Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

မဲဆောက်မိုးည


 
အေးမိဖြူရေ
ငါ့ကိုကူစမ်း၊ သားကိုထူစမ်း
တို့လမ်းထဲမှာ
အရုဏ်ဦးဆို
ပိတောက်ပန်းတွေ ပွင့်တော့မယ်။

မောင်လွမ်းဏီ (၁၄ ဧပြီ ၂၀၁၄)

(အမေကွယ်လွန်တဲ့ ဓပြီ ၁၂ ရက် နှစ် ၂၀ ပြည့် သို့)



အညာမြေလတ်က
ဆင်းဆင်းရဲရဲ မိန်းမတစ်ယောက်ရဲ့ 
အလောင်းကို
ရေဆေးကြတဲ့အခါ
အဲဒိ့ မိန်းမကြီးကတော့
သင်္ကြန်ကျပြီ ထင်မှာပဲ။

(အမေကွယ်လွန်တဲ့ ဓပြီ ၁၂ ရက် နှစ် ၂၀ ပြည့် သို့)

ကေသရာဇာ


ကေသရာဇာ

ရဲဘော်ဝင်းတင်
သင်ဟာ
ခြင်္သေတစ်ထောင် ပမာ
တိုင်းရင်းသား လူမျိုးစု
လူထုက ထုဆစ်တယ်။

ကမ္ဘာမကြေနေ့များ
သင့်ရဲ့ လည်ဆံတဖွားဖွားနဲ့
ကျောသား ရင်သား မခွဲခြား ချစ်သူ။

ခြေမှာ ကကြိုး၊ လက်ဖျားကဗျာ
ရာဇ၀င်ထဲမှာ ၀င်းတင်ဆိုတာ
လူထုထဲက သူရဲကောင်း။

ခြင်္သေ့ကြီး
အချုပ်အချာ၊ နန်းရပ်ထီးဖြူ၊
အလံထူလွှင့်၊ သင့်လက်ထဲမှာ။

ခြင်္သေ့ တစ်ထောင်
ခေါင်းပြန်လည့်မော့ချိန်ပါလား။ ။
(အဘခြင်္သေ့ နိုးထ ကျန်းမာပါစေ)

မောင်လွမ်းဏီ
၂၈ - ၃ - ၂၀၁၄

ကြယ်ပွင့်များ



ထိခိုက် ကျဆုံး
သေဆုံး အကျဉ်းကျ
စာရင်းအရ ဆိုရင်။
၂၀၁၃
ဖေဖော်ဝါရီ ၁ ရက်
ဖြည့်စွက်ရမဲ့ စာရင်း။
ဗမင်းသစ် (ခ) မင်းဟန်
အလံတလက် နှင်းအပ်လိုက်တယ်။
(ရဲဘော် မင်းဟန် သို့ )
မောင်လွမ်းဏီ
၁ -၂ - ၂၀၁၃
(သက်ဦးနဲ့ သက်လင်းရေ၊ မင်းဟန် ၁ နှစ်ပြည့် အထိမ်းအမှတ်)

ဓာတ်ပုံတွေရေးတဲ့ကဗျာများ - ၁၃


ဦးဇင်းလေး
နိုင်ငံတော်သီချင်း ဆိုရမဲ့နေ့ဆို
ဟိုမှာ တွေ့ လား
သားတို့ ကျောင်းကို ဖြိုနေတယ်ဘုရား။

အဖေနဲ့ အမေက
ဒီနေ့မှပဲ
မြို့ ထဲသွား အလုပ်ဆင်းရတယ်
ထမင်းဝယ်လာပါစေ ဦးဇင်း။

ဗာလနံကို
အံတိုတဲ့အထိ မကြည့်ချင်ဘူး
အရူးကောင်းစား တစ်ညသားပေါ့
သားတို့ သမီးတို့ သွားစို့ကွယ်။

လမ်းသည်ကျယ်၏
လမ်းသည်ရှည်၏
လမ်း၏ မျက်နှာပြင်သည် ညီညာသည်
သို့သော် လမ်းမပေါ်တွင် စိုးကျော်တစ်ယောက်ထဲ။
(မောင်သာရ)

မတ်တပ်ရပ်လို့ လမ်းမှာငို
ထိုဝတ္ထုလို။

မောင်လွမ်းဏီ
၎ - ၂ - ၂၀၁၃

သွေးစွန်းတဲ့နှင်းဆီ



မန်းရှာရေ …

မန်းရှာရေ
မြစ်ဝကျွန်းပေါ်က
တို့ဘ၀တွေယူခဲ့ …

မန်းရှာရေ
ပဲခူးရိုးမက
အချစ်ညတွေယူခဲ့ …

မန်းရှာရေ
ဒေါနတောင်တန်းက
တောပန်းတွေယူခဲ့ …

မန်းရှာရေ
နင့်သေနတ်ကို
နင်ကိုင်လာခဲ့ …

မန်းရှာရေ
သွေးစွန်းနေတဲ့
သင်တိုင်းတွေဝတ်ခဲ့ …

မန်းရှာရေ
အမျိုးသားရေး
လွတ်မြောက်ရေးတွေကျောပိုးခဲ့ …

မန်းရှာရေ
နင့်ရဲဘော် နင့်သားသမီး
စူးနစ်ယုံကြည်ထားရစ်ခဲ့ …

အဆိပ်လူးထား
ကျည်ဖူးတစုံ ရင်အုံနဲ့လဲ
မကြေကွဲနဲ့ နမ့်ကျင်ရွှေ
နင်မှာတာတွေ
ကမ္ဘာမြေပေါ် ကျန်ခဲ့ပြီ …။ ။

မောင်လွမ်းဏီ
(၁၅-၂-၂၀၀၈)
(ဆရာမန်းရှာနှင့် အမနမ့်ကျင်ရွှေသို့ …)

ဓာတ်ပုံတွေရေးတဲ့ကဗျာများ - ၁၂



ကျနော်
အိမ်ပြန်လာခဲ့တယ်
အဖေနဲ့ အိမ်က
အမေ့ကို ဖွက်ထားသလား။

ဓာတ်ပုံလေး ငေးကြည့်
အနာဂတ်က
ကျနော့်ကို ဥစ္စာခြောက်သလား။

မောင်လွမ်းဏီ
၃ - ၁ - ၂၀၁၄


နယ်စပ်က ပို့တဲ့ ထောင်ဝင်ကဗျာ




ထောင်မှာအကျဉ်းထား
လ ရက် လား တူမောင်။

ပုဒ်မ ၁၈
ကျုပ်တို့ခေတ်မှာ
ပြာစ လွင့်ပျံ စေရမယ်။

အဖွား
ကြားပါစေ
ပေပေါ်တင်ထု ထုချင် ထု
မီးပေါ်တင်ရှို့  ရှို့ ချင်ရှို့ ။

ဒီငြိမ်းလင်း ဓား
ကြေမသွားဘူး၊
ဘုရားစူး စေ့ ကျိန်ရတယ်။ ။

မောင်လွမ်းဏီ
၂၃ - ၁၁ - ၂၀၁၃

တို့ဟာ ကဗျာတွေ ဖြစ်ခဲ့တယ်



တစ်ရံတစ်ခါဆီက
မဟုတ်ပါဘူး ချယ်ရီ ညီမငယ်။

တို့ မောင်နှမတွေ
တို့ ရဲဘော်တွေ
တို့ သွေးသားတွေ
ဝေးခဲ့ကြသမှ၊ ထောင်ထဲ တောထဲ
တောင်နဲ့ နိုင်ငံရပ်ခြားတွေ
သေလောက်အောင် လွမ်းတာရှည်ခဲ့
သေမဲ့သေတော့ နင်က စောပြန်ရော။

ကိုမိုးသီး ပြန်လာတယ်
ကိုသက်မှူး ပြန်လာတယ်
ကိုလွမ်းဏီ ပြန်လာတယ်
ကိုသက်ဇော် ပြန်လာတယ်
နေရိန်ကျော်လည်း ပြန်လာတယ်။

တို့ရဲဘော်တွေ ပြန်လာဆုံတယ်
နင့်ကို လာချီမကြတယ်
နင့်လဲလျောင်းရာကို ယုံကြည်ချက်တွေနဲ့
ဖက်ပွေ့  နမ်းရှိုက်ချင်ကြတယ်။

ချယ်ရီ
နင်ရယ်တဲ့အသံ ကြားချင်နေကြတယ်
ပဲ့တင်ပြန်လေ
ဝါးရုံပင်စခန်းမှာ
တို့ ကဗျာတွေ ရွတ်တဲ့ ညပေါ့။

သန်းသန်းဌေးရယ်
နင်လွမ်းပုံက
လူကြမ်းမင်းသမီးလိုပဲ
ကြေကွဲတယ်။

မသူတို့ မမီတို့ နုနုနဲ့ အပေါင်းပါတို့
ဝေးရလေ ... ချယ်ရီရေ ... ။ ။

မောင်လွမ်းဏီ
၎ - ၁၂- ၂၀၁၃

ငွေအိုရောင်နှစ်များ။


စက်တင်ဘာ ၁၈
၂၅ နှစ်။

၂၀၀၈ ဖွဲ့ စည်းပုံ
၅ နှစ်။

ပြုပြင်ပြောင်းလဲ
၃ နှစ်။

နော်အုန်းလှလည်း
၂ နှစ်။

ဟိုလူ ဒီလူ တအုပ်လည်း
ပုဒ်မ ၁၈။

ပြည်ဝင်ခွင့်ဗီဇာတွေလည်း
ဒိုးယိုပေါက်အသစ်။

ကားပါမစ် နဲ့ 
တို့ ခေတ်ကလည်း တဆောင်းသစ်ပြန်ပြီ။ ။

မောင်လွမ်းဏီ
၃၀ - ၈ - ၂၀၁၃

တောင်ပြူတင်း



နော်အုန်းလှ လား
ဒေါ်အုန်းလှ လို့ ခေါ်ရမလား
ကိုကိုးကျွန်းများရှိရင်
ခင်ဗျားက
ဓားတောင်ကိုကျော် မီးပင်လယ် ဖြတ်အုန်းမှာ။

လက်ပံတောင်းကို
ခေါင်းအုံးမှတ်ထင်၊ ရင်ခွင်ပိုက်
ဒါကြောင့်လည်း
ခင်ဗျားကို မိုက်တယ်ပြောတာပေါ့
အင်္ဂါထောင့်က စောင့်နေကြတယ် အနော်။

ဆူးလေတ၀ိုက်က
ခိုတွေ
ငိုနေတယ် နော်အုန်းလှ
အစာမဲ့သူတွေက
ထောင်ဝ ပျံဝဲတယ်
လွမ်းသူတွေက
အမှတ်တရ ဖယောင်းတိုင်တွေ ဝေငှပါလိမ့်မယ်။

နော်အုန်းလှ
တောင်ပြူတင်း
ထောင်အကျဉ်းက ပြုံးနေတာ
ကဗျာ ဖြစ်ပါတယ်။ ။



မောင်လွမ်းဏီ
၅ - ၉ ၂၀၁၃

ခံတပ်



ခံတပ်
ရန်သတ်ဖို့၊ ရန်ပြတ်ဖို့ 
ရင်နဲ့ ဖြတ်တဲ့ နှောင်ကြိုး။

ခံတပ်
သွေးနဲ့သား၊ ကပ်ထားရတဲ့
သင်္ချိုင်းတု။

ခံတပ်
အနိုင်အရှုံး ကို
အကျအဆုံးနဲ့  တိုင်းတဲ့
သမိုင်းမှတ်တိုင်။

ခံတပ်ပေါ်က၊ ခေါ်သံတွေလား
နားထောင်စမ်းပ၊ ကြားယောင်မှန်းဆ
ဓားတောင်တန်းက နားစွင့်ချိန်။

မကြံအပ်ငဲ့
ခံတပ်ကိုပင်၊ ကြံဖတ်လိုမှတ်
သံအမတ် စံအိမ်ထင်ပြီကော။ ။
မောင်လွမ်းဏီ
၁၈ - ၁၀ - ၂၀၁၃

တောင်ပြူတင်း




နော်အုန်းလှ လား

ဒေါ်အုန်းလှ လို့ ခေါ်ရမလား

ကိုကိုးကျွန်းများရှိရင်

ခင်ဗျားက

ဓားတောင်ကိုကျော် မီးပင်လယ် ဖြတ်အုန်းမှာ။


လက်ပံတောင်းကို

ခေါင်းအုံးမှတ်ထင်၊ ရင်ခွင်ပိုက်

ဒါကြောင့်လည်း

ခင်ဗျားကို မိုက်တယ်ပြောတာပေါ့

အင်္ဂါထောင့်က စောင့်နေကြတယ် အနော်။


ဆူးလေတ၀ိုက်က

ခိုတွေ

ငိုနေတယ် နော်အုန်းလှ

အစာမဲ့သူတွေက

ထောင်ဝ ပျံဝဲတယ်

လွမ်းသူတွေက

အမှတ်တရ ဖယောင်းတိုင်တွေ ဝေငှပါလိမ့်မယ်။


နော်အုန်းလှ

တောင်ပြူတင်း

ထောင်အကျဉ်းက ပြုံးနေတာ

ကဗျာ ဖြစ်ပါတယ်။ ။

မောင်လွမ်းဏီ

၅ - ၉ ၂၀၁၃

ငွေအိုရောင်နှစ်များ။



စက်တင်ဘာ ၁၈ ၂၅ နှစ်။
၂၀၀၈ ဖွဲ့ စည်းပုံ ၅ နှစ်။
ပြုပြင်ပြောင်းလဲ ၃ နှစ်။
နော်အုန်းလှလည်း ၂ နှစ်။
ဟိုလူ ဒီလူ တအုပ်လည်း ပုဒ်မ ၁၈။
ပြည်ဝင်ခွင့်ဗီဇာတွေ လည်း
ဒိုးယိုပေါက်အသစ်။
ကားပါမစ် နဲ့  တို့ ခေတ်ကလည်း
တဆောင်းသစ်ပြန်ပြီ။ ။

မောင်လွမ်းဏီ ၃၀ - ၈ - ၂၀၁၃

Classic Silver Years

September 18th, the mark of 25 years
The 2008 Constitution, 5-year-old,
Three years, since the onset of reforms,
Naw Ohn Hla, doing time two years,
Men after men, held captive under Act 18.
Entry visas, fresh and through.
Car permits make a new day,
The autumn, our season, welcoming.

Photo: Dwellinintheworld စာမျက်နှာမှ။

translator(aasw)

သမဂ္ဂတိုက်ပုံ

Students' Union Jacket With Soul

"At Hling TharYar,
They run out of yarns
Still orders are not met yet,
Their hands keep on sewing, Ma AyeSoe."
"I see in a distant land—
All are busy picking clothes
naming masters to be endorsed.
In Maesod,
We sew skin and soul---
a tapestry of a union jacket.
So I urge you to find classic lines
to deem it archetypal & timeless
This is called “Seven July”,
Well, it’s indeed The only Chronicle---
to be swen & beautified---eternally."

Translated by (aasw)
2013-7-7

သမဂ္ဂတိုက်ပုံ

လှိုင်သာယာမှာ
သိုးမွေးချည် ပြတ်နေပေမယ့်
အထည်ကျန် ချုပ်နေရ သတဲ့
မအေးစိုး။

အဝေးက
အထည်ရွေးသူနဲ့ 
သူဌေး ရွေးနေကြတာ တွေ့တော့ ...။

မဲဆောက်မှာ
ကျုပ်တို့ ချုပ်တဲ့ အလုပ်က အရေပြား
နှလုံးသားက သမဂ္ဂဂျာကင်
ခင်ဗျား ဂန္ထ၀င်ဖြစ်အောင် ရေး
ဆဲဗင်းဂျူလိုင်ဟာ
အမြဲတမ်း ချုပ်နေရမယ့် ပြက္ခဒိန်။ ။

မောင်လွမ်းဏီ
၅-၇-၂၀၁၃

“ကြွေးမြီတောင်”

“ကြွေးမြီတောင်”

သူတို့ တွေက
တောင်ကြည့်ပွဲ သွားကြတယ်၊
အဝေးက လူတချို့ 
သူတို့  မျက်ဝန်းထဲက
aတာင်တွေကို ကြည့်မိကြတယ်။

သူတို့ တွေက
မိုးရွာတော့ ထွန်တုံးပြင်ကြတယ်၊
မနီးမဝေးက လူတချို့ 
သူတို့ ယာမြေကို
အသက်နဲ့  တွက်ထွာ ကြည့်နေကြတယ်။

ထန်းတပင်က
သူတို့ အရပ်ထက် မြင့်တယ် ဆိုပေမဲ့
သူတို့  မွေးတဲ့ သား။

မြေတကွက်က
သူတို့ သင်္ချိုင်းထက် ကျယ်တယ် ဆိုသော်ငြား
ဘိုးဘွား ခေါင်းချရာ။

တောင်တတောင်က
သူတို့  ခြင်ထောင်ထက် လုံခြုံတယ် ပြောသပေါ့မောင်
တောင်မှီ တောမှီတွေကိုး။

ဖြောင်းဖြသူ အရ
သိက္ခာနဲ့  လဲပေးလိုက်ရသတဲ့
ချင်းတွင်းမြစ်ငဲ့
လက်ပံတောင်းနယ်မှာ မာလာက ခံပွင့်။ ။

မောင်လွမ်းဏီ
၁၄ - ၅ - ၂၀၁၃



The Hills of Debt

They left for the Fair to admire the hills,
There came long-distance travelers,
Who saw the reflection of hills in their eyes.

They prepared the plough in the fields,
Right at the moment the rain teased—
Some calculated their destiny,
Trading life for the land.

This lofty palm is tall,
Way taller than they are—
Yet this tall tree is just their son!

This patch of land might be large,
Way larger than their graveyard---
Yet this is where folks retired.

Oh, Little Lad: These hills are safe,
Safer than a mosquito net, they said:
Caz’ they fall back on woods and hills.

Oh! The Chindwin River:
Here came a pacifier.
This covenant withered purity nonetheless,
Her candor is gone!
Sunk are the flowers, underdogs in the hills.

Mg Lwan Ni
translated by (aasw)

ဓာတ်ပုံတွေ ရေးတဲ့ကဗျာများ - ၇


ပကတိ ထီးတည်း၊
ကျပ်တီးကုန်းခြောက်၊ တောင်နွေအောက်မှာ
ခမောက်ဒိုင်းကာ၊ နှီးဖျာကျောခင်း၊
ထမင်းထုပ်လွယ်၊ ကွမ်းထုပ်သယ်ရင်း။

နှီးခမောက်နဲ့ 
ခါးထောက်မထီ၊ အင်္ကျီကွက်ကြား၊
သနပ်ခါးမံ၊ နောက်ဆံတင်းရိုး
အမျိုးထဲမှာ မရှိ ဟေ့။

တိမ်ညွန့် စားမဲ့
ဝါးတံအဖျား၊ အလံရဲလွှင့်
အသင့်ဖြစ်နေပြီတဲ့ အေ့။

ဟောဒီ့သဲချောင်း
နောက်ကြောင်းမဆန်ခဲ့သမျှ၊
နောက်ပြန်လညှ့် လည်း မကြောက်ဘူး၊
နောက်ဆုတ်ရန် တံတားလည်း မရှိဘူး။
မောင်လွမ်းဏီ
၂၆ - ၂ - ၂၀၁၃

မန်းရှာရေ


မန်းရှာရေ
မြစ်ဝကျွန်းပေါ်က
တို့ဘ၀တွေယူခဲ့ …

မန်းရှာရေ
ပဲခူးရိုးမက
အချစ်ညတွေယူခဲ့ …

မန်းရှာရေ
ဒေါနတောင်တန်းက
တောပန်းတွေယူခဲ့ …

မန်းရှာရေ
နင့်သေနတ်ကို
နင်ကိုင်လာခဲ့ …

မန်းရှာရေ
သွေးစွန်းနေတဲ့
သင်တိုင်းတွေဝတ်ခဲ့ …

မန်းရှာရေ
အမျိုးသားရေး
လွတ်မြောက်ရေးတွေကျောပိုးခဲ့ …

မန်းရှာရေ
နင့်ရဲဘော် နင့်သားသမီး
စူးနစ်ယုံကြည်ထားရစ်ခဲ့ …

အဆိပ်လူးထား
ကျည်ဖူးတစုံ ရင်အုံနဲ့လဲ
မကြေကွဲနဲ့ နမ့်ကျင်ရွှေ
နင်မှာတာတွေ
ကမ္ဘာမြေပေါ် ကျန်ခဲ့ပြီ …။ ။

မောင်လွမ်းဏီ
(၁၅-၂-၂၀၀၈)
(ဆရာမန်းရှာနှင့် အမနမ့်ကျင်ရွှေသို့ …)

ဓာတ်ပုံတွေ ရေးတဲ့ ကဗျာများ - ၆


 ပိန်းကြာရွက်ပေါ် ရေမတင်ပေမဲ့
ငရဲပြည်က ရေကတော့
အရေပြားပေါ် သေရာထင်တယ်။

အပေးအယူ လုပ်ရမယ် ဆိုရင်
အကြော်ဆီပူနဲ့  သနတ်ခါးလူးပေးချင်ပ
တရားမျှတမှုကို သြ၀ါဒကထာနဲ့ ရောချကြရင်လည်း
လူရာမ၀င်နိုင်ဘူး၊ အရူးက တမူးပဲ သာမယ်။

တရားဥပဒေက
ဘယ်သူတွေကို စိုးမိုးနိုင်လဲ
ဘယ်သူတွေကို စိုးမိုးနေလဲ
ဘယ်သူတွေက တရားဥပဒေကို စိုးမိုးနေတာလဲ။
မဏ္ဍိုင် ၄ ခုလုံး လဲနေတာကိုပဲ
အမျက်ဖြေလင်္ကာ ရွတ်ခိုင်းနေကြသေး။

အသားထဲက လောက်ထွက်နေမှတော့
ဝန်ချတောင်းပန်ရင် ကြေအေးသယောင်
ဟန်ဆောင်ပေးရမှာပေါ့ ဒကာ
လောင်မြိုက်နေတဲ့ အရည်ပြားကို
နူးညံ့တဲ့ ဂွမ်းစနဲ့  ကရုဏာတွေ သုတ်လိမ်းပေးနေလည်း
အသွေး အသား အသည်းက နာကျင်တာပါ၊
ဝေဒနာကို ဝေဒနာလို့ ရှုမှတ်ပါတယ်။

သုခိအတ္တနံ ပရိဟရ န္တု
သာဓု သာဓု သာဓု။     ။

မောင်လွမ်းဏီ
၁ - ၁၂ - ၂၀၁၂

ကြယ်ပွင့်များ



ထိခိုက် ကျဆုံး
သေဆုံး အကျဉ်းကျ
စာရင်းအရ ဆိုရင်။

၂၀၁၃
ဖေဖော်ဝါရီ ၁ ရက်
ဖြည့်စွက်ရမဲ့ စာရင်း။

ဗမင်းသစ် (ခ) မင်းဟန်
အလံတလက် နှင်းအပ်လိုက်တယ်။

(ရဲဘော် မင်းဟန် သို့ )

မောင်လွမ်းဏီ
၁ -၂ - ၂၀၁၃
;