“ကြွေးမြီတောင်”

“ကြွေးမြီတောင်”

သူတို့ တွေက
တောင်ကြည့်ပွဲ သွားကြတယ်၊
အဝေးက လူတချို့ 
သူတို့  မျက်ဝန်းထဲက
aတာင်တွေကို ကြည့်မိကြတယ်။

သူတို့ တွေက
မိုးရွာတော့ ထွန်တုံးပြင်ကြတယ်၊
မနီးမဝေးက လူတချို့ 
သူတို့ ယာမြေကို
အသက်နဲ့  တွက်ထွာ ကြည့်နေကြတယ်။

ထန်းတပင်က
သူတို့ အရပ်ထက် မြင့်တယ် ဆိုပေမဲ့
သူတို့  မွေးတဲ့ သား။

မြေတကွက်က
သူတို့ သင်္ချိုင်းထက် ကျယ်တယ် ဆိုသော်ငြား
ဘိုးဘွား ခေါင်းချရာ။

တောင်တတောင်က
သူတို့  ခြင်ထောင်ထက် လုံခြုံတယ် ပြောသပေါ့မောင်
တောင်မှီ တောမှီတွေကိုး။

ဖြောင်းဖြသူ အရ
သိက္ခာနဲ့  လဲပေးလိုက်ရသတဲ့
ချင်းတွင်းမြစ်ငဲ့
လက်ပံတောင်းနယ်မှာ မာလာက ခံပွင့်။ ။

မောင်လွမ်းဏီ
၁၄ - ၅ - ၂၀၁၃



The Hills of Debt

They left for the Fair to admire the hills,
There came long-distance travelers,
Who saw the reflection of hills in their eyes.

They prepared the plough in the fields,
Right at the moment the rain teased—
Some calculated their destiny,
Trading life for the land.

This lofty palm is tall,
Way taller than they are—
Yet this tall tree is just their son!

This patch of land might be large,
Way larger than their graveyard---
Yet this is where folks retired.

Oh, Little Lad: These hills are safe,
Safer than a mosquito net, they said:
Caz’ they fall back on woods and hills.

Oh! The Chindwin River:
Here came a pacifier.
This covenant withered purity nonetheless,
Her candor is gone!
Sunk are the flowers, underdogs in the hills.

Mg Lwan Ni
translated by (aasw)

No comments:

Post a Comment

;