နှံ၊ ရုပ်သဏ္ဍာန်နှောင်း
အမည်ပြောင်းခဲ့၊ မြို့ဟောင်း‘အာလံ’
‘အောင်လံ’ဖြစ်တည်
ရာသီမိုလေ သာပါစ။
(၂)
လှိုင်းကဖဲ့ေ¹ခွ
ရေကတိုက်စား၊ ကမ်းပါးတလျှောက်
တယောက်ဘိုးအို၊ တူရွင်းတိုနဲ့
ရွှေတိုငွေစ၊ တူးဆွဖွေရှာ
အိုဇာတာများ ညံ့၍လော။
ရေစိုရွှဲနစ်
ခေတ်ဆံပင်တို၊ အပျိုမများ
ရင်ရှားလျော့လျဲ၊ အသည်းယားဖွယ်
၂ဝ ရာစု၊ ယဉ်ကျေးမှုလား
နယ်လုတိုင်းသား၊ ဒေသခြားဟာ
အားရရွင်လန်း နေလောက်ပြီး
ဂျွန်ဆင်ပဲ့ထောင်
အနောက်တောင်မိုး၊ ချိန်ထိုးတွက်ဆ
ထွက်ရကောင်းနိုး၊ မရိုးမရွ
ပွက်လွစက်သံ၊ ဖုတ်ချက်ညံနေ။
ရေစပ်ဆင်းသက်
လက်တွန်းရေစည်၊ ဆေးနီဝါစိမ်း
ခြယ်သလိမ်းကျံ၊ မြို့ပြပဟန်လား
ကဗျာမဆန်လိုက်တာကွယ်။
ဟိုမှာ
ဒိုင်နာတစီး
ခရီးပန်းဝင်၊ ရင်စို့မောဟိုက်
ကတိုက်က±ိုက်၊ ထိုးစိုက်ဝင်လာ
လိုက်ပါချင်ဟန် တူပါရဲ့။
မီနိုင်မလား
သော့နှင်ဆင်းသက်၊ သရက်မော်တော်
စောင့်ခေါ်ပါဦး
နောက်ဆုံးအခေါက်မို့ပါလေ။
(၃)
မြင်ကွင်းအားလုံး
အမှောင်ဖုံးပြီ
နဒီဧရာ၊ ရေဇလာထဲ
အဖော်ကွဲလာ၊ ဗေဒါကပွင့်
နားခွင့်မóကံ၊ ခရီးစုန်ဆဲ။
(မိုးဝေ)
No comments:
Post a Comment