Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts

RFA Articles 155

155 - အာအက်ဖ်အေ သောတရှင်များခင်ဗျား

တလောလေးကပဲ ဖုတ်ဖရနယ်မှာ နေထိုင် လုပ်ကိုင်နေကြတဲ့ မြန်မာရွေ့ ပြောင်း အလုပ်သမားတွေရဲ့ လှုမှုဘ၀ပုံရိပ်တွေကို လက်လှမ်းမီသရွေ့ တင်ပြခဲ့ပါသေးတယ်။ ဖုတ်ဖရပတ်ဝန်းကျင် ဆက်စပ်မှု အနေအထားတွေအရ ဖုတ်ဖရနယ်အစမှာ ဆအိုလို့ အမည်ရှိတဲ့ တိုက်နယ်အဆင့်  ကျေးလက်မြို့ ပြတခု ရှိပါတယ်။ ကျေးလက် အသွေးနဲ့  ပျိုးခြံ စိုက်ခြံတွေနဲ့  စိမ်းလန်းနေသလို လျှပ်စစ်မီး ထိန်ထိန်ငြီးနေလေ တော့ မြို့ ပြအရောင်ကလည်း ၀င်းလက်တောက်ပနေတဲ့အတွက် ကျေးလက်မြို့ ပြ လို့  ပြောပြချင်တာပါ။ ဆအိုနဲ့  မဲဆောက်နဲ့ က ကီလိုမီတာ ၃၀ ပဲ ဝေးကွာပါတယ်။ ထိုင်းတောင်ပေါ်သားတွေလို့ ပြောကြတဲ့ မုံးလူမျိုးတွေ အခြေချနေထိုင်ကြတဲ့ အရပ် ဒေသပါ။ သပ်ယပ်တဲ့ထိုင်းအိမ်ယာပုံစံမျိုးတွေနဲ့ အိမ်ခြေ ၃၀၀၀ ကျော် ရှိသလို မုံးလူမျိုးတွေရဲ့ တောင်ယာခင်းတွေနဲ့  စိုက်ပျိုးခြံတွေနဲ့  အနီးပတ်ဝန်းကျင်မှာတော့ မြန်မာရွေ့ ပြောင်းအလုပ်သမား ၁၀၀၀၀ နီးပါး နေထိုင်လုပ်ကိုင်နေကြတာပါ။ ဖုတ်ဖရနဲ့ နယ်မြေတဆက်တစပ်တည်း ဖြစ်တာကြောင့်လည်း မြန်မာဘက်ခြမ်းက ၀လေနဲ့ လည်း မျက်နှာချင်းဆိုင်နေတယ်လို့ လည်း ပြောရင်ရပါလိမ့်မယ်။ ဖုတ်ဖရက အလုပ်သမားမိသားစုတွေနဲ့  ဆအိုက အလုပ်သမားမိသားတွေဟာ မတိမ်းမယိမ်း လေးပဲ ကွဲလွဲခြားနားတာ ရှိပါတယ်။ လူမှုဘ၀၊ လုပ်ငန်းခွင် သဘာဝ၊ လုပ်ခလစာ စတာတွေဟာ အမြင်မှာ တူညီသယောင်ရှိပေမဲ့ အတွင်းသရုပ်မှာတော့ မတူညီတာ လေးတွေကို တွေ့ ရပါတယ်။ အခြေခံကို ပြောရမယ်ဆိုရင် ဖုတ်ဖရဒေသမှာ မြန်မာ ရွေ့ ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံသား မျော့လူမျိုးတွေရဲ့  တောင်ယာနဲ့  စိုက်ပျိုးခြံတွေမှာ လုပ်ကိုင်နေကြရသလို ဆအိုမှာရှိတဲ့ မြန်မာအလုပ် သမားတွေ ကတော့  ထိုင်းတောင်ပေါ်သား မုံးလူမျိုးတွေရဲ့  စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ နေထိုင်လုပ်ကိုင်နေကြတာပါ။ သို့ ပေမဲ့ ဆင်းရဲမွန်းကျပ်မှုကတော့ အတူတူနဲ့  အနူနူ လို့ ဆိုရမလား ခေါင်းနဲ့ ပန်းလို့  ပြောရမလားပါပဲ။

ဆအိုနယ်ကို လာရောက်အခြေချနေထိုင်လုပ်ကိုင်နေသူအများစုဟာ မွန်ပြည် နယ်၊ သထုံနယ်ဘက်ကနဲ့  ကရင်ပြည်နယ် ကော့ကရိတ်နယ်က လူတွေ ဖြစ်ကြပါ တယ်။ တချို့ အလုပ်သမားမိသားစုတွေဟာ အနှစ် ၂၀ ကျော်ပြီဆိုတော့ သူတို့  တွေ ရဲ့ သားသမီးတွေဆိုရင်လည်း တပင်လဲလို့ တပင်ထူသူတွေတောင် ရှိနေကြပါပြီ။ ထူးခြားတာကတော့ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီးမှာ မြစ်ဝကျွန်းပေါ် ကျေးလက် ပိုင်းက မိသားစုတွေနဲ့  လောလောလတ်လတ် ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပြီးနောက်ပိုင်း ရခိုင်တိုင်းရင်းသားမိသားစုတွေ အများအပြား ရောက်ရှိလာကြ တာကို တွေ့ ရပါတယ်။ ဒီလိုသဘာဝဘေးဒဏ်တွေ၊ ပြည်တွင်းစစ်နဲ့  ပြည်ထဲရေး အရေးအခင်းတွေကြောင့် အရပ်သားပြည်သူလူထုတွေဟာ ရေကြည်ရာ မြက်နုရာကို ထွက်ခွာကျင်လည်ကြရတာဟာလည်း ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့  တပြိုင်နက် တည်း စဉ်းစားသုံးသပ်စရာတွေ ဖြစ်လာနေတယ် မဟုတ်ပါလား။ 

ဆအိုနယ်ရဲ့  အဓိက ပင်မစီးပွားရေးလုပ်ငန်းက ခေတ်မီစိုက်ပျိုးရေးလုပ်ငန်း ပါပဲ။ ထိုင်းလို လွေ လို့ ခေါ်ပြီး မြန်မာလို မုန့် ညင်းဖြူ၊ ငရုတ်သီး၊ အာလူး၊ ခရမ်းချဉ်သီးနဲ့  နှင်းဆီကို စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ မျိုးစပ်စိုက်ပျိုးရေးမှာ နံမည် ကျော်တဲ့ ချင်းမိုင်ဘက်နဲ့ အပြိုင် လုပ်ကိုင်နိုင်တာကတော့ သစ်ခွမျိုးစပ်ခြင်း၊ ပန်း ၀တ်မှုံကူးခြင်း၊ ဘွန်ဆိုင်းပျိုးခြင်း၊ စားပင်သီးပင် မျိုးဖောက်ခြင်း လုပ်ငန်းတွေပါပဲ။ ဒီလုပ်ငန်းတွေ အားလုံးဟာ စိးပွားဖြစ် လုပ်ကိုင်ကြတာဖြစ်ပြီး မဲဆောက်၊ ဆအို၊ ဖုတ်ဖရကနေ ဘန်ကောက်၊ ဘန်ကောက်မှတဆင့် နိုင်ငံရပ်ခြားကို ပို့ ကုန်အဖြစ် တင်သွင်းတဲ့အထိ အဆင့်မြင့်လုပ်ကိုင်ကြတာပါ။ တိုးတက်တဲ့ အမြင်ရှိတဲ့ လူငယ် တချို့ ကတော့ မျိုးစပ်ခြင်းနည်းပညာကို ရအောင်သင်ယူလေ့လာကြပြီး ပြည်တွင်းကို ပြန်သွား လုပ်ကိုင်သူတွေလည်း ရှိလာနေပါတယ်။  မုံးလူမျိုးလုပ်ငန်းရှင်တွေထံမှာ လုပ်ကိုင်ကြသူတိုင်း လုပ်ခကို နေ့ တွက်လပေးမဟုတ်ကြပဲ နေ့ စားနေ့ ချင်းရှင်းပဲ လုပ်ငန်းရှင်တွေက ပေးချေပါတယ်။ အရင်းခံ အကျဆုံးပြဿနာကတော့ အလုပ်သ မားမိသားစုဝင်တွေရဲ့  ဆယ်ကျော်သက်နဲ့  ၈ နှစ် ၉ နှစ် ၀န်းကျင် ခလေးသူငယ်တွေ ပါပဲ။ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ ရွေ့ ပြောင်းမြန်မာ အခြေခံမူလတန်း ကျောင်းလေးတွေရှိပေမဲ့ ကျောင်းမတက်သူ၊ တက်ချင်ရက်နဲ့ ကျောင်းမတက်နိုင်သူ၊ ကျောင်းတက်နေရင်းက စကောစကနဲ့  ကျောင်းထွက်ရသူ စတဲ့ ခလေးသူငယ် တွေရဲ့  တောင်ယာခင်းနဲ့  စိုက်ခင်းပျိုးခင်းထဲမှာ ထွေးရောယှက်တင် မြင်ကွင်းတွေကို တွေ့ မြင်ခဲ့ရင် ကမ္ဘာလှည့် မြန်မာလှည့်တွေ ဆွံ့ အသွားမှာ သေချာပါတယ်။ မြန်မာရွေ့ ပြောင်းအလုပ်သမား လေ့လာဆန်းစစ်သူတွေရဲ့ အဆိုအရ ဆအိုနယ်မှာ အသက် ၁၅ နှစ်အောက် မြန်မာခလေးသူငယ်တွေဟာ ၈၀၀ နီးပါးရှိပြီး ၈ နှစ် - ၉ နှစ်အရွယ်ခလေးတွေက ၂၀၀ ကျော် ရှိတယ်လို့  သိရပါတယ်။ ဒီခလေးတွေကို လုပ် ငန်းရှင်မုံးတွေက တအားခိုက်တယ်လို့  ပြောရမယ် ထင်ပါတယ်။  မိဘလုပ်သူတွေ ခလေးတွေကို ခေါ်မလာရင် ငြူငြူဆူဆူလုပ်ပြမယ်။ အလုပ်မပေးချင်တဲ့ အမူအယာ ပြမယ်။ ဒီတော့ ထုံးစံအတိုင်း မိဘတွေက ခလေးတွေကို ကျောင်းမတက်ခိုင်းတော့ပဲ တောင်ယာမြောင်းဘောင်ပေါ် တက်ခိုင်းရတာ မိရိုးဖလာလို ဖြစ်လာပါတယ်။ ခလေး တွေကို အသုံးပြုချင်တဲ့ အကြောင်းရင်းကတော့ လုပ်ခက မုန့် ဘိုးပဲဘိုးပဲ ပေးရတာ ကိုး။ အာလူးရွေး၊ မုန်လာစည်း၊ ငရုတ်သန့် ၊ ပိုးသတ်ဆေးဖြန်း၊ ပန်းပင်ရေလောင်း ဆိုတဲ့ အပေါ့စား အလုပ်ဆိုပေမဲ့ အရွယ်နဲ့ မညီ၊ ရာသီနဲ့ မမျှ လုပ်နေကြရတာပါ။ ခလေးတွေက အရာရာကို သိမ်ငယ်ကြောက်လန့် နေရတဲ့အတွက် မော်မကြည့်မိ အောင် ခိုင်းတာကိုပဲ ပြီးအောင်စီးအောင် လုပ်ကြရပါတယ်။ ကုန်ကုန်ပြောရရင် ခလေးတွေ ကျောင်းပိတ်ရက်ဆိုရင်တောင် ပြောင်းဖူးတော့ ချိုးရမယ်ဆိုတဲ့ အမိန့်  ထုတ်ထားသလိုပါပဲ။

အထူးသဖြင့် ဖုတ်ဖရ၊ ဆအိုအရပ်တွေဟာ ခလေးခိုးမှု၊ ဖြားယောင်းသွေး ဆောင်မှု၊ လူကုန်ကူးမှု၊ မိန်းခပျိုရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး ဖောက်ကားမှု စတဲ့ ဒုစရိုက်လုပ်ငန်းတွေ ပြွမ်းတီးနေတာကြောင့် နေတတ်မှ မသေ၊ ရေတတ်မှ ငွေ လို့  ဆိုရမှာပါ။ မြန်မာရွေ့ ပြောင်းအလုပ်သမားတွေအဖို့ ကတော့ တနေ့ ၊ နေ့ စားလုပ်ခ ၁၄၀ နဲ့  မုံးသူဌေးမျက်နှာကြည့်နေရ၊ မုံးသူဌေးလက်က မချတဲ့ တူမီးသေနတ်ကို စိုးရွံ့ ရနဲ့ ပဲ အရွယ်ရောက်လာတဲ့ သားသမီးတွေကို စိတ်မောလူမော စောင့်ရှောက် နေရတဲ့ သံသရာက လွတ်မြောက်စေနိုင်မဲ့ ခေတ်ကိုတော့ ရောက်လာလိမ့်မယ် ထင်ပါတယ်။ နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

မောင်လွမ်းဏီ
၁၆ - ၁ - ၂၀၁၃

RFA Articles 156

156 - အာအက်ဖ်အေ သောတရှင်များခင်ဗျား
ခုတလော မဲဆောက်သားတွေ ကွမ်းယာဆိုင်ရှေ့ ကအစ မြန်မာထမင်းဆိုင၊် လက်ဘက်ရည်ဆိုင်ပေါက်စေ့အဆုံး စကားဖွာလောင်ဖွာလောင်၊ ကြွားလုံး ထူထူနဲ့  သူမတူအောင် လူထူးလူဆန်းတွေ ဖြစ်နေပါတယ်။ မြန်မာရုပ်ရှင်ကားတွေ ပြသမဲ့ ရုပ်ရှင်ရုံ ၄ ရုံပါ လိုတတ်စ် (Lotus) ကုန်တိုက်ကြီးကလည်းစဖွင့်။ ဆောက်လုပ်ဆဲ ဘစ်စီ (Big C) ကုန်တိုက်ကြီးကိုလည်း စိတ်ကူးနဲ့  ပုံဖော်နေကြတာတုန်း၊ ဗြုံးကနဲ ဒိုင်းကနဲ ထိုင်းဝန်ကြီးချုပ်ယင်လတ်ကလည်း မဲဆောက်ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာပြီး မဲဆောက် - မြ၀တီတံတားသစ်ကြီးတခု အမြန်ဆုံး ဆောက်လုပ်သွား မယ်၊ နိုင်ငံတကာလေဆိပ်တခုအပြင် မြို့ တော်ဘန်ကောက်နဲ့  ချိတ်ဆက်သွယ် တန်းဖို့  ခေတ်မီရထားလမ်းတွေလည်း ဖောက်လုပ်မယ်။ ဒီစီမံကိန်းတွေဟာ တာတ်ခ်ခရိုင် မဲဆောက်ဒေသ၀န်းကျင်မှာ ပေါက်ပေါက်လာမဲ့ အထူး စီးပွားရေးဇုန်နဲ့  ဆက်စပ်မှုတွေဖြစ်နေတော့ သတင်းကြားရရုံနဲ့ ပဲ မဲဆောက်သားတွေ လက်ခ မောင်းခတ်မယ်ဆိုလည်း ခတ်ချင်စရာကိုး။ အထူးသဖြင့် အလုပ်အကိုင် အခွင့် အလန်းသစ်တွေ ရရှိလာမယ်၊ လုပ်ခလစာတွေ သတ်မှတ်စံချိန်စံညွှန်းနဲ့ အညီ ခံစားကြရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေက မြန်မာရွေ့ ပြောင်းအလုပ်သမား မိသားစုတိုင်းကို ရွှေရောင်အိပ်မက်တွေ ပေးဝေနေတာကြောင့် ဖြစ်ပါတယ်။     
   
 ဒါ့ပြင် ဇန်န၀ါရီလ ၁၅ ရက်နေ့ က ဘန်ကောက် မြန်မာသံရုံး သတင်းစာ ရှင်းလင်းပွဲကလည်း မြန်မာရွေ့ ပြောင်းအလုပ်သမားတွေကို နိုင်ငံသားစိစစ်ခြင်း၊ ၀ပ်ပါမစ်ပြုလုပ်ခြင်းနဲ့  ယာယီပတ်စပိုစ့် (ခရမ်းရောင်) ထုတ်ပေးခြင်း လုပ်ငန်းတွေကို နေ့ ချင်းပြီး ဆောင်ရွက်ပေးမယ်လို့  ထုတ်ပြန်လိုက်တဲ့အတွက်လည်း ထိုင်းနိုင်ငံ ရောက်မြန်မာရွေ့ ပြောင်းအလုပ်သမားတွေအဖို့  ရှယ်သတင်းလို့  ဆိုရမှာ ဖြစ်ပါ တယ်။ နောက်ဆက်တွဲအဖြစ် ဇန်န၀ါရီ ၂၀ ရက်နေ့ က ထုတ်ပြန်လိုက်တဲ့သတင်း ကြောင့်လည်း မြန်မာအလုပ်သမားမိသားစုတွေဟာ ၀မ်းသာအားရ ဖြစ်ကြရပါတယ်။ မြန်မာအလုပ်သမားတွေကို ယာယီပတ်စပို့ စ်တွေ နေ့ ချင်းပြီး ထုတ်ပေးမဲ့အပြင် သူတို့ တွေရဲ့ မိသားစုဝင် အသက် ၁၅ နှစ်အောက် သားသမီးတွေကိုလည်း ယာယီ နိုင်ငံကူးစာအုပ် (မှီခို) (အစိမ်းရောင်) ထုတ်ပေးတော့မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ မြန်မာသံရုံးကကြီးကြပ်ပြီး မြန်မာအလုပ်သမားဝန်ကြီးဌာနက လာရောက်ဆောင် ရွက်မှာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ်တွေလည်း အနည်းငယ်တော့ သက်သာမှာ ဖြစ်ပါတယ်။ ယခင်က ပွဲစားခနဲ့ ပေါင်းလိုက်ရင် ၁၀၀၀၀ ကျော် သောင်း ၂၀၀၀ လောက် ကုန်ကျလေတော့ တော်ရုံ အလုပ်သမားတွေအဖို့  မစဉ်းစားရဲပါဘူး။ ခုကတော့ ဈေးချိုသွားတယ်လို့ ပဲ ပြောရမယ်ထင်ပါတယ်။ ယာယီနိုင်ငံကူးလက်မှတ် အတွက် ကုန်ကျစရိတ်က ထိုင်းဘတ်ငွေ ၅၅၀။ ထိုင်းနိုင်ငံ အတွင်းမှာ နေထိုင်ခွင် ၂ နှစ် ဗီဇာအတွက် ၅၅၀ ဘတ်။ သွေးစစ်ခ ၆၀၀ ဘတ် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်ဖြစ်တဲ့ ကျန်းမာရေး အာမခံအတွက် ဘတ် ၁၉၀o။ ၂ နှစ် အလုပ်လုပ်ကိုင်ခွင့် (၀ပ်ပါမစ်) အတွက် တနှစ်ကို ဘတ် ၁၉၀၀ ဆိုတော့ ၂ နှစ်စာ ဘတ် ၃၈၀၀။ ပေါင်းလိုက်ရင် ၇၆၀၀ အနည်းလေးတော့ ကုန်ကျမှာပါ။ ထုံးစံအတိုင်း မျှတတဲ့ အကျိုးဆောင်ခ ထည့်ပေါင်းရင် ၈၀၀၀ ကတော့ ပျော့ပျော့လေး ကုန်မှာပါပဲ။ တခုတော့ ရှိတယ်ပေါ့လေ။ ဒါက သူဌေးအဆင်သင့် ဖြစ်တဲ့ အလုပ်သမားတွေ အတွက်ပါ။ သူဌေးမရှိလို့  သူဌေးအငှါးလုပ်ပေးမဲ့ အကျိုးဆောင်ခက ၈၀၀ ဘတ် ကိုလည်း အလုပ်သမားကပဲ ကျခံရှင်းပေးရမှာ ဆိုပြန်တော့ ၈၀၀၀ ကျော်သွားပါပြီ။ အတန်ငယ် ဈေးသက်သာတယ်ဆိုတာထက် ၂ နှစ် အလုပ်လုပ်ခွင့်ရတာ။ နေ့ ချင်း ပြီး ဆောင်ရွက်ပေးမယ်ဆိုတာနဲ့  လုပ်ငန်းရှင်ပြောင်းလဲခွင့်လည်း ရမယ်ဆိုတာက ကျေနပ်စရာပါ။

ယခုသတ်မှတ်လိုက်တဲ့ ခရိုင်မြို့ တွေဖြစ်တဲ့ စမုတ်စခွန်၊ စမုတ်ပရကန်၊ ချင်းမိုင်၊ စူရပ်ဌာနီ၊ ပထုံဌာနီ၊ ကန်ချနပူရီ၊ ရနောင်း၊ ခွန်ကယ်၊ ဆုန်ခလာနဲ့   နကွန်ရာစီမာရပ်တို့ မှာ နိုင်ငံသားစိစစ်ခြင်းနဲ့  ယာယီပတ်စပိုစ့် ထုတ်ပေးတဲ့ လုပ်ငန်း တွေကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၅ ရက်နေ့က စပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့ကြား (တလတာ) အချိန်အတွင်းမှာ တရားဝင် စာရွက်စာတမ်း မရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ ရုံး ၁၀ ရုံးမှာ နာမည် စာရင်းတွေ၊ မိသားစုဝင်စာရင်းတွေကို လာရောက်ပေးသွင်းရမှာ ဖြစ်သလို သက်ဆိုင် ရာရုံးတွေကလည်း ဒီတလအတွင်းမှာ စိစစ်မှုတွေကို ပြီးစီးအောင် ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။  ဖေဖော်ဝါရီလ ၁၅ ရက်ကနေ မေလ ၁၅ ရက်ကြား ၃ လ အတွင်း ကျန်ရှိတဲ့တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို သတ်မှတ်ရုံး တွေမှာ နေ့ချင်း တနေရာတည်းနဲ့အပြီးအစီး နိုင်ငံသားစိစစ်ပြီး မှတ်ပုံတင် ထုတ် ပေးသွားမှာလည်း ဖြစ်ပါတယ်။ ကဲ ဘယ်လောက်ကောင်းတဲ့ မြန်မာရွေ့ ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေပါလဲ။ သို့ သော်။ ထိုသို့ သော်ကို ချွင်းချက်အဖြစ် ပြောကြည့်ကြရအောင်ပါ။ အထူးစီးပွားရေးဇုန် ရွှေအိပ်မက်တွေနဲ့ ဝင်းမည့်နေတဲ့ ကိုရွှေမဲဆောက်သားတွေရဲ့  အနေအထားကို တီးခေါက်ကြည့်တော့  ခေါင်းခါလည် ခါနဲ့ ဖြေပါတယ်။ ရွေ့ ပြောင်းမြန်မာအလုပ်သမား ၃ သိန်းကျော် ရှိနေတဲ့ တာတ်ခ် ခရိုင်၊ မဲဆောက်မှာ ဘာလို့  အဲလိုရုံး မစိုက်တာလဲ နားမလည်နိုင်ကြပါဘူး။  မြ၀တီ ဘက်ကို သွားပြီး အချိန်ကုန် လူပန်း ငွေခမ်းခံပြီး လုပ်ခဲ့ရတဲ့ ယာယီပတ်စပိုစ့် ကလည်း တာတ်ခ်ခရိုင်က ကျော်ပြီး ဘယ်မှ သွားလာလို့ မရပါဘူး။ လုပ်ခလစာ ကလည်း ဥပဒေပြဌာန်းထားတဲ့အတိုင်း ဘတ် ၃၀၀ မပြောနဲ့  ၂၂၆ ဘတ်တောင် ပေးချေတဲ့စက်ရုံက ၄ - ၅ ရုံထက်မပို။ ဟိုတလောက ၂၂၆ ဘတ်ပေးပြီး ဆန္ဒပြ တောင်းဆိုတဲ့ ဦးစီးဦးဆောင်တွေ ထုတ်ပယ်ခံရလို့  မကြေမလည် ဖြစ်နေတာတွေက လည်းရှိနေသေး။ ဟုတ်ပါပြီ တဲ့။ ဘာလက်မှတ်မှ မရှိပေမဲ့ သားသမီးတွေ ရှိနေတော့ အဲဒီ့ရုံးတွေကို ဘာလက်မှတ်နဲ့ ကိုင်ပြီး သွား စာရင်းသွင်းရမှာလဲလို့  မေးသူကမေး။ လက်မှတ်လုပ်ဖို့ ပဲ အာမခံတွေ အမျိုးမျိုးပေးပြီး လုပ်ခိုင်းနေတယ်။ ဘတ် ၃၀၀ ရစေ ရမယ်၊ မဲဆောက်မှာ ဘယ်ရဲကမှ ဖြဲခြောက်တာ မခံရစေရဘူးလို့  သံရုံးက ပြောလား လို့  ကွမ်းတပျစ်ပျစ်နဲ့  ပြောသူကပြော။ ကရင်အဖွဲ့ အစည်းတွေ၊ မဲဆောက်မှာ နိုင်ငံရေးအဖွဲ့ အစည်းတွေ ရှိတာကြောင့် မဲဆောက်မှာ ရုံးမဖွင့်ရဲတာ နေမှာပေါ့လို့  ထေ့ငေါ့သူကလည်း တမျိုး။ အယ်ဆိုင်းဇီတို့ ၊ စိုင်းစိုင်းခမ်းလှိုင်တို့ ၊ R ဇာနည် တို့ ၊ Iron Cross တို့  လေးဖြူတို့  တောင်လာတယ်ဗျာ၊ မြန်မာသံရုံးက ဘယ်သူများ လာလဲ၊ အလုပ်သမားအရေး ဘာတောင်းဆိုပေးလဲ။ တခါလာ ပြဿနာတက်ရင် တံတားပိတ်လိုက်ပြီ ဆိုတာနဲ့ ပဲ၊ ခံနေရတာက ကျုပ်တို့ ပါဗျာဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ထိုင်းအရက်ဖြူနံ့  သင်းသင်းနဲ့  ခံပြင်းနေပုံရပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ မြန်မာသံရုံးက မဲဆောက်မှာ ရုံးလာ ဖွင့်ဖွင့် မဖွင့်ဖွင့်၊  လုပ်ခ ၃၀၀ ရ ရ မရရ။ တန်းလျားခန်းတွေ လောလောဆယ် ဈေးမတက်ဖို့ ၊ မြေခပေးဆောက်နေတဲ့ ကျုပ်တို့  ကျူးကျော်တဲတွေ အဖျက်သိမ်းမခံရဖို့ ၊ သူဌေးက မြေကွက်ကို စီးပွားရေးဇုန်လုပ်မှာမို့  မတန်တဆဈေးရလို့  ရောင်းပစ်လိုက်မှာတို့  ကိုပဲ ကြောက်တယ်။ ခင်ဗျား နားလည်ပါတယ် ဆိုတဲ့ ကျွန်တော်တို့  ရပ်ကွက်ထဲက ပရိဘောဂဆရာရဲ့  ဒဿနကတော့ သူ့ အတွက် လက်တွေ့ ကျပါတယ်။
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

မောင်လွမ်းဏီ
၂၃ - ၁ - ၂၀၁၃

RFA Articles 157

အာအက်ဖ်အေ သောတရှင်များခင်ဗျား
 
ခုတလောမှာတော့ မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနရဲ့  ကြေငြာချက်တွေ၊ ဆောင်ရွက်ချက်တွေကတော့ အားရစရာကောင်းလာနေပါတယ်။ ထိုင်းအစိုးရနဲ့  ညှိ နှိုင်းပြီး တရားဝင် တရားမ၀င် မြန်မာအလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ ထိုင်းနိုင်ငံအတွင်းက ခရိုင်မြို့  ၁၀ မြို့ မှာ ဖန်န၀ါရီလကနေ ဖေဖော်ဝါရီလ အတွင်း မှာ စာရင်းပေးသွင်းမှုတွေ လက်ခံဆောင်ရွက်ပေးမှာ ဖြစ်သလို မတ်၊ ဧပြီ၊ မေလ အတွင်း သင့်တင့်မျှတ၊ ကျသင့်တဲ့စရိတ်စကနဲ့  ယာယီပတ်စပိုစ့် ၂ နှစ် သက်တမ်း စာအုပ်ကို နေ့ ချင်းပြီး လုပ်ပေးမှာ ဖြစ်တာရယ်၊ ၁၅ နှစ်အောက် သား သမီးတွေ (မှီခို) နိုင်ငံသားစိစစ်ရေးစာအုပ် ပြုလုပ်ပေးမှာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံရောက် တရားမ၀င် မြန်မာရွေ့ ပြောင်း အလုပ်သမားတွေအနေနဲ့  မြန်မာပြည်တွင်းကို အကြောင်းကြောင်းကြောင့် ပြန်လည်ဝင်ရောက်လိုပါက ဒါမှမဟုတ်လည်း ပြန်လည် ၀င်ရောက်လာပါက လူမှုရေးအကူအညီဖြစ်တဲ့ လုပ်ငန်းတွေအတွက် ဘတ်ဂျက်ထား ရှိကာ အသင့်ဆောင်ရွက်ပြုလုပ်နေပါတယ် ဆိုတဲ့  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ရှိသူတဦးက ပြေဆိုလိုက်တာကို လည်း မြန်မာအလုပ်သမားလောကအဖို့  ယုံတမ်းစကားလေလား၊ ဟုတ်ပါ့မလား မောင်ကာဠု ရဲ့ လို့  မေးမြန်းစူးစမ်း ရလေမလားလို့ တောင်  အံ့အားသင့်စရာ မဟုတ်လား။ ဘယ်ခေတ် ဘယ်အခါကမှ မကြားခဲ့ဘူးတဲ့ အစီအမံတွေ ဖြစ်နေတာ ကြောင့်ပါ။ ဟိုစဉ်ကဆို တဘက်နိုင်ငံကို တရားမ၀င် သွားရောက် အလုပ် လုပ်ကိုင် တယ်ဆိုပြီး ပုဒ်မအမျိုးမျိုး တပ်ဆင်ပြီး ထောင်ဒဏ် ငွေဒဏ်တွေ ချခဲ့စီရင်ခဲ့သေး တာကိုး။ ဒီအစီအစဉ်မှာလည်း နေရပ်ရင်းမှာ ပြန်လည်နေရာချထားရေး၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းတွေအတွက် ကူညီထောက်ပံ့ပေးရေး စတာတွေ ပါဝင်နေ ပြန်တော့ ယုံရခက်ကြီးပါဗျာလို့  မှတ်ချက်ပြုသူကလည်း ပြုတာပါပဲ။ သူတို့  အတွေ့  အကြုံတွေအရ ခေတ်အဆက်ဆက် မြန်မာအစိုးရ ရုံးဌာနတွေရဲ့  လက်ဘက်ရည်ဘိုး ယဉ်ကျေးမှုနဲ့  အထက်အဆင့်ဆင့်၊ အောက် အထစ်ထစ် စနစ်တွေက လွှမ်းမိုးလာ ခဲ့တာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်။ 
       
 ဘာပဲပြောပြော ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံ မြန်မာသံရုံး အပါအ၀င် ပြည်တွင်းက ဆက်နွယ်ပတ်သက်တဲ့ ၀န်ကြီးဌာန အသီး သီးရဲ့  ယခုလို ပူးပေါင်းဆောင်ရွက်မှုတွေ၊ အလေးထားဂရုပြုလာတာတွေကတော့ လက်တွေ့ ကျသည် မကျသည်ထား ကောင်းမွန်တဲ့ လက္ခဏာဆောင်လာတာတော့ စောင့်ကြည့်သေးတာပေါ့ဆိုတဲ့ စကားကို ချေဖျက်နိုင်ရင် ဘ၀င်ကျတဲ့ရလဒ်အကျိုး တွေ ရရှိလာမှာပါ။ နောက်တခု ထူးခြားချက်လည်း ရှိနေပြန်ပါသေးတယ်။ အဲဒါက တော့ အမြဲလိုလို ပြဿနာဖြစ်၊ အငြင်းပွားဖွယ်ဖြစ်၊ ဖြေရှင်းရခက် ဖြစ်နေတဲ့ အလုပ်သမား တင်ပို့ တဲ့ MoU ကိစ္စတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နားလည်မှု စာချွန်လွှာ MoU နဲ့  ရောက်ရှိလာတဲ့ အလုပ်သမားတွေဟာ အတော်လေးကို ဒုက္ခ ရောက်ရ၊ ပြဿနာ ဖြေရှင်းရနဲ့  လုံးချာလည်နေဆဲ ဖြစ်ပါတယ်။ ခုလတ်တလော မှာပဲ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့  သတင်းထုတ်ပြန် ချက်အရ ထိုင်းနိုင်ငံကို စေလွှတ်ပို့ ဆောင်နေတဲ့ တရားဝင်လိုင်စင်ရ အေဂျင်စီ တွေဟာလည်း လိုက်နာရမဲ့ အချက်အလက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့   ကိုက် ညီမှု မရှိခဲ့ရင် အလုပ်သမားတွေအနေနဲ့   တိုင်ကြားနိုင်ပြီး မလိုက်နာတဲ့ အေဂျင်စီ တွေကို ဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့  မြန်မာရွေ့ ပြောင်း အလုပ်သမားအရေး ဆောင်ရွက်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံက အလုပ်သမားအဖွဲ့  တချို့ ရဲ့  အမြင်သဘောထားကို ဆွေးနွေးမေးမြန်းကြည့်ပါတယ်။ ယေဘူယျ ပြောရရင်တော့ ကောင်းပါတယ်။ ဒါမှလည်း အလုပ်သမားတွေဘက်က မျှတတယ်လို့  ယူဆမှာပေါ့။ နောက်တချက်က အေဂျင်စီတွေကို တရားဥပဒေ အကြောင်းအရ အရေးယူဆောင်ရွက်တာကတပိုင်း၊ အလုပ်သမားတွေရဲ့ နစ်နာ မှုတွေ၊ ဆုံးရှုံးမှုတွေ အတွက်လည်း ထိုက်သင့်တဲ့ နစ်နာကြေး၊ လျော်ကြေး ဆိုတာမျိုးကိုလည်း ပြင်ဆင်ပြဌာန်းလာတဲ့ အလုပ်သမား ဥပဒေတွေနဲ့ အညီ ပေးဆောင်စေတဲ့ စီရင်ဆုံးဖြတ်မှုမျိုးတွေ ချမှတ်လုပ်ကိုင်ပေးနိုင်ရင် ပိုမိုအသက်ဝင် လာပြီး အလုပ်သမားတွေအတွက် အတိုင်းအတာတခုအထိ အာမခံမှုတွေ ဖြစ်လာ နိုင်တာပေါ့လို့  ပြောဆိုကြတာတွေကိုလည်း ၀န်ကြီးဌာနတွေအနေနဲ့  ထည့်သွင်း စဉ်းစားဖို့  လိုပါတယ်။ ဒါကတော့ မြန်မာပြည်တွင်း အေးဂျင့်တွေနဲ့  ပတ်သက်တာ ပါ။ သို့ ပေမဲ့ အလုပ်သမားစေလွှတ်တဲ့ ကိစ္စရပ်မှာ ထိုင်းနိုင်ငံဘက်က အေဂျင်စီ တွေလည်း ဆက်စပ်ပါဝင်နေတာတွေလည်း ရှိနေပါတယ်။ ဒီအေဂျင်စီတွေကတော့ ထိုင်းလုပ်ငန်းရှင်ဘက်က အေဂျင့်တွေပဲ ဖြစ်ပါတယ်။ အမြဲရင်ဆိုင်ကြုံတွေ့ ရတာက ငါးဖမ်းပိုက်စက်ရုံမှာ လုပ်ခ လစာ ဘယ် ရွေ့ ဘယ်မျှ၊ နေထိုင်မှုအဆင့်အတန်းက ဘယ်လို၊ ကျန်းမာရေးစောင့်ရှောက်မှုက အိုကေ စတဲ့ စာချုပ်စာတမ်းတွေနဲ့  ရောက်ရှိလာခဲ့ပေမဲ့ ထိုင်းရောက်တဲ့အခါ ရာဘာခြံထဲ ရောက်သွားတာ၊ ပင်လယ် ငါးဖမ်းလှေပေါ် ပစ်တင်လိုက်တာတွေက  ယနေ့ ထိ ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာ အေးဂျင့်တွေကို တိုင်ကြားလို့  ရပြီထား၊ ခုလို ထိုင်းအေးဂျင့်တွေဘက်က စည်းကမ်း ချိုးဖောက်တာတွေကို တိုင်ဖို့ ကြားဖို့ ဆိုတာ အလွန်ခက်ခဲသလို အသက်အန္တရာယ် အထိ စိုးရိမ်ရတာပါ။ ဒါကြောင့် မြန်မာသံရုံးနဲ့  မြန်မာသံရုံးမှာ ရုံးထိုင်နေတဲ့ မြန်မာ အလုပ်သမားသမားအရေး ဖြေရှင်းပေးမဲ့ တာဝန်ရှိသူတွေ၊ ယာယီပတ်စပိုစ့် လုပ်ကိုင် ပေးနေတဲ့ ထိုင်းနိုင်ငံခရိုင်မြို့တွေက ရုံးတွေအနေနဲ့  အလေးထား တွန်းတွန်း တိုက်တိုက် ဆောင်ရွက်ပေးနိုင်မှသာ MoU ပြဿနာကို ကျော်လွှားနိုင်မှာ ဖြစ်ပါ တယ်။ 

ထိုင်းနိုင်ငံကို မြန်မာအလုပ်သမားတွ စေလွှတ်တဲ့နေရာမှာလည်း အေဂျင်စီ တွေအနေနဲ့ အလုပ်သွားရောက်လုပ်ကိုင်မဲ့ သူတွေဆီက ပြည်တွင်းခရီးစရိတ်၊ စားစရိတ်နဲ့ နေစရိတ်တွေကို ငွေကျပ်တသိန်း (ဘတ် ၃၇၀၀၊ မဲဆောက်ဈေး) ထက် ပိုပြီးကောက်ခံခြင်း မပြုဖို့ ။ မြန်မာနဲ့ ထိုင်းနိုင်ငံ နှစ်ဘက်စလုံးအတွက် အလုပ် သမား စေလွှတ်မှု လုပ်ငန်းဆောင်ရွက်ရာမှာ ကုန်ကျစရိတ် ဘတ်တသောင်း (ကျပ် ၃သိန်း နီးပါး) ထက် ပိုမယူဖို့  ဖော်ပြထားပါတယ်။ အေဂျင်စီတွေဟာ အလုပ်သမား တွေရဲ့ နေထိုင်မှုကို အခမဲ့ စီစဉ်ပေးရမှာ ဖြစ်ပြီး ကော့သောင်းနဲ့  တာချီလိတ်မြို့ တွေကတဆင့် ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်မဲ့ အလုပ်သမားတွေအတွက် လေကြောင်း၊ ရေကြောင်း ခရီးစရိတ်တွေကိုလည်း သတ်မှတ်ထားတဲ့ ကုန်ကျစရိတ် အတိုင်း ကောက်ခံရမှာ ဖြစ်တယ်လို့  ထုတ်ပြန်ထားတဲ့အထဲမှာ ပါဝင်ပါတယ်။
အရေးတကာ့ အရေးထဲမှာ အရေးကြီးဆုံးအချက်ကတော့ ခုလို ဖော်ပြ ကန့် သတ်ထားချက်ပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို အလုပ်သမား စေလွှတ်ဖို့ အတွက် သတ်မှတ်ထားတဲ့ အေ;ဂျင့်တွေနဲ့ သာ ဆောင်ရွက်ရမှာဖြစ်ပြီး ယာယီအကျိုးဆောင် လိုင်စင်ရ ကုမ္ပဏီတွေဟာ ပွဲစားတွေနဲ့ ဆက်သွယ်ပြီး အလုပ်သမား စုဆောင်းတာ၊ စေလွှတ်တာတွေကို ခွင့်ပြုသွားမှာ မဟုတ်ပါဘူးဆိုတဲ့ အချက်ပါပဲ။ မဲဆောက်မှာ တော့ မြန်မာဘက်က ပွဲစားရုံးလား၊ ထိုင်းလုပ်ငန်းရှင် ကိုယ်စားပြုရုံးလား ခွဲရခက်တဲ့ ရုံးတွေကတော့ ဆိုင်းဘုတ်တွေ ပြောင်ပြောင်တင်းတင်း ထောင်ထားတာ တွေ့ ရ ပါတယ်။ မြန်မာသံရုံးက ပြောထားတဲ့ သက်သာမျှတတဲ့ အကျိုးဆောင်ခနဲ့  လုပ်ပေး မှာပါဆိုတဲ့ ယာယီပတ်စပိုစ့်ဈေးကတော့ လောလောဆယ် ဘန်ကောက်မှာ အပြီး အစီး ၁၃၀၀၀ ကနေ ၁၅၀၀၀ မှ အလုပ်ဖြစ်တယ်လို့  ပြောနေကြပါတယ်။ ပွဲစား မရှိတော့တဲ့ ခေတ်ကို ရောက်ရမည်မှာ မလွဲပါလို့  ပြောနိုင်လေပြီလား။
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

မောင်လွမ်းဏီ
၃၀ - ၁ - ၂၀၁၃

ချစ်သုဝေ ( သို့မဟုတ်) မြန်မာ့ အင်ဂျလီနာဂျိုလီ

ထိုင်းနိုင်ငံ၊ တောင်ပိုင်းဖန်ငဒေသဟာ၂၀၀၄ ခုနှစ်လောက်က အရှေ့တောင်အာရှနဲ့ တောင် အာရှနိုင်ငံတော်တော်များများမှ ထောင်သောင်းချီတဲ့၊ လူ့အသက်ပေါင်းများစွာ သေကြေ ပျက်စီး ဆုံးရှုံးစေတဲ့၊ သန်းပေါင်းများစွာသော လူသားမျိုးနွယ်တွေကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ၊့     ကြမ်းတမ်း ခက်ထရော်လှတဲ့ မှော်သားနဲ့ အတိပြီးနေတဲ့ ။


"၀န်းကျင်တစ်ခုထဲက  မုန်တိုင်းစစ်မြေပြင်။ 
ဒီလှိုင်းတွေရဲ့  ထိုးစစ်ဒေသ၊ 
ဆူနာမီလို ရေအောက် ၀ံပုလွေအန္တရာယ်။ "


ဒီလို ရန်ဆူး ရန်စွယ် ထူပြောလှတဲ့ဒေသမှာ သမုဒရာ ၀မ်းတထွာအတွက် လာရောက် အလုပ်လုပ်ကိုင် ရုန်းကန်နေကြရတဲ့ ထောင်၊သောင်းချီတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေလည်း သဘာဝဘေးဒဏ်တွေရဲ့  သားကောင်တွေ ဘ၀နဲ့ ရုန်းကန်ရှင်သန်နေကြရသလို မိုးလေ၀သရဲ့  အတိုက်စားခံ ဓါးစာခံတွေ ဖြစ်ခဲ့ရတဲ့ ပင်လယ်ကမ်းခြေ ဘ၀စာမျက်နှာများရဲ့ လှိုင်းပုတ်သံတွေပါ။


၂၀၀၄ ဆိုနာမီမတိုင်ခင်က၊ ဒီဒေသမှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေအတွက် ပညာ ရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ မရှိခဲ့ပါဘူး။ ၂၀၀၅ ခုနှစ် အစပိုင်းကစပြီး ယခုအချိန်အထိ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေများစွာ ပေါ်ပေါက်လာခဲ့ပေမဲ့ အများစုဟာ ခုအချိန်မှာ အကြောင်းအမျိုး မျိုးနဲ့  ဆင်းရဲတွင်းက ထွက်ခွာသွားကျပေမဲ့ ခုအချိန်ထိ မြန်မာရွေ့ပြောင်းအလုပ်သမား ကလေးငယ် တွေရဲ့ပညာရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာအဖွဲ့အစည်းတစ်ခုကတော့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း။ 


ဖောင်ဒေးရှင်းရဲ့  လှုပ်ရှားမှုတွေဟာ ထိုင်းနိုင်ငံ၊ ဖန်းငဒေသတွင်းမှာ အလုပ်လုပ်ကိုင် နေ ထိုင် ရှာဖွေစားသောက်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝကို ထင်ဟပ် ပေါ်လွင် စေပြီး မြန်မာ့အခြေခံ လူ့အဖွဲ့အစည်းနဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ပညာရေးဟာ ကျနော်တို့ လူ့  အဖွဲ့ အစည်းအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတယ်ဆိုတာကို ပညာပေးရုပ်ရှင် ဇာတ်လမ်း တိုတစ်ကားကို ရိုက်ကူးပုံဖော်တဲ့အခါ။   


ဒီရုပ်ရှင်ဇာတ်လမ်းလေးကို မြန်မာနိုင်ငံက နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ကြီးကြပ်ရိုက်ကူးပြီး စွယ်စုံရအနုပညာရှင်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂနာမှလည်း ၀န်းရံ ကူညီပံပိုးပေးခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေအဖြစ် မြန်မာနိုင်ငံတွင်းမှာ လူမှုရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေကြတဲ့ ရုပ်ရှင်မင်းသားရဲတိုက်နဲ့ အဆို တော် မင်းသမီးချစ်သုဝေတို့ပါ။ သူတို့လေးတွေဟာ အလုပ်တာဝန်တွေများနေတဲ့ကြားက ၊ထိုင်း နိုင်ငံမှာ လာရောက်လုပ်ကိုင် ရုန်းကန် စားသောက်နေကြရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးလေးတွေရဲ့ ပညာရေးအတွက် အနုပညာကြေးမယူဘဲ၊ အခမဲ့ရိုက်ကူးပေးခဲ့တဲ့ မေတ္တာဒါန ပါ။ ရုပ်ရှင်ဇာတ်ကားအကြောင်းကို လာရောက်သတင်းယူခဲ့တဲ့ VOA အကြီးတန်းသတင်းထောက် Mr.Ron Corben ဟာ ရိုက်ကွင်းမှာ ကိုယ်တိုင်တွေ့ ကြုံခဲ့တဲ့ မင်းသမီးလေးချစ်သုဝေနဲ့  ပတ်သက်ပြီး သူ့ရဲ့အမြင်ကလည်း အံ့သြ၀မ်းသာမှုတွေနဲ့ စိုစွတ်နေပါတယ်။
       
“ ကျနော့်အနေနဲ့ နှစ်ပေါင်းများစွာ သတင်းထောက်လုပ်ခဲ့တဲ့ အတွေ့အကြုံအရ၊ နိုင်ငံတကာ က နိုင်ငံရေး၊ခေါင်းဆောင်တွေ၊ လူ့ အခွင့်အရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာရုပ်ရှင်မင်းသား၊ မင်းသမီး၊ အဆိုတော်ပေါင်း မြောက်များစွာကို၊ အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။ မြန်မာမင်းသမီးလေး အဆိုတော်ချစ်သုဝေကို အင်တာဗျူးရတာ ကျနော့်အနေနဲ့  တော်တော့်ကို စိတ်လှုပ်ရှားမိပြီး အားရ ကျေနပ်မှုဖြစ်ခဲ့ပါတယ် ဆိုတဲ့ စကားတွေထဲမှာ ရိုးသားတဲ့သံစဉ်တွေ လွင်နေပါတယ်။    ဆက်ပြီး သူ ပြောပြတာက သူမရဲ့စကားလုံးတွေဟာ သူမရဲ့ရင်ထဲက စီးဆင်းကျလာတာပါ။ ထိုင်းနိုင်ငံတွင်းမှာ နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ သူမရဲ့ လူမျိုးတွေ နေထိုင်စားသောက် လုပ်ကိုင်နေတာ ကိုယ်တိုင်တွေ့မြင် ခံစားရတော့ သူမအနေနဲ့ ကြေကွဲထိခိုက်ဖြစ်မိပုံရပါတယ်။ ကျနော် လိုက်လံ ကြည့်ရှုခဲ့ဖူးတဲ့ ရိုက်ကွင်းတိုင်းလိုလိုမှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေနဲ့  ရင်းရင်းနှီးနှီး အကျွမ်း တ၀င် စကားပြောဆိုနေတာကို တွေ့ရတတ်သလို အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စ တွေကို မေးမြန်းစူးစမ်းလေ့ရှိပါတယ်။ အလုပ်သမားတွေနဲ့ စကားစမြည်ပြောဆိုပြီးတိုင်း သူမရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေ အစဉ်တွဲခို နေတတ်ပါတယ်။ သူ့တို့ လူမျိုးအတွက်၊ ပညာရေး၊ ကျန်းမာ ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအတတ်နိုင်ဆုံး ကူညီဆောင်ရွက် ဖြည့်ဆည်းပေးချင်ပုံရပါတယ်။ ကျနော် သူမကို လေးစားချစ်ခင်စိတ်နဲ့  မြန်မာနိုင်ငံရဲ့ Angelina Jolie ခေါ်လိုက်ပါရစေ။”


မင်းသမီးချစ်သုဝေကို၊ရိုက်ကွင်းတိုင်းမှာ အနီးကပ် အကူအညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းက၊ မချစ်စုလှိုင်ရဲ့  ရင်ထဲက ကျသက်လာတဲ့ စကားလေးတွေကလည်း ချစ်သုဝေဆိုတဲ့ မင်းသမီးလေးရဲ့  စာနာမှုပုံရိပ်လေးတွေကို ထင်ဟပ်စေပါတယ်။  “ တိုင်းခြားနိုင်ငံ ထဲမှာ ပင်ပန်းဆင်းရဲစွာ ရှာဖွေစားသောက်နေကြရတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေနဲ့ ကျမတို့အဖွဲ့အစည်းရဲ့လုပ်ငန်းတွေကို၊ ရှင်းပြတိုင်း အလုပ်သမားမိသားစုတွေရဲ့ ဘ၀တွေကို ပြောပြ တိုင်း၊ အမချစ်သုဝေယောက် ထိခိုက်ခံစားရပြီး ကြေကြေကွဲကွဲ၊ မျက်ရည်ကျတတ်ပါတယ်။ မြန်မာ နိုင်ငံထဲမှာ အမ ရနေတဲ့ အနုပညာကြေးတွေ၊ ကျော်ကြားတဲ့ရုပ်ရှင်ဇာမ်းလမ်းတွေကို ဥပက္ခောပြု လစ်လျူရှု၊ လက်လွှတ်အဆုံးရှုံးခံ၊ ထိုင်းနိုင်ငံကို လာရောက်ပြီး အဖွဲ့အစည်းအတွက် ကိုယ်ကျိုးတွေ စွန့် ၊ အနစ်နာခံ လာလုပ်ပေးတာပါ။ အခကြေးငွေမယူဘဲ လာရိုက်ပေးရတာ ပိုပြီး ဝမ်းသာတယ်။ ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့  ပြောပြတဲ့ အမချစ်သုဝေရဲ့  မွန်မြတ်မှုကို ဘယ်သူ သာဓုမခေါ်ခေါ် ခေါ်ခေါ် မြန်မာရွေ့ ပြောင်းမိသားစုတွေရဲ့ သာဓုခေါ်သံတွေကတော့ ပင်လယ်ပြင်မှာ ပဲ့တင်ထပ်နေမှာ သေချာ လှပါတယ်။” 


“ မြန်မာနိုင်ငံက နိုင်ငံကျော်အနုပညာရှင်တွေ၊ ကျနော်တို့ အဖွဲ့အစည်းကို လာရောက်ပြီး အကူ အညီ ပေးတာ ကျနော်အနေနဲ့ အရမ်းကို ဝမ်းသာဂုဏ်ယူပါတယ်။ သူတို့တတွေကို လူသားဆန်တဲ့ အနုပညာရှင်တွေလို့ မြင်ပါတယ်။ အဓိကအားဖြင့် လူငယ်အနုပညာရှင်တွေ အနေနဲ့ မိမိတို့ ကျွမ်း ကျင်တဲ့ အနုပညာနဲ့ အခြေခံလူတန်းစား ပြည်သူလူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေအတွက် အပင်ပန်း အဆင်းရဲခံ၊ အနစ်နာခံပြီး အနုပညာကြေးငွေ မယူဘဲ လာရောက်ကူညီတာဟာ ကျနော် တို့  အဖွဲ့အစည်းကို ကူညီတယ်ဆိုတာထက် ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာရွေ့ ပြောင်းအလုပ် သမား မိသားစုတွေရဲ့  ကလေးငယ်တွေ ပညာရေးအတွက် လာရောက်ပြီး အနုပညာနဲ့  အလုပ် အကျွေး ပြုကြတာလို့ ပဲ ထင်မြင်ယုံကြည်မိပါတယ်လို့ ” ပြောပြသွားတဲ့ ဒီရုပ်ရှင်ကားတိုလေးကို ထုတ်လုပ်မဲ့ ပညာရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ရဲ့  စကားသံတွေထဲမှာလည်း ပီတီရွှန်းဝေနေတဲ့ လှိုဏ်သံတွေ မြည်ဟီးနေရှာပေါ့။


မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ၊ ပညာရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် ကျနော် တို့လူ့အဖွဲ့အစည်းမှာ မောင်ရဲတိုက်တို့၊ မချစ်သုဝေတို့လို အောင်မြင်ကျော်ကြားတဲ့ လူငယ် အနုပညာ ရှင်တွေ အများကြီးလိုအပ်ပါတယ်။ မြန်မာ့ အင်ဂျလီနာဂျူလီ လို့  ချစ်သုဝေကို တင်စားခေါ်ဝေါ်ရင်း ရဲတိုက်ကိုလည်း မြန်မာရွေ့ ပြောင်းတို့ ရဲ့စီဇာချားဗစ်လို့ဂုဏ်ပြုလိုက်ပါရစေ။


ရွေ့ ပြောင်းမြန်မာအလုပ်သမားမိသားစုများအတွက် မရွေ့ ပြောင်းသော မေတ္တာ၊ ကရုဏာ၊ စေတနာ များစွာဖြင့်။


မောင်လွမ်းဏီ၊ခန့်ဇော် ပူးတွဲရေးသည်။
၁၇၊၀၅၊၂၀၁၂။


(စာကြွင်း။) မင်းသမီးချစ်သုဝေအား ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး Angelina Jolie နှင့် တင်စား ဖော်ပြခြင်းမှာ  Angelina Jolie အနေဖြင့် မြန်မာဒုက္ခသည်အရေးနှင့် ကမ္ဘာပေါ်ရှိအဖိနိပ်ခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်များအတွက် စွမ်းစွမ်းတမန် ဆောင်ရွက်နေသည့်အပေါ် ခိုင်းနှိုင်းရေးသာခြင်းဖြစ်ပါသည်။ (စာရေးသူ)
ေ၇ွ ပြောင်းတွေအပေါ် ထား၇ှိတဲ့ မေတ္တာစေတနာ ကရုဏာတရားတွေဟာလည်း ဘယ်တော့မှာ မရွေ့ပြောင်းမှာသေချာ။ မင်းသားလေးမောင်၇ဲတိုက်ကိုလည်း ကမ္ဘာ့ေ၇ွ့ ပြောင်းအလုပ်သမားတွေရဲ့ သူရဲကောင်း မက်စီကိုရွေ့ပြောင်းအလုပ်သမားသူရဲကောင်း Cesar Chavez လို့  တင်စားခြင်းဖြစ်ပါတယ်။

ရန်ကုန်လှိုင်သာယာ စက်မူဇုန် (၃) က တိုင်ရီဖိနပ်စက်ရုံက မြန်မာအလုပ်သမား ၂ယ၀ ၀၀ကျော်ဟာ ဖေဖော်ဝါရီလ (၆) ရက်နေ့ ကစတင်သပိတ်မှောက်ဆန္ဒပြခဲ့ကြတဲ့သတင်းတွေကို လေလှိုင်းကကြားရသလို အလုပ် သမားဂျာနယ်တွေမှာလည်း ဖတ်ရှု့ ခဲ့ရမှာပါ။ အလုပ်သမားတွေအနေနဲ့အခြေခံ လုပ်အားခ နည်းပါးတာ၊ လစာဖြတ်တောက်ခံရတာတွေ အပေါ်မကျေနပ်လို့ ဆန္ဒပြခဲ့ကြတာပါ။ ဇန်န၀ါရီလအတွင်းမှာ အလုပ်ပိတ်ရက်တွေများ တယ်ဆိုပြီး လုပ်အားခထဲက ကျပ်ငွေ တစ် သောင်းကျော်ဖြတ်တောက်ခံရတဲ့အကြောင်းကနေအစပြုလို့ အလုပ်သမားတွေကသပိတ်မှောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကရုံးပိတ်ရက်တွေဖြစ်တဲ့ လွတ် လပ်ရေးနေ့ အပါအ၀င် ၅ ရက် ရှိပါတယ်။တရုတ်နှစ်သစ်ကူးပွဲတော်မှာ လုပ်ငန်းရှင် က နေပြီးတော့ ၅ ရက်ပိတ်ပါတယ်။ လကုန် လို့ငွေရှင်းတဲ့အခါကျတော့ အလုပ်ပိတ်ရက် များလို့ ဆိုပြီး တယောက်ကို ၁ သောင်း၊ ၁ သောင်း၂ ထောင် ဖြတ်တောက် ပေးချေပါ တယ်။ ဒီလို လုပ်ခလစာ ဖြတ်တောက်တိုင်း စက်မှု ဇုန်တွေမှာ အလုပ်သမား ဆန္ဒပြမှုတွေဖြစ်တဲ့ အရင်းခံ အကြောင်း တရားကတော့ အလုပ် သမား လူတန်းစားတွေ ရဲ့ စားဝတ်နေရေး ဖြေ ရှင်းဖို့ ခက်ခဲရတဲ့ အကြောင်းပဲမဟုတ်လား။ အလုပ်သမားဆိုတာက မိမိလုပ်ခလစာအပေါ် မှီခို ကျားကန်ပြီး အသက်ရှင် ရပ် တည်ရေးအတွက် ရုန်းကန်ဖြတ်သန်းနေကြရ တဲ့ အခြေခံလူတန်းစားကိုး။ နောက် တစ်ချက် ကတော့ အလုပ်ရှင်တွေရဲ့ ခြိမ်းခြောက်မှုတွေ ကိုမခံရပ်နိုင်တော့ကလည်း အချက်ကြီးတခု ပါ။ အလုပ်သမားတွေရဲ့ အဓိက တောင်းဆိုချက်က အခြေခံလစာ တိုးပေးရေးပါ။ တနာရီ ၇၅ ကျပ် ကနေ ၂၅၀ ကျပ်ထိ တိုးပေးဖို့ ဖြစ်ပါတယ်။
“လှိုင်သာယာတိုင်ရီ ဖိနပ်စက်ရုံသည် ထိုင်ဝမ် နိုင်ငံသားပိုင် စက်ရုံဖြစ် ပြီး အခြေခံလစာ၊ အချိန်ပိုကြေးများနှင့် အခြားတင်းကြပ် သည့် စည်းမျဉ်းများ ကြောင့် ၂၀၁၀ ခုနှစ်မှ စတင်ပြီး ၃ နှစ်ဆက် တိုက် အလုပ်သမား များ၏ ဆန္ဒပြတောင်း ဆိုမှုများဖြစ်ပွားခဲ့ပြီး အခြေခံလစာများ တိုး ပေးဖို့ တောင်းဆိုခဲ့ရာမှာ အလုပ်သမားများ တောင်းဆိုတဲ့ အတိုင်းမရရှိဘဲ အနည်းငယ်တိုးပေး ရုံဖြင့် ကျေနပ်ခဲ့ရပါသည်။”
အလုပ်သမားတွေဟာ အခြေခံလစာ အပါအ၀င် မနက် ၇ နာရီကျော် ကနေ ည ၉ နာရီကျော်အထိ အလုပ်လုပ်ရပေမဲ့ တစ်လ လုံးမှ ကျပ်ငွေ ၅ သောင်းကနေ ၆ သောင်း ထိသာရပြီး မကြာခဏဆိုသလို အကြောင်း တစုံတရာပြပြီး လစာငွေဖြတ်တောက်တာကို ခံခဲ့ကြရတာပါ။ တိုင်ရီဖိနပ်စက်ရုံမှာ လေး ရက် ဆက်တိုက်ဆန္ဒပြမှု ဖြစ်ပွားနေစဉ်မှာပဲ ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာတော့ တိုင်ရီစက် ရုံအနီးရှိ New Way ဖိနပ်စက်ရုံတွင်လည်း ဆန္ဒပြမှုကူးစက်ပြီးအလုပ်သမား တစ်ထောင် ကျော်ဟာလုပ်ခလစာ တိုးမြင့်ပေးရေးနဲ့ တင်းကြပ်ထားတဲ့စည်းကမ်းချက်တချို့ကို ပြုပြင် ပေးဖို့အတွက် ထိုင်သပိတ် ဆန္ဒထုတ်ဖေါ် တောင်းဆိုကြပြန်ပါတယ်။ ဒီနေ့မှာပဲ လစာ တိုးပေးရေး၊ တောင်းဆိုဆန္ဒပြနေတဲ့၊ တိုင်ရီ ဆန္ဒပြ အလုပ်သမားတွေကို ဆက်ပြီး၊ ဆန္ဒပြ မယ်ဆိုရင်အလုပ်က ဖြုတ်ပစ်မယ်လို့  အလုပ် ရှင်က ခြိမ်းခြောက်သတိပေးလာတဲ့ အတွက် အလုပ်သမားတွေအနေနဲ့ သွေးစည်းညီညွတ် မှုပိုရလာပြီး သပိတ်တိုက်ပွဲကို အရှိန်မြှင့် လာ နိုင်ခဲ့ကြပါတယ်။ တိုင်ရီ အလုပ်သမားသပိတ် တိုက်ပွဲကို မြန်မာနိုင်ငံအလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာချက်ထုတ်ပြီး ထောက်ခံအားပေးခဲ့သလို ဆွီဒင်နိုင်ငံ ဆိုရှယ်ဒီမိုကရက်ကျောင်းသား တွေကလည်း ထောက်ခံကြောင်း ကြေငြာ ချက် ထုတ်ခဲ့ကြသလို အလားတူ အလုပ် သမားတွေကို စာနာထောက်ထားကြတဲ့ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စ္စကိုအခြေစိုက် အမျိုးသမီးအဖွဲ့ကလည်း ကျပ်ငွေ ၄ သိန်း ပေးပို့လှူဒါန်းခဲ့ကြပါတယ်။
ဆန္ဒပြမှု တစ်ပတ်ကြာလာတဲ့ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ တော့ သမ္မတဦးသိန်းစိန်အစိုးရ အလုပ်သမား ရေးရာဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးကိုယ်တိုင် အလုပ်ရှင်နဲ့ အလုပ်သမားအကြားဝင်ရောက် ဖြေရှင်းပေးခဲ့ပေမယ့် ပြေလည်မှုမရ ရှိခဲ့ကြပါဘူး။ ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲ ပိုင်းမှာတော့အလုပ်ရှင်နဲ့၊ အလုပ်သမားတွေ အကြား သဘောတူညီမှုရခဲ့ပါတယ်။ သဘောတူညီချက်အရအလုပ်သမားတွေ တောင်းဆိုတဲ့အတိုင်း တစ်နာရီကိုအရင်က ၇၅ ကျပ်ရရှိရာကနေ လုပ်ခကျပ် ၁၀၀ ရရှိခဲ့ပြီး၊ အချိန်ပို တစ်နာရီ ၁၆၄ ကျပ်နဲ့၊ တစ်လ အတွင်း၊ ရက်မှန်ကြေး၊ နဂိုအတိုင်း၊ ကျပ် ၆၀၀၀ နှုန်းရရှိခဲ့ပါတယ်။ ခုလို သဘောတူညီ ချက်ရခဲ့အတွက် အလုပ်သမားတွေဟာ အရင်ကထက် တစ်လကို လစာ ကျပ် တစ်သောင်းကျော် ပိုရလာမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေဟာ အရင်က တစ်လကို အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ အပါအ၀င် ပျမ်းမျှ ကျပ် ၃၇ယ၀၀၀ ကျော်လောက်ပဲ လုပ်ခ လစာရကြတာပါ။ သို့ပေမဲ့ အားလုံးအတွက် ကျေနပ်လောက်ဖွယ် ဖြေရှင်းပေးမှုမဖြစ်တဲ့ အတွက် တိုင်ရီအလုပ်သမားတွေဟာ ၀ါဏိဇ္ဇ ပဋိပက္ခရုံးမှာ ဆက်လက်တိုင်ကြားပြီး အလုပ်ရှင်နဲ့ ထိပ်တိုက် အမှုဆိုင်ဖြေရှင်းခဲ့ကြရပါ တယ်။ အလုပ်သမားတွေကတနေ့လုပ်ခ ၇၅ ကျပ်ကို ၁၅၀ ပေးဖို့၊ ရက်မှန်ကြေး ၆၀၀၀ ကို ၈၀၀၀ အထိ တိုးပေးဖို့ တောင်းဆိုထား ပေမဲ့ အလုပ်ရှင်က တနေ့လုပ်ခ ၁၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၇၀၀၀ကျပ်ပေးမယ်လို့ပဲ သဘောတူခဲ့တာပါ။ ဒီနှုန်းထားကို မကြေလည်နိုင်ကြတဲ့ အလုပ်သမားတွေက ၀ါဏိဇ္ဇပဋိပက္ခခုံရုံးသို့ အဆုံးအဖြတ်ပေးဖို့ လျှောက်လဲခဲ့ရာ မတ်လ ၁ ရက်နေ့ ခုံရုံးဆုံးဖြတ်ချက် အရ အစိုးရရဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးတဲ့ ၀ါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံးက အလုပ်သမားတစ်ဦးကို တခြားခံစားခွင့်မပါ အနည်းဆုံး လစာငွေ ငါးသောင်းတထောင် သတ်မှတ်ပြီး ဆုံးဖြတ်ချက်ချပေးလိုက်ပါတယ်။ သို့ပေမဲ့ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် လူမှုဖူလုံရေးနဲ့ လုပ်ငန်းခွင်သာယာရေး တောင်းဆိုချက်တွေကိုတော့ ၀ါဏိဇ္ဇပဋိပက္ခ ရုံးက ဆုံးဖြတ်ပေးမှုမရရှိခဲ့ပါဘူး။ ထူးခြားမှုတွေကတော့ မတ်လ ၂ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၄ ရက်နေ့မှာ တရားဝင်ဖွဲ့စည်း ထုတ်ပြန်နိုင်ခဲ့တဲ့ တိုင်ရီအလုပ်သမားသမဂ္ဂနဲ့ လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီရဲ့ သတင်းစာ ရှင်း လင်းပွဲကို မတ်လ ၇ ရက်နေ့၊ နေ့လည် ရန် ကုန်မြို့ တော်လှန်ရေးပန်းခြံအနီးမှာရှိတဲ့ အမ်မ်သရီး စားသောက်ဆိုင် (M3 Food Center) ၊ ဂိုးလ်ဒဲန်းဟော (Golden Hall) မှာ ပြုလုပ်ခဲ့တာတွေကို တွေ့ရပါတယ်။
အလေးထား ဂရုပြုဖွယ်ကောင်းတာကတော့ တိုင်ရီ ဖိနပ်စက်ရုံဟာ အလုပ်သမား ၂၀၀၀ ကျော်ရှိပေမဲ့ အမျိုးသမီး အလုပ်သမက ၁၈၀၀ ကျော်ရှိတာပါ။ ၃ နှစ်ဆက်တိုက် မိမိ အလုပ်သမား အခွင့်အရေး၊ မိမိရဲ့ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်၊ တရားမျှတမှု စတာတွေအတွက် မိန်းမငယ်တွေ ဖြစ်ပေမဲ့ ငြိမ်းချမ်းစွာ ရဲရဲဝံ့ဝံ့ သပိတ်မှောက်တိုက်ပွဲဝင် ဆန္ဒပြကြခြင်းပဲ ဖြစ် ပါတယ်။ ခုဖွဲ့စည်းလိုက်တဲ့သမဂ္ဂမှာလည်း အမျိုးသမီးငယ်တွေက အများစု ဦးဆောင် ပါဝင်ထားတာကို တွေ့ရတော့ တိုးတက် ပြောင်းလဲလာတဲ့ မိန်းမလေးတွေရဲ့ အလုပ် သမပုံရိပ်ကြမ်းတွေဟာ လေးစား အတုယူ ဖွယ်ရာတွေဖြစ်ခဲ့ပါပြီ။ လွတ်လပ်တဲ့ အသင်း အပင်းတွေ ဖွဲ့စည်းခွင့်၊ သမဂ္ဂတွေ ထူထောင် ခွင့်တွေဟာ ဒီမိုကရေစီစနစ်ကို ချီတက်ရာ လမ်းကြောင်းရဲ့ပင်မအင်အားတွေ ဖြစ်တယ်။ မြန်မာပြည်မှာ အခုအချိန်အထိရှိနေတဲ့၊ အလုပ်သမားဥပဒေဟာ အလုပ်သမား၊ အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်မှု အားနည်းပြီး အစိုးရအလုပ်သမားဌာနတွေ ကလည်း၊ အကာအကွယ်ပေးတာမျိုး မရှိ သလောက်ပဲလို့၊ အလုပ်သမားအရေး၊ လှုပ် ရှားသူတွေကပြောဆိုကြပါတယ်။
မကြာသေးမီက ဒီဗွီဘီနဲ့ မေးမြန်းခန်းမှာ အလုပ် သမား ဒုဝန်ကြီးမြင့်သိန်းက လွတ်လပ်တဲ့ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့ စည်းခွင့်နဲ့ အကန့်အသတ်နဲ့ ဆန္ဒပြခွင့်တွေ ပါဝင်တဲ့ အလုပ်သမား ဥပဒေသစ်တစ်ရပ် ဒီနှစ်ဆန်း ပိုင်းမှာ အသက်ဝင်လာဖို့ ရှိတယ်လို့လည်း ပြောခဲ့တယ် မဟုတ်လား။ မတ်လ ၉ ရက်နေ ကတော့ မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂ တွေဖွဲ့စည်းခွင့်ပြုတာနဲ့ အလုပ်သမားအရေး ဆန္ဒပြခွင့်ပြုတဲ့၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ ဒီနှစ် မတ်လ ၉ ရက်နေ့ကစပြီး အာ ဏာတည်တဲ့နေ့ သတ်မှတ်ခြင်းအမိန့် ကြော် ငြာစာကို မတ်လ ၉ ရက်နေ့စွဲနဲ့ပဲ သမ္မတ ရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါ့အပြင် ဖွဲ့စည်းလာမယ့် အလုပ်သမားသမဂ္ဂတွေ မှတ်ပုံတင်ကြမှာကို စစ်ဆေးကြီးကြပ်မယ့် မှတ်ပုံ တင်အရာရှိချုပ်အဖြစ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနညွှန်ချုပ်ကို ခန့်အပ် တာ ၀န်ပေးတဲ့ အမိန့်ကြော်ငြာစာကိုလည်း မတ် လ ၉ ရက် နေ့စွဲနဲ့ပဲ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အလုပ်သမား အဖွဲ့ အစည်း ဥပဒေကို ၂၀၁၁ အောက်တိုဘာလ မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒီ ဥပဒေအရ အနည်းဆုံးအဖွဲ့ဝင်ဦးရေ ၃၀ နဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းနိုင်ပြီးတော့ အသေးစိတ်အစီအစဉ်တွေပါဝင်တဲ့ အလုပ် သမားအရေးဆန္ဒပြပွဲကို ၁၄ ရက် ကြိုတင် အကြောင်းကြားခွင့်တောင်းခံခဲ့ရင် ဆန္ဒပြခွင့် ကိုလည်း ခွင့်ပြုတယ်ဆိုတာလည်း ပါဝင်ပါ တယ်။ အလုပ်သမား လယ်သမားဆိုတာ နိုင် ငံတစ်ခုရဲ့ အသက်သွေးကြောလို့ ပြောရင် လည်းမမှားပါဘူး။ ပွင့်လင်းမြင်သာတဲ့ နိုင်ငံ ရေးအခင်းအကျင်းတွေကို ပြည်သူတွေ ငံ့လင့် နေသလို နောက်ပြန်မလှည့်နိုင်တဲ့ ခြေလှမ်း တွေကိုလည်း ထိန်းမတ်ရမဲ့ အချိန် ပေပဲလား။ ပြည်တွင်းမှာတော့ တူသံပေသံြွေကးကြော် သံတွေ မြည်ဟီးတော့မယ့် ခေတ်တခေတ်ကို ပုံဖော်ကြည့်မိသလို မြန်မာရွှေ့ပြောင်း အလုပ် သမားတွေရဲ့ ပြည်ပသမဂ္ဂ တွေပေါ်ပေါက် ရေးကိုရော စိတ်ကူးကြည့်ကြရအောင်။

မောင်လွမ်းဏီ
၁၂ - ၃ - ၂၀၁၂


အမှောင်ရိပ် တိတ်ဆိတ်ငြိမ်သက် အိမ်မကြီးများနောက်

Illustrated by Thihamgmg ad 2012


ခွေးသည်အိပ်ငိုက်
အိမ်စေရှိုက်သည်
လူကိုက်တာပဲ ဖြစ်မှာပါ။

တရားခံလို့ ခေါင်းစဉ် ပေးထားတဲ့ကဗျာလေးပါ။ ဒီကဗျာလေးက ၁၉၇၀ ၀န်းကျင်က တော်လှန်ကဗျာစာအုပ်လေးထဲက ၃ ကြောင်း ကဗျာလေးပါ။ ကျွန်တော် အမှတ်မလွဲရင်တော့ ကဗျာရေးသူက (ကို) အောင်ဇင်မင်း ထင်ပါတယ်။ နှစ်တွေကြာတော့လည်း လွဲချော်ကောင်း လွဲချော်နိုင်ပါလိမ့်မယ်။

ဒီကဗျာလေးက ဓနရှင်လူတန်းစားရဲ့ဖောက်ပြန်ရက်စက်တဲ့ အတွင်းသရုပ်ကို ပေါ်လွင်အောင် ဖွဲ့ သီထုဆစ်ထားခဲ့တယ် ဆိုရမှာပါ။ အိမ်ကြီးရှင်သူဌေးကြီးက အိမ်ဖော်မလေး၊ အိမ်စေမလေးကို ခြေတော်တင်တာ၊ ဖျက်ဆီးတာ၊ အနိုင်ကျင့်တာတွေ ကို မြင်သာတဲ့ပုံရိပ်တွေ ထင်ဟပ်တဲ့အထိ ရေးဖွဲ့ထားတာလို့ဆိုရမှာပေါ့။ ကဗျာအလှ ဓာတ်အရ (ခွေးသည်အိပ်ငိုက်) ဆိုတဲ့ ပါဒလေးက ဇာတ်ကိုအစချီထားတာပါ။ အိမ်စေမလေး ဘာလို့ငိုရှိုက်နေသလဲ။ ကဗျာကို ဖြေချလိုက်တော့ လူကိုက်တာ ပဲ ဖြစ်မှာ သေချာသွားခဲ့ပြီပေါ့။ ခေတ်ကို မီးမောင်းထိုးခဲ့တဲ့ ကဗျာလေးပါ။

အိမ်ဖော်၊ အိမ်စေ ဆိုတဲ့ လူတန်းစားတရပ်ကလည်း ခေတ်အဆက်ဆက်မှာ ရှိနေခဲ့ပါတယ်။ အကြင်နာတရား၊ မေတ္တာတရားရှိတဲ့ အိမ်ရှင်တွေရှိသလို လူလူချင်း စာနာစိတ်ကင်းမဲ့သူ၊ အားနည်းချက်ကို အခွင့်ကောင်းယူသူ အိမ်ရှင်တွေလည်း ရှိကြပါတယ်။ သဘောကောင်းတဲ့ အိမ်ရှင်ထံမှာ အလုပ်လုပ်ကိုင်ရသူ မိန်းခလေးတွေ အတွက် ကံကောင်းတယ်လို့  ဆိုရမှာပါ။ လူစိတ်ကင်းမဲ့တဲ့ အိမ်ရှင်တွေလက်ထဲရောက် သွားကြတဲ့ မိန်းခလေးတွေ အဖို့မှာတော့ လူ့ဘ၀မှာပဲ အရှင်လတ်လတ် ငရဲကျသလို ခံစားကြရမှာပါပဲ။ အတန်းပညာအခြေခံနည်းပါးပြီး စီးပွားရေးကျပ်တည်းမှု ဒဏ်ကပိရင်း အမှောင်နောက်က အခန်းကျဉ်းထဲက ဘ၀ရောက်လာခဲ့ကြသူလေးတွေ ဖြစ်လေတော့ သူတို့လေးတွေရဲ့ဘ၀တည်ရှိမှုကို ခန့်မှန်းရခက်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း မူးနော်လို့ခေါ်ကြတဲ့ အိမ်ဖော်လုပ်ငန်း လုပ်ကိုင်ကြသူတွေ ရှိပါတယ်။ အထူးသဖြင့် တတ်ခ်ခရိုင်ဝန်းကျင်နဲ့ မဲဆောက်မြို့ ပေါ်မှာ အများအပြားရှိကြပါတယ်။ အိမ်ထဲက အိမ်ပြင်မထွက်ရသူတွေများသလို အမှိုက်လေးထွက်ပစ်မှ မြင်ဖူးတဲ့ မိန်းခလေးတွေ အများအပြားတွေ့မြင်ဖူးပါတယ်။

ခုတလောမှာတော့ မလေးရှားအစိုးရနဲ့ မြန်မာအစိုးရတို့ အိမ်ဖော်ခေါ်ယူရေး သဘောတူညီချက် သတင်းပေါ်ထွက်ခဲ့ပြီးနောက် ပိုင်း ပြည်တွင်းပြည်ပ မြန်မာအသိုင်းအ၀န်းတွေကြားမှာ အကြီးအကျယ် ဂယက်ထပွက်လောရိုက်နေ ပါတော့တယ်။ မြန်မာ လူမျိုးတွရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကင်းမဲ့နေရမှု၊ မြန်မာမိန်းကလေးတွေရဲ့ လူမှုဘ၀အဆင့်အတန်း နိမ့်ကျနေ ရမှုတွေဟာ နိစ္စဓူဝ ကြားနေရတဲ့ အကြောင်းအရာ တွေထဲက တခုဆိုရင် မမှားပါဘူး။ မြန်မာနိုင်ငံသားဆိုရင် သရီးဒီ ကျွမ်းကျင်တယ်လို့  အိမ်နီးနား ချင်းနိုင်ငံတွေက သတ်မှတ်ထားကြတာမဟုတ်လား။ သရီးဒီ ဆိုတာက ( Dangerous,Dirty, Difficult) ပါ။ အန္တရာယ်များတဲ့ အအလုပ်၊ ညစ်ပတ်ပေရေတဲ့ အလုပ်၊ ခက်ခဲပင်ပန်းတဲ့အလုပ်ဆိုရင် မြန်မာနိုင်ငံအမှောင်ရိပ်ရိပ်၊ သားတွေပဲ လုပ်ကိုင်ကြတယ်ဆိုတဲ့ မှတ်ချက်လို့  ပြောရလေမလားပါပဲ။ ဒါကြောင့်လည်း မလေးရှားအစိုးရရဲ့ အိမ်ဖော်ငှါးရမ်း ရေး အစီအစဉ် နဲ့ ပတ်သက် လို့  မြန်မာအစိုးရကိုကန့် ကွက် ပြောဆိုနေကြသလို တချို့  တွေကလည်း မလေးရှားနိုင်ငံမှာ အိမ်ဖော်အလုပ် သမလေးတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ဥပဒေအကာအကွယ်မရှိတာတွေ၊ လူသားချင်းစာနာစိတ် ကင်းမဲ့တာတွေကို လက်လှမ်းမှီတဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ ၀က်ဆိုက်တွေကနေ ရှာဖွေရရှိတဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေကို အပတ်စဉ်ထုတ်ဂျာနယ်တွေ ကအစ ဖေ့စ်ဘုတ်စာမျက်နှာအဆုံး စဉ်းစားလို့ရအောင်၊ ဆင်ခြင်သုံးသပ်လို့ ရအောင်၊ ဝေဖန် ပိုင်းခြားနိုင်အောင် ရေးသား တင်ပြနေကြတာတွေကိုလည်းတွေ့ရမှာပါ။ အထူးသဖြင့်တော့ မလေးရှားနိုင်ငံမှာ အိမ်ဖော်အဖြစ် လာရောက်လုပ်ကိုင်နေကြတဲ့ ဘာသာတူပြီး ဘာသာစကားနီးစပ်တဲ့ အင်ဒိုနီးရှားအမျိုးသမီးတွေခံစားရင်ဆိုင်ကြရတဲ့ အိမ်ဖော်ဘ၀ အခြေအနေတွေကို မီးမောင်းထိုးပြကြပါတယ်။

ဘာသာမတူ၊ ဘာသာစကားခက်ခဲ၊ အင်္ဂလိပ်စကားလည်း မကျွမ်းကျင်၊ ဥပဒေဆို လည်းနကန်းတလုံးမှ မသိတဲ့ ရိုသားတဲ့ မြန်မာပြည်ဖွား မိန်းကလေးတယောက်ကို အမှောင်နောက်ကွယ်ခိုလှောင်အိမ် အခန်းကျဉ်းလေးထဲကဘ၀ကို တွေးမြင်ပြီး ရင်မောရင်လေးကြတာ လူမျိုးရေးစိတ်နဲ့ဖြစ်ဖြစ်၊ မေတ္တာစိတ်နဲ့ ကြည့်ကြည့်၊ စာနာစိတ်နဲ့ခံစား ခံစား၊သဘာဝကျပါတယ်။ မလေးရှားအိမ်ဖော်သတင်းကို ဖတ်ရှုကြားသိရသူတိုင်း စိတ်မကြည်မလင်ဖြစ်နေကြချိန်မှာပဲ၊ ပဲခူးမြို့ က ဒုတိယ တရားသူကြီး ရဲ့ ဇနီးက မီးပူနဲ့ လက်ရောက်ကျူးလွန်ပြီး အမှုမဖြစ်အောင် ထိန်းဝှက်ထား၊ ငွေကြိတ်လျော်၊ တိတ်တိတ်အိမ်ပြန်ပို့လို့ ဟိုးလေးတကြော်ဖြစ်ရတဲ့ အသက် ၁၅ နှစ်အရွယ်အိမ်ဖော်မလေး မအေးယုအောင်ရဲ့ သတင်းကလည်း သတင်းစာမျက်နှာတွေမှာ အတော့်ကိုနေရာယူခဲ့ပါတယ်။ အော်.. ဒါ ကိုယ့်တိုင်းပြည်ထဲမှာ၊ တရားသူကြီးအိမ်မှာဖြစ်တာ၊ တရားသူကြီးကတော်က လုပ်တာလို့ စဉ်းစားမိရင် ဗြဟ္မစိုရ်တရားကို ယုံရခက်ခက်နဲ့အခေါက်ခေါက် ရွတ်ဆိုမိပါတော့တယ်။

ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်နဲ့ မြို့ကြီးတွေမှာ အိမ်ဖော်အလုပ် လုပ်ကိုင်ကြ တဲ့သူတွေကို မဲ့ပန့် လို့ ထိုင်းလို ခေါ်ကြပါတယ်။ အိမ်ရှင်မ၊ အိမ်ထောင်ရှင်မကိုလည်း မဲ့ပန့်လို့ပဲခေါ်ဝေါ်ကြပါတယ်။ အိမ်မှုကိစ္စတွေကို စီမံလုပ်ကိုင်သူ။ အိမ်မှုကိစ္စ လုပ်ကိုင်ပေးသူလိုအနက်ဖွင့်ကြတာပါ။ တာခ်ခရိုင် မဲဆောက်ဝန်းကျင်မှာတော့ မူးနော်လို့ အခေါ်များပါတယ်။ တကယ်တန်းတော့ မူးနော်ဆိုတာအိမ်ဖော်လို့ အိမ်စေလို့၊ အိမ်အကူစသဖြင့် မြန်မာအခေါ်အဝေါ် စကားလုံးတွေရှိပါတယ်။ ဒီလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့မိန်းခလေးတွေကို နှိမ့်ချလိုတဲ့၊ နိမ့်ကျစေလိုတဲ့၊ အတန်းအစား ခွဲခြားလိုတဲ့၊ စိတ်နဲ့သဘောနဲ့ ရေးတာမဟုတ်ပါဘူး။ ကြားနေ ကြမို့ရယ်၊ နားရေ၀နေတာမို့ ရယ်၊ လွယ်လင့်တကူရင်းပါးတဲ့ စကားဖြစ်နေတာရယ် ကြောင့် အိမ်ဖော်လို့ပဲ တရင်းတနှီး သုံးစွဲရေးသားလိုက်တာဖြစ်ပါတယ်။ အိမ်ရဲ့မိတ်ရင်းဆွေဖော်၊ တိုးတိုးဖော် ကျယ်ကျယ်ဖော်ပေါ့လေ။ ဘာကြောင့်လည်းဆိုတော့ ဒီအကြောင်းအရာကို ရေးနေရင်းက ဒေါ်အာင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အချုပ်ခံနေရတဲ့အမျိုး ကရင်လို မိန်းကလေး၊ မိန်းမပျိုလေးကိုခေါ်တာပါ။ ကရင်မိန်းကလေးငယ်တွေက စားသောက်ဆိုင်တွေ မှာ၊ ဈေးဆိုင်တွေမှာ၊အိမ်လုပ်ငန်းတွေမှာ အလုပ် လုပ်ကိုင်ကြသူများပါတယ်။ အများစုကတော့ အိမ်ဖော်လုပ်ကိုင်ကြသူတွေပါ။ ဒီတော့ အိမ်ဖော်လုပ်ကြတဲ့ မိန်းကလေးတွေကို အလွယ်ပဲမူးနော် လို့ခေါ်ကြတာ အသားကျလာတော့မူးနော်ဆိုတာ အိမ်ဖော်ကို ထိုင်းလို ခေါ်တယ်လို့ အမှတ်မှား လာကြတာဖြစ်ပါတယ်။ တချို့ မြန်မာမလေးတွေ၊ ကရင်မလေးတွေ၊မွန်မ လေးတွေ၊ ပအို့ ဝ် မလေးတွေက မူးနော်လို့ခေါ်ရင် မကျေနပ်ချင်ကြ၊ မကြိုက်ကြ ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ဝင်များဖြစ်တဲ့ဒေါ်ခင်ခင်ဝင်းနဲ့ သမီးဖြစ်သူ မ၀င်းမမကိုအိမ်အကူ၊ အိမ်ဖော် စတဲ့အသုံး အနှုန်းတွေကိုပြည်တွင်း၊ ပြည်ပ သတင်းဋ္ဌာနတွေကသတင်းတွေမှာ ရေးသားသုံးစွဲနေတာနဲ့ ပတ်သက်ပြီး မိသားစုနဲ့နီးစပ်သူတဦးက အဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းရဲ့ နိုင်ငံရေး ဖြတ်သန်းခဲ့တဲ့ သမိုင်းအဆက်ဆက် ကို ဖော်ပြပြီးနေအိမ် အကျယ်အချုပ် ခံနေရတဲ့ ခေါင်းဆောင်ကို အနီးကပ်ပြုစုနေသူကို အိမ်အလုပ်သမား လို့ သေချာမစုံစမ်းဘဲ သတင်းရေးနေခြင်း ဟာ နိုင်ငံရေး ဂုဏ်သိက္ခာကို ထိခိုက်အောင် သေးသိမ်အောင် လုပ်နေကြခြင်းဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် သတိပေးတောင်းဆိုခဲ့ တာလေးကို အမှတ်ရသွားခဲ့လို့ပါ။

ထိုင်းနိုင်ငံထဲမှာ ရောင်းစားခံထားရတဲ့မိန်းကလေးတွေ၊ အိမ်ဖော်လာလုပ်ကြတဲ့မိန်းကလေးတွေ အိမ်ဖော်လုပ်နေရင်း ထိုင်းသူဌေးရဲ့ဖျက်စီးခံရတာ။ လခမပေးပဲ ခိုင်းထားရာကနေ ပစ္စည်းခိုးဝှက်လို့ ရဲနဲ့ဖမ်း ခိုင်းတာ၊ သတ်ဖြတ် ဖျောက်ဖျက်ပစ် တဲ့ ဖြစ်ရပ်မျိုးတွေ မကြာခဏကြားရတတ်သလို အိမ်ဖော်က အိမ်ရှင့်အတွင်းပစ္စည်း ခိုးယူ ထွက်ပြေးတာ၊ အိမ်ရှင်ကို သတ်ပြီး ပစ္စည်းယူထွက်ပြေးတာစတဲ့ အမှုအခင်းတွေလည်းတခါတရံ ကြားသိ ဖတ်ရှုရတဲ့ သတင်းတွေပါငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုတဲ့ စကားလိုပါပဲ တခုခုဖြစ်ပြီဆိုရင်တော့ မြန်မာနိုင်ငံသား ကုလားမဖြစ်ဖြစ်၊ တရုတ်မ ဖြစ်ဖြစ်၊ ကရင်မ၊ မြန်မာမ၊ ကချင်မ၊ ပအိုပ့်မ၊ မွန်မ၊ ထားဝယ်မ ဖြစ်ဖြစ် (ဖမာ့)ဆိုတဲ့ ထိုင်း စကား ကတော့ တလုံးထဲပါပဲ။ ဒီနှစ်ပိုင်းတွေမှာတော့ မဲဆောက်မြို့ပေါ်က အိမ်ဖော်အလုပ် လုပ်တဲ့ မိန်းခလေး၎ ပုံ ၂ ပုံဟာ ၀ပ်ပါမစ် (Work Permit)နဲ့ယာယီပတ်စ်ပိုစ့်နဲ့ ဖြစ်နေကြပါပြီ။ ထိုင်းနိုင်ငံအလုပ်သမား ဥပဒေအရ အိမ်ရှင်တွေကိုလည်း ဖိအားပေးသလို ဖြစ်တာတကြောင်းကြောင့်အိမ်ရှင်တွေကလည်း အိမ်မှာ အလုပ်လုပ်သူတွေကို လုပ်စေခိုင်းကြပါတယ်။ သို့ပေမဲ့အမေနဲ့ သမီးဆို သမီးကို ငွေစိုက် လစာဖြတ် လုပ်ပေးပြီး ချည်နှောင်ထားတာမျိုးပါ။မီဒီယာ ကတောင် အနံ့ရဖို့ ခက်တဲ့ ထိုင်းမြန်မာနယ်စပ်နဲ့ တရုတ်မြန်မာနယ်စပ်ကအိမ်ဖော်မလေးတွေ အကြောင်းလည်း ငဲ့စောင်းကြည့်ကြစေချင်ပါတယ်။ သူတို့လေးတွေရဲ့ လုပ်ငန်းခွင်နဲ့ဘ၀ကို အာမခံပေးနိုင်မဲ့အလုပ်သမား အဖွဲ့အစည်းတွေ နဲ့ တရားဥပဒေတွေ ခိုင်မာရှင်သန်ဖို့ ကတော့ အရေးကြီးလှပါတယ်။ အိမ်ဖော်ဆိုတာလည်း အလုပ်သမား လူတန်းစားတရပ်ပဲ မဟုတ်ပါလား။

ငိုသံတွေ၊ ရှိုက်သံတွေကို နာကျင်မှုတွေနဲ့ဘယ်သူမှ ခံစားနိုင်စွမ်း ရှိကြမယ်မထင်ပါ။

မောင်လွမ်းဏီ

မုန်တိုင်းမှာကြွေတဲ့ ကြယ်တပွင့်





၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၉ ရက် ၊လွန်ခဲ့တဲ့ ၂၁ နှစ်က စစ်အစိုးရ ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဗဟိုအလုပ် သမားလုပ်ငန်းအဖွဲ့ဝင် ဦးမောင်ကို အကြောင်းရေးသားထားတဲ့ မုန်တိုင်းမှာ ကြွေတဲ့ ကြယ် တပွင့် ဆိုတဲ့ စာအုပ်ထွက်ရှိလာပါတယ်။



ဒီစာအုပ်ဟာ စစ်အစိုးရစစ်ကြောရေးစခန်းမှာ ငြင်းပမ်းနှိပ်စက်ခံသေဆုံးခဲ့ရတဲ့ ဖခင် ဖြစ်သူရဲ့  နိုင်ငံရေးယုံကြည်ချက်ခံယူချက် ရပ်တည်ချက်နဲ့ မိသားစု ဆွေမျိုး အပေါင်း အသင်းတွေအပေါ် ထားရှိတဲ့စိတ်ရင်းစေတနာတွေကိုကျန်ရစ်သူ မိသားစုဝင်တွေထဲက အငယ်ဆုံးသမီးဖြစ်သူ ဆွေဆွေက ရေးသားတာပါ။ဖြစ်ရပ်မှန် ကို်ယ်တွေ့ကြုံဆုံ ဖြတ်သန်းခဲ့ရတာတွေကို ခံစားရေးသား ဖွဲ့ သီထားတဲ့ သမိုင်းစာအုပ် တခုပါ။



ဦးမောင်ကိုဟာ ရှစ်လေးလုံး အရေးတော်ပုံကာလမှာ ဆိပ်ကမ်းအရာရှိတယောက်ဘ၀နဲ့  ပါဝင်ခဲ့သူ။ ဆိပ်ကမ်းအလုပ်သမားများသမဂ္ဂ ကို ဖွဲ့စည်းထူထောင်ခဲ့သူ ဖြစ်ပါတယ်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် မှာ ပါဝင် လှုပ်ရှားခဲ့ပြီး၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး စင်ပြိုင်အစိုးရဖွဲ့စည်းမူနဲ့ပတ်သက်လို့  ဖမ်းဆီးခံခဲ့ရတယ်။ဖမ်းဆီးခံရပြီး ၁၆ ရက်အကြာ ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့ရသူလည်း ဖြစ်ပါတယ်။



ဦးမောင်ကိုသေဆုံးခဲ့ရတဲ့ဖြစ်ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ န၀တ ဥက္ကဌ ဗိုလ်ချူပ်မှူးကြီး စောမောင်ကိုယ်တိုင်ထုတ်ဖေါ်ပြောဆိုခဲ့ရပါတယ်။ ဦးမောင်ကိုဟာသူ့ဘာသာသူ သေ ကြောင်း ကြံစည်သွားတာလို့ ဗိုလ်ချူပ်မှူးကြီးစောမောင်က ပြောဆိုခဲ့ပါတယ်။ဒီဖြစ်ရပ် အပေါ် အခြေခံပြီး ဖခင် ဦးမောင်ကိုရဲ့ ဘ၀ပုံရိပ်လွာတွေကို သမီးဖြစ်သူကရေးသား ဖေါ်ကျူး ထားတဲ့ စာအုပ်ပါ။



ဒီစာအုပ်ရဲ့ အမှာစာကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ဟောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွှဲ့ချူပ် ဒုဥက္ကဌ ဗိုလ်ချူပ်ကြီးဟောင်း သူရ ဦးတင်ဦးတို့က အမှာစာ ရေးသားချီူမြှင့်ထားပါတယ်။



မုန်တိုင်းမှာကြွေတဲ့ ကြယ်တပွင့် စာအုပ်မှာ ရှားပါး ဓါတ်ပုံတွေနဲ့အတူ စာမျက်နှာ ၂၀၀ ပါရှိပါတယ်။သမီးဖြစ်သူ ဆွေဆွေရဲ့ ကိုယ်တိုင်ခံစားရေးသားမူတွေနဲ့အတူ ဦးမောင်ကိုနဲ့ အရင်းနှီးဆုံးလက်တွဲလုပ်ကိုင်ခဲ့တဲ့ ဒေါက်တာ တင်မျိုးဝင်း (ဒေါ်အောင်ဆန်း စုကြည်ရဲ့  မိသားစုဆရာဝန်)ဦးဇင်လင်း (နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ စာရေးဆရာ) နဲ့ မခင်မိုးမိုး (ဒိန်းမတ်)တို့ကလည်း သူတို့သိခဲ့ရတဲ့ ဦးမောင်ကိုအကြောင်းကို အောက်မေ့တသမှုဖြင့် ရေးသားထားကြပါတယ်။



ဒီစာအုပ်ကို စာရေးသူရဲ့ကိုယ်ပိုင်ငွေနဲ့ထုတ်ဝေဖြန့်ချီတာဖြစ်ပြီး မြန်မာ အင်္ဂလိပ် နော်ဝေး ၃ ဘာသာနဲ့ ထုတ်ဝေမှာဖြစ်ပါတယ်။လောလောဆယ် မြန်မာလို ထုတ်ဝေ ထားတာကို ဖခင်ဦးမောင်ကို ကျဆုံးခြင်း ၂၁ နှစ်ပြည့်မှာစတင်ဖြန့်ချိရောင်းချတာလို့  သမီးဖြစ်သူ ဆွေဆွေက ပြောပါတယ်။ စာအုပ်အတွက် မတည်ကုန်ကျငွေနဲ့ရောင်းရငွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် ဦးစီးလုပ်ကိုင်နေတဲ့ လူမူရေးလုပ်ငန်းတွေအတွက်လှူဒါန်းသွားမှာလို့ စာရေးသူက ပြောပြပါတယ်။





မုန်တိုင်းမှာကြွေတဲ့ကြယ်တပွင့် စာအုပ်နဲ့ ပတ်သက်လို့ စာရေးသူ မဆွေဆွေကို ဆက်သွယ်လိုတယ်ဆိုရင်တော့ …….. moon4u.swe@gmail.com ကို ဆက်သွယ်နို်င်ပါတယ်။



အမေရိကန်- ဒိန်းမတ်- ဖင်လန်- နော်ဝေး- သြစတေးလျှ-ဂျပန်- စင်ကာပူ-အိနိယနဲ့ထိုင်းနိုင်ငံတွေက မှာယူဖတ်ရူ့ လိုသူတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ အလွယ်တကူဝယ်ယူဖတ်ရူနိုင်ဖို့ စီစဉ်ထားတယ်လို့ စာရေးသူက ပြောပါတယ်။





ဦးမောင်ကို ကျဆုံးခြင်း ၂၁ နှစ်ပြည့် အောက်မေ့ဘွယ် အခမ်းအနားကိုရန်ကုန်မြို့  ဗဟန်းမြို့ နယ် ၊တက်ကသိုလ်ရိပ်သာလမ်း၊ အင်းယျားကန်ဖျား ဘုန်းတော်ကြီးကျောင်းတိုက် မှာ အခုလာမဲ့ ဗုဒဟူးနေ့ ၉ -ရက်နေ့ မနက်ပိုင်းမှာ ကျန်ရစ်သူမိသားစုတွေကကျင်းပမယ်လို့သိရပါတယ်။

၂ မျက်နှာ ၃ မျက်နှာ

သြဂတ်စ် ၅ ရက်နေ့ ညက မဇ္စျိမ တာဝန်ခံ အယ်ဒီတာ ပေးပို့လာသည့် စာလွှာကို အင်တာနက်၌ တွေ့ရပါသည်။

အဖေနဲ့ အမေကတော့ အညာမြေလတ် ဇာတိမြို့ က ရွှေလင်ပန်းသုဿာန်မှာ မှေးလျောင်း  အိပ်စက်နေကြပါပြီ။
အမေ က ၁၉၉၄၊ အဖေက ၂ဝဝ၆။  ကျနော်ကတော့ ရွာကို ပြန်မရောက်နိုင်သေးတဲ့ တိုင်းနိုင်ငံမဲ့သူကြီးပါ။

ရေးဖော်တယောက်ပြောတဲ့  လက်နက်ကိုင် ကဗျာဆရာပေါ့။ ခု ကျနော်ရေးနေတာတွေက အာအက်ဖ်အေ အတွက်  ရေးနေကျ ''ဒုက္ခကို  ပျားရည်ဆမ်း၍'' အသံလွှင့်ဆောင်းပါး မဟုတ်ပါ။ ဗွီအိုအေက ဆရာမောင်စွမ်းရည်ရဲ့ သက်ကြီးစကားလည်း မဟုတ်ပါ။ ရိုးတိုးရိပ်တိတ်၊ အတိတ်စာမျက်နှာကို မကြာမကြာ ဖတ်မိတဲ့ အိမ်လွမ်းစိတ် ကဗျာလို့ပဲ ပြောရမည် ထင်ပါသည်။

မဇ္စျိမ ဆရာစိန်ဝင်းက အမြဲလိုလို တလေးတစား စာမူတောင်းပါသည်။ ကြိုကြားရံခါတော့ ရေးဖြစ်ပါ၏။ ကျနော်က စာရေးကောင်းသူ မဟုတ်သလို ရေးအားလည်း ကောင်းသူမဟုတ်ပါ။ ရေးတာတွေကလည်း အကောင်းစား မဟုတ်ပါ။ သို့ပေမဲ့ ကျနော် ထုဆစ်ဖွဲ့သီရေးသားသည့် စာလေးတညိုတထွာ ကဗျာလေး ဟိုတစ ဒီတစကို ကိုစိုးမြင့်တို့ ညီအကိုတတွေက ခံစားဝေဖန်လေ့ရှိပါသည်။

မယ်သင်းကတော့ စာပေနဲ့ အလှမ်းဝေးပုံ ရပါ၏။ အိမ်တွင်း အကြမ်းဖက်မှုနဲ့ လုံးထွေးနေဟန်တူပါသည်။ ကျနော့် စာများနှင့် ပတ်သက်၍ ဖတ်ဖူးပုံပင် မရပါ။ ဒင်းတို့ မိသားစုတွေက ကျနော့် မိသားစုတွေ မောင်နှမသားချင်းတွေ လို့ ပြောလျှင် ရမည်ထင်ရဲ့။

ကိုစိုးမြင့်ကတော့ ကျနော့်ညီအရွယ် ဆိုသော်ငြား သူရဲကောင်းစိတ်ဓာတ်က ကျနော်က အကို ခေါ်ရသူပါ။ ကွန်ပါဗူးတောင် မဆောင်ကျဉ်းနိုင်တဲ့ ကျနော်လို လူစားထက် အကိုက လေယာဉ်ကြီးကို မောင်းသွားနိုင်သလို
ညီက မဇ္စျိမကြီးကို မောင်းနှင်နေသူတွေ မဟုတ်လား။

စာမျက်နှာ ၂ မျက်နှာ ၃ မျက်နှာလောက် ရေးပါးလားအကိုလို့ မပြောသော်ငြား ကျနော့်ရင်ထဲက ၈ စက္ကန့်ငြိမ် တပ်လှန့်အမိန့်ပေးသံများသာ ညံစီနေပါသည်။ ရေးလက်စ စာမျက်နှာ ၁ ကို ပြန်ဖတ်ကြည့်တော့။

ထိုနေ့က မိမိနှင့်သူငယ်ချင်း အောင်ကို (ယခု - နယူးဇီလန်)၊ ပန်းချီဒီဇိုင်း ကိုတင်မောင်ကြည် (၇၄ - ရန်ကုန် တက္ကသိုလ် ကျောင်းသား)၊ ကိုကောက်နွယ်ကနောင် (မဂ္ဂဇင်း အယ်ဒီတာ)၊ ကိုသိန်းဦး (အုတ်ဖို - အန်အယ်ဒီ
အမတ်)၊ ကိုရဲအောင်နိုင် (မဂ္ဂဇင်း သရုပ်ဖော် ပန်းချီဆရာလေး၊ ယခု သြစတြေးလျ) တို့ တယောက်နှင့်တယောက် မတိုင်ပင်ထားသော်လည်း ယမန်နေ့ ညနေက တယောက်မျက်နှာ တယောက်ဖတ်၍ ၃၄ လမ်းအောက် ဘလောက်တွင်ဖွင့်လှစ်ထားသည့် မင်းမင်းကျော် လက်ဘက်ရည်ဆိုင်၌ ဆုံစည်းစုထိုင်နေကြသည်။

မင်းကိုနိုင် အမည်ဖြင့် ရေးသားတပ်လှန့်ထားသည့် စာတရွက်၊ ဗိုလ်အောင်ကြီးရဲ့ ၄၂ မျက်နှာ၊ ရွှေဘုန်းလူရဲ့  ဖခင်ဗိုလ်ချုပ်ကဗျာတွေကို လွယ်အိတ်တိုင်း၌ သယ်ပိုးလာကြသည်ကို ကိုယ်စီ သိနေကြပါသည်။

သူငယ်ချင်းဖြစ်သူ ကိုအောင်ကိုက လွဲ၍ အားလုံးက ဆရာနတ်နွယ် ကိုင်တွယ်နေသည့် မိုးဝေ မဂ္ဂဇင်း ရဲဘော်များ
ဖြစ်ကြသည်။ လူတိုင်း လက်ပတ်နာရီကို  ကြည့်လိုက်၊ အနော်ရထာလမ်းမကို လည်ဆန့်လိုက်ဖြင့် ရင်ဖိုမောလျ
နေကြပါသည်။ ဘယ်မှာ ညာမှာ တပ်ဆင်ထားကြသည့် လက်ပတ်နာရီများကို ကြည့်ကြပုံ မတူပါ။ ရင်ခုန်သံနဲ့ စက္ကန့်တံကတော့ တူညီနိုင်မည်ဟု ထင်ပါသည်။

မနက် ၈ နာရီထိုးဖို့ ၅ မိနစ်သာ လိုပါတော့သည်။ ထိုအခိုက် ကချင်လုံခြည် ဝတ်ဆင်ထားသည့် လူငယ် ၂ ဦးနှင့်
ကျောင်းဝတ်စုံ အဖြူ အစိမ်း ဝတ်ဆင်ထားသော ကျောင်းသား လူငယ်လေး ၅ ယောက် လက်ဘက်ရည် ဆိုင်ရှေ့
ပြေးဝင်လာသည်။ ဆိုင်ရှေ့ နေကာမိုးကာ လုပ်ထားသည့် ကလဖျင်းမိုးကို ထောက်ထားသည့် ဝါးတိုင် ၂ ချောင်းကို ဆွဲဖြုတ်ချလိုက်ပါသည်။

ကျနော်တို့ အားလုံးလည်း လွယ်အိတ်ကို စလွယ်သိုင်းပြီး မတ်တပ်ရပ်လိုက်ကြသည်။ လူငယ်တဦးက သူ့  လွယ်အိတ်ထဲမှ အနီရောင် ပိတ်စများကို ဝါးတိုင်၂ ခုမှာ ချည်နှောင်ပြီး အလံ လွှင့်ထူလိုက်သည်။ ဆိုင်ထဲက
ဆိုင်ရှင်နှင့် လူတွေက လက်ခုပ်တီးကြသည်။ ချီတက်ကြမယ်၊ အကိုကြီးတို့ ကျောင်းသားလူငယ်တို့၏ ကြွေးကြော် သံနောက်သို့  ကျနော်တို့လေး နက်ယုံကြည်စွာ  လိုက်ပါခဲ့ကြပါသည်။

၃၄ လမ်း အကွေ့တွင် တိုက် ၄ ထပ်အမြင့်မှ လက်ကိုင်ပုဝါများ၊ ခေါင်းစီး အနီစများ ကျဲချလာသည်။ လူလှိုင်းကြီး၏ လှိုင်းခေါင်းများသည် အနီရောင်ဖြင့် လွှမ်းခြုံသွားခဲ့ပါတော့သည်။ ''ဆိပ်ကမ်းက အလုပ်သမားကြီးတွေ
အောက်လမ်းက တက်လာပြီဟေ့''။ ဟေး ဆိုသည့် အသံလှိုင်းကြီးမှာ ရန်ကုန်မြို့တော်ကို လှုပ်ခါလိုက်ပါပြီ။

ရန်ကုန်မြို့နှင့် အနီးတဝိုက်၊ မြန်မာပြည် တဝှမ်းက မြို့ကြီးတချို့။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
သွေးမုန်တိုင်း စတင်တိုက်ခတ်ခဲ့ပါပြီ။ ကျနော်တို့ထက် ကွာဟလှသော အသက်အရွယ် ကျောင်းသား ကျောင်းသူ လူငယ်လေးများကိုကြည့်၍ မျက်ရည်ရစ်ဝိုင်းကာ သွေးဆူကြက်သီးထနေပါသည်။

၂၃ နှစ်တဲ့လား၊၂ မျက်နှာ ၃ မျက်နှာနှင့် ရေး၍ သား၍ မလုံလောက်သည့် မပြည့်စုံနိုင်သည့် လူထုသမိုင်းပါ၊ လူထုအုံကြွမှု၊ တော်လှန်ရေးကြီးတရပ်၊ လူထုအရေးတော်ပုံကြီး မဟုတ်လား။

ဆရာကြီး ဦးတင်မိုးက ကဗျာလေးတပုဒ် ရေးဖွဲ့ ခဲ့တာ ခံစားစာနာနိုင်မှာပါ။ အိမ် လည်ကြူးတဲ့သား သို့မဟုတ် အမေ့သား စကားတိုးတိုး ပြောလှဲ့ပါတဲ့။


"ကာရန်ချိုမြ၊
သွေးစ စွန်းနေတယ်။

တယောကြိုးလည်း၊
တီးတိုး ငိုကြွေးတယ်။

ဂီတာတလက်၊ အုတ်ခုံထက်မှာ
အသက်မရှိရှာတော့ဘူး။

သားတို့ကျောင်းက
ခွပ်ဒေါင်းအလံကလေး၊

ရေမြောင်းဘေးမှာ၊ သွေးတွေစွန်းလျက်၊
ညနေဘက်က
ရပ်ကွက်ထဲက လူတွေတွေ့သတဲ့။

အမေ့သား
စကား တိုးတိုးပြောလှဲ့ပါ။"


ကျနော် ဖော်ပြချင်တဲ့ ဆရာကြီးရဲ့  ရှစ်လေးလုံး သွေးမုန်တိုင်းကာလက ကျောင်းသား လူငယ်တွေရဲ့ သွေးသမိုင်း အပိုင်းအစ ကဗျာ ပါဒလေးတွေပါ။

ကျနော် အိမ်လည်ကြူးခဲ့တာ ၂၃ နှစ် ကြာခဲ့ပါပြီ။ တကြိမ်တခါမှ နောင်တမရပါ။ ယုံကြည်ရာလမ်းကို ရွေးချယ်ခဲ့တဲ့ အတွက်တော့ ပီတိဖြစ်မိတာ နှစ်ပရိစ္ဆေဒ ကြာပေါ့။ အသက်နဲ့  ရင်းခဲ့ရတဲ့ လူထုတိုက်ပွဲလေ၊ ဗိုလ်စိုးနဲ့  ဗိုလ်စိန်ရေ။ ဆက်လက်ချီတက်ရဦးမှာ။ အနာဂတ်ကို ယုံကြည်လို့ပါ။

(ရှစ်လေးလုံး သူရဲကောင်းများနှင့်
ကျောင်းသားတပ်မတော် ရဲဘော်များကို
လေးမြတ်မှုဖြင့်)

မောင်လွမ်းဏီ
တနင်္လာနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၄၆ မိနစ်
;