သင့်၌
လူမိုက်များ လိုပါမည်
လူမိုက်အင်ပါယာ
ကြီးစွာသော ခေတ်ကို
ကျွန်ုပ်မှာ
လူလိမ္မာများ မလိုအပ်ပါ
လူညာတွေသာ လို၏
မုသာဝါဒ၊ အယူအဆတို့
လွှမ်းမိုးသော ကာလမှာ
ယုတ်ညံ့သော ဤရွာတွင်
သူတော်စင်ကို
ဖူးတွေ့ချင်သည်ဟု ဆိုပါက
ဒါကို
ကဗျာသဘောဖြင့် မပြောပါနှင့်
ရွံရှာ စက်ဆုပ်ဖွယ်။ ။
မောင်လွမ်းဏီ (၂၁၊ ၆၊ ၂ဝဝ၆)
No comments:
Post a Comment