Showing posts with label Photos. Show all posts
Showing posts with label Photos. Show all posts

တောင်ပြူတင်း



နော်အုန်းလှ လား
ဒေါ်အုန်းလှ လို့ ခေါ်ရမလား
ကိုကိုးကျွန်းများရှိရင်
ခင်ဗျားက
ဓားတောင်ကိုကျော် မီးပင်လယ် ဖြတ်အုန်းမှာ။

လက်ပံတောင်းကို
ခေါင်းအုံးမှတ်ထင်၊ ရင်ခွင်ပိုက်
ဒါကြောင့်လည်း
ခင်ဗျားကို မိုက်တယ်ပြောတာပေါ့
အင်္ဂါထောင့်က စောင့်နေကြတယ် အနော်။

ဆူးလေတ၀ိုက်က
ခိုတွေ
ငိုနေတယ် နော်အုန်းလှ
အစာမဲ့သူတွေက
ထောင်ဝ ပျံဝဲတယ်
လွမ်းသူတွေက
အမှတ်တရ ဖယောင်းတိုင်တွေ ဝေငှပါလိမ့်မယ်။

နော်အုန်းလှ
တောင်ပြူတင်း
ထောင်အကျဉ်းက ပြုံးနေတာ
ကဗျာ ဖြစ်ပါတယ်။ ။



မောင်လွမ်းဏီ
၅ - ၉ ၂၀၁၃

လကွယ်ရက်မှာ ဖွင့်တဲ့ ဖေ့ဘုတ်














သင်းကွဲတွေ
နေရင့်မှန်း မသိ။

ဂူအောင်းသတ္တ၀ါတွေ
သဘာဝအရ၊ နေသားတကျ။

လင်းယုန်လည်း
ထင်းပုံမှာ နားရ။

ဇီးကွက်လည်း
မနက်ဆို ကျီးကို ကြောက်ပ။

ဟိုတကောင်
သိဂုတ္တရတောင် အနောက်ဇနပုဒ်
အတောင်ရုတ်တာ တွေ့ တော့။

တကောင်တည်းပဲလေ
ဒါပေမဲ့ ခြင်္သေ့
မြေခွေးက အကွေ့ က ချောင်း။

ချိုးနှစ်ကောင်ရဲ့ 
ထနောင်းပင်ညီနောင်လည်း
ထင်းလှည်းထဲမှာ တွေ့ သခိုက်။

ကံတိုက်နဲ့ 
ဉာဏ်တိုက်
လူအတော်တော်များများ မိုက်တွင်းတူးကြည့်တယ်။ ။

မောင်လွမ်းဏီ
၂၁ - ၁၁ - ၂၀၁၁
;