Showing posts with label ကဗျာရှည်များ. Show all posts
Showing posts with label ကဗျာရှည်များ. Show all posts

ကူးတို့မော်တော်ရဲ့ခေတ်ပေါ်ခံစားမှု

လှိုင်းကြက်ခွပ်အိ
ငြိယှက်ဗေဒါ၊ ရေလွှာဝါကျင့်။
မင်းဘူး မကွေး
အိမ်ဦးနဲ့ကြမ်းပြင်
အမြင်သာနီး၊ သည်ခရီးမှာ
မီးရထားမရှိ၊ တံတားမရှိ
ရှိသည့်မိတ်ဆွေ၊ နဒီဧရာ။
————
————
ကုန်းဘောင်မှာရပ် ——
ဆိပ်ကမ်းကူလီ၊ မျက်ထောက်နီရဲ
အသည်းရောင်ရောဂါမွေးမြူရေး။
မော်တော်ဦးမှာ
ဒူးယား ခပေါင်း၊ ဆီးပေါင်းရောင်းသူ
လူမမယ်ကလေး၊ ညစ်ထေးအင်္ကျီ
ချိတ်တွယ်သီဝတ်၊ ဘောင်းဘီတိုပွ
ချွေးနံ့ရသနဲ့
ဘဝသရုပ်ဖော်ဝတ္တုတို။
ဆင်ဖြူကျွန်း စလင်းမှ
အကြေဆင်းသူ
ပွင့်ဖြူ လယ်ကိုင်းမှ
စစ်ကိုင်း မန္တလေး
ဈေးချိုတက်သူ
စကုသူ ကျောက်တန်းသူ
ပန်းရောင်း ကုန်စိမ်းရောင်း
တောင်းကြီး တောင်းငယ်၊ အသွယ်သွယ်ကြား
စကားဖွာလောင်၊ ‘ဆိုးပေ မောင်မဲ’
‘မလွမ်းပို အချွဲ’၊ ‘မိုးဝင်း အဟဲ’
တိတ်ခွေထဲမှာ၊ စွဲဖက်ရှာသတဲ့၊
နောက်မြီးခုံမှာ
ကုန်သည်တွေလား၊ ပွဲစားဖြစ်နိုင်
ခေါင်းချင်းဆိုင်လျက်၊ ဒိုးဇက်ကစားယင်း
စပါးပေး နှမ်းပေး
ပဲဈေး ဆီဈေး၊ ကြေးညှိဖြတ်ကိုက်
တင်းလိုက်လျှော့လိုက်၊ ပျော့လိုက်မာလိုက်
အော်စကာအိုက်တင်များ။
ကမ်းကိုကပ်မှ
စာအုပ်အပ်ပါ၊ ကာတွန်းငှားသူ
ပွေ့ယူစာအုပ်ခြင်း
လူကြားတိုးယင်း၊ စာရင်းတို့မှတ်
တမတ်အကြွေ၊ သေပြေးရှင်ပြေး။
နယ်စုံလှည့်သွား
ဘုရားဖူးယာဉ်၊ ထောက်ရှာပင်ဆိပ်
ကြိုးချိတ်ဝင်ဆွဲ၊ ဖောင်သမားလည်း
ရေထဲမှာပျော်၊ ရေပေါ်မှာအိပ်
ကျောင်းတံခါးပိတ်ခဲ့တာကြာရော့မယ်။

မြစ်လယ်မှာထွန်း
မြေနုကျွန်းပေါ်၊ ပျော်ပါးပွေ့ဖက်
ကိုင်းမြက်ကိုမိုး၊ ကိုင်း±ိုးနဲ့ကာ
ကိုင်းဖျာပေါ်စား၊ ကိုင်းရိပ်မှာနားရတဲ့
ကိုင်းသမားယဉ်ကျေးမှုဆိုတာ
မိုးရာသီမှာ၊ ရေလွတ်ရာတဲထိုး
မြစ်ရိုးမှာငါးရှာ
လှိုင်းကြားမှာထင်းဆယ်ကြ
စာဖွဲ့လို့ရမလားကို။
ပြည်မန္တလာ
အညာစုန္ဆန္သေဘာၤတစီး
ဖြစ်သွားပြီးမှ၊ ဘွားကနဲရှေ့မှာ။
စက်ရှိန်သတ်သော်၊ မော်တော်တုံ့နေး
မကွေးကမ်းကပ်ပြီ
နာရီဝက်သာသာ၊ ခရီးတာမှာ
သက်ပြင်းတွေဖြာ၊ ဝေဒနာနဲ့
‘ကဗျာဆရာ ဘယ်လဲ’။ ။


မောင်လွမ်းဏီ (မင်းဘူး)

အောင်လံဆိပ်ကမ်း

(၁)
ခရာသံလား
ဥသြသံလား
ယမ်းငွေ့တွေလား
မီးခိုးလား။
မြစ်အောက်ဘက်မှာ
ဆန်တက်လာကြ၊ အညာစုန်ဆန်
သမန်မော်တော်များ
ရည်မျှော်မှန်းဆ၊ သွေးကြွရင်ခုန်
မှုန်ရီဝေဝါး၊ ရုပ်ပုံများပေါ်လာ
ဒါ ... ကျူးကျော်ရေးသမားရဲ့
စစ်သဘော်တွေ များလားကွယ်။
‘မြေထဲမြို့’တဲ့
နယ်ချဲ့ဓားမိုး၊မြို့ရိုးပြိုပျက်
ဝကွက်အပ်နှံ၊ ရန္တပိုစာချုပ်
သမိုင်းထုပ္ပါတ်၊ ပြန်တွေးဖတ်မိ
ဇာတိမာန်စိတ်၊ မျိုးချုစ်စိတ်တွေ
ယိုဖိတ်ပေါက်ကွဲခဲ့ပြန်ပြီ။
‘မြေထဲ’ကို
သဂြိုဟ်မြှုပ်နှံ၊ ရုပ်သဏ္ဍာန်နှောင်း
အမည်ပြောင်းခဲ့၊ မြို့ဟောင်း‘အာလံ’
‘အောင်လံ’ဖြစ်တည်
ရာသီမိုလေ သာပါစ။

(၂)
လှိုင်းကဖဲ့ေ¹ခွ
ရေကတိုက်စား၊ ကမ်းပါးတလျှောက်
တယောက်ဘိုးအို၊ တူရွင်းတိုနဲ့
ရွှေတိုငွေစ၊ တူးဆွဖွေရှာ
အိုဇာတာများ ညံ့၍လော။
ရေစိုရွှဲနစ်
ခေတ်ဆံပင်တို၊ အပျိုမများ
ရင်ရှားလျော့လျဲ၊ အသည်းယားဖွယ်
၂ဝ ရာစု၊ ယဉ်ကျေးမှုလား
နယ်လုတိုင်းသား၊ ဒေသခြားဟာ
အားရရွင်လန်း နေလောက်ပြီး
ဂျွန်ဆင်ပဲ့ထောင်
အနောက်တောင်မိုး၊ ချိန်ထိုးတွက်ဆ
ထွက်ရကောင်းနိုး၊ မရိုးမရွ
ပွက်လွစက်သံ၊ ဖုတ်ချက်ညံနေ။
ရေစပ်ဆင်းသက်
လက်တွန်းရေစည်၊ ဆေးနီဝါစိမ်း
ခြယ်သလိမ်းကျံ၊ မြို့ပြပဟန်လား
ကဗျာမဆန်လိုက်တာကွယ်။
ဟိုမှာ
ဒိုင်နာတစီး
ခရီးပန်းဝင်၊ ရင်စို့မောဟိုက်
ကတိုက်က±ိုက်၊ ထိုးစိုက်ဝင်လာ
လိုက်ပါချင်ဟန် တူပါရဲ့။
မီနိုင်မလား
သော့နှင်ဆင်းသက်၊ သရက်မော်တော်
စောင့်ခေါ်ပါဦး
နောက်ဆုံးအခေါက်မို့ပါလေ။

(၃)
မြင်ကွင်းအားလုံး
အမှောင်ဖုံးပြီ
နဒီဧရာ၊ ရေဇလာထဲ
အဖော်ကွဲလာ၊ ဗေဒါကပွင့်
နားခွင့်မóကံ၊ ခရီးစုန်ဆဲ။


(မိုးဝေ)

အမွေဆိုင်

ပြာမီးခိုး မှုတ်ထုတ်
စက်ဥသြတို့ ဆန်တက်ရာ
အနာတရ နှလုံးအိမ်များ
ငြိမ်ဆိတ်ဖွဖွ လိုက်ပါခဲ့ကြ
မြို့ပြရေ —
နွေဦးကို နွေးထွေးစွာ ကြိုရော့။

နှစ်လနေ့ရက်
ဖော်ပြချက်စာရွက်များ
တနှစ်ထက်တနှစ်
သက္ကရာဇ်အသစ်တွေကို
စစ်ပွဲတွေရပ်ပစ်ရေး
ကြွေးကြော်သံတွေပေးခဲ့တယ်၊၊

၉ နှစ်
၁ဝ နှစ်လောက် ရှိလုပေါ့
လေနုအေးကား နော့ဆဲပေလား
လေနီကြမ်းကား ရပ်ဆဲပေလား
ရေနံချေးဝ၊ အဖေးထလျက်
ဘဝအိမ်တိုင်
သမိုင်းဆိုင်ရာ ရုန်းကန်ခြင်း
ယုံကြည်ချက်အား ကြီးပြင်းရင့်မာစေခဲ့ပြီ။

နိုင်ငံရေးသိပ္ဂံလည်း
ဇိမ်ခံပစ္စည်း ဖြစ်သွားတဲ့ခေတ်မှာ
မီဒီယာအကြောင်း
ဆပ်ပြာပူဖောင်းတွေလည်း ဟောပြောလို့၊
ဈေးကွက်စီးပွားရေး
ဆွန်ဇူးသွေးလည်း ရောနှောလို့၊
ပသို့ဆိုစေ
ကမ္ဘာမြေရဲ့ယဉ်ကျေးမှု
လူ့အဖွဲ့အစည်း နန်းရပ်ထီးဖြူ
လူထုလက်က သက်ဆင်း
တို့သီချင်းနဲ့ တို့မြေ တို့ယာ
တို့ဓားသွားထက်မှာ သေချာရဲ့။

အဲဒီဖိနှိပ်ခံတဲ့
တော်လှန်ခြင်းနဲ့
ဖွားဘက်တော်ပါအဆွေ
အမွေရထားတာ
ဧရာဝတီရဲ့ ခွန်အားတွေပါပဲ။

ကြေးကျွန်၊ နှောင်ကြိး၊ ကြာပွတ်နဲ့
လွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာ
ဘာကြောင့်များ ဈေးဖလှယ်နေကြ
စက်တင်ဘာ မျက်နှာမည်းညများ
စဉ်းစားရ ခက်နေတော့တယ်။


မောင်လွမ်းဏီ (၂ဝ၊ ၈၊ ၉၇)

စခန်းကုန်းပေါ်က ဆောင်း

အညာမြေလတ်ဆောင်းရဲ့
သေနတ်ပြောင်းဝက၊ အဖေ့ရင်ခေါင်း
ပစ်မှတ်ကို ချောင်းနေပြီ။

ရဲဘော်လေးက ပြောတယ်လေ
သည်မြေ သည်တော သည်တောင်က
နေ့နေ့ ညည၊ ကိုယ်တခြမ်း မ မရတဲ့
အမေ့လက်ထက် အေးစက်သတဲ့။

စစ်မြေပြင်တောင်ကုန်းတခုမှာ
ယုန်မွှေးနု ဆွယ်တာမလိုဘူး
နွေနံနက်ခင်း သီချင်းမလိုဘူး
ဘရာဗိုနဲ့ ကာရာအိုကေ မလိုဘူး
အန်ဂျီအိုနဲ့ ပရိုပိုဆယ် မလိုမှု သန့်ရှင်း
နှင်း၊ မြူခိုး၊ ရန်သူ့ခြေသံ
လက်အံသေနေတဲ့ လက်ညှိုးနဲ့
ရိုးသားတဲ့ ယုံကြည်ချက်
အင်ဖက်လေးတရွက်ပဲ ရှိတယ်။

ကျနော်တို့ရော
ရန်သူရော
မောမောလျလျ၊ ရှရှပြင်းပြင်း
နှစ်ချိုက်ပဝင်းတဲ့ ပွင်းလင်းရာသီလေ။

အဖေ့ကုတင်စောင်းကို
နေခြည်လာမယ့်ဘက် ပြောင်းရွေ့လို့ ရပေမယ့်
ကျနော်တို့ စခန်းကုန်းကို
အအေးပိုလို့၊ နှင်းစိုလို့
ပြောင်းကြစို့လို့
မြေပုံပေါ် မြေဖို့ ပြင်မရဘူးပေါ့အဖေ
စစ်ရေးအခြေအနေအရ၊ အချက်အခြာဆိုတော့
အဖေ့နှလုံးသားထက်
လေးနက်ကျယ်ပြန့် နက်±ှိုင်းလွန်းလှတယ်။

ဒီရာသီဟာ
အဖေဟာ နေခြည်ပဲ
နေခြည်ဟာ အဖေပဲ ဆိုတဲ့ တိုက်ပွဲကာလလေ။

အဖေရဲ့အနာဂတ်အိပ်မက်ကို
နွေးထွေးဖက်ပွေ့ချင်ပေမယ့်
တို့တတွေ ပြည်တွင်းစစ်မီးလျှံကို လှုံနေကြရတယ်
နောင်တတွေ ယိုစီးမှုးရဲ့ ကြေကွဲခြင်း ကင်းကင်းနဲ့ပါ ညီ။

နယ်နမိတ်မျဉ်းပေါ်က ဆောင်းကတော့
တို့တတွေရဲ့ သေနတ်ပြောင်းတွေကို
ကောင်းကောင်းကြီး တိုက်ချွတ်ခိုင်းတဲ့ အမိန့်နဲ့သာ။



မောင်လွမ်းဏီ (၁ဝ၊ ၁၂၊ ၂ဝဝ၂)

ဆန်ကုန်မြေလေးရခြင်းအကြောင်း

သူပစ်တဲ့မြားက
သူ့ကိုပဲ ပြန်ပြန်ထိ။

အတ္တကိုလည်း ထွေးထွေးပိုက်ပိုက်
မျိုချလိုက်၊ ရွှေရည်စိမ်လိုက်
စီးဆင်းသွားတဲ့မြစ်ရေထဲလည်း
စုန်လိုက်ချင်သေးရဲ့။

အဲဒီလောက် ခမ်းနားချင်လှ
မသထာရေစာကိုတောင် ကျေးဇူးတွေတင်
မသေရုံ ဝေမျှတဲ့
အောက်ဆီဂျင်ကိုလည်း ရှိခိုးဦးတင်။

သူ့ရဲ့ အလုံးစုံသော
ချွတ်ချုံကျမှုတွေထဲမှာ
အသည်းနှလုံးပါ အဆစ်ထည့်သူ။

အစောင့်အကြပ်ထူထူ
ဒုက္ခသည်စခန်းကြီးနဲ့အလားတူ
ထီးထီးမားမား သူဟာ
လွတ်ရာလွတ်ကြောင်း
စာလုံးတွေပေါင်းပေါင်းရေးခြစ်
မြားတွေပစ်ပေမယ့်
သူပစ်တဲ့မြားတွေက
သူ့ကိုပဲပြန်ပြန်ထိ။

မော်ဒန်ပုဏ္ဍားများ

လူထုကိုမှ
ချနင်းလေသော ပညာယှိ။

မိတ်ဆွေကိုမှ
ရန်လိုလေသော ပညာယှိ။

ရဲဘော်ကိုမှ
ပြိုလဲစေသာ ပညာယှိ။

ခေါင်းဆောင်ကိုမှ
ဖဝါးတိုင်းသော ပညာယှိ။

သူခိုးကိုမှ
ဓား±ိုးကမ်းသော ပညာယှိ။

မြေခွေးကိုမှ
ဖြောင်းဖြလိုသော ပညာယှိ။

တံလှပ်ကိုမှ
ရေထင်လေသော ပညာယှိ။

ထိုပညာယှိ
ကဝိအကျော်၊ မသူတော်တို့
ခါတော်မီဇာတ် ကသောအခါ။

လူ နတ် ဗြဟ္မာ
သတ္တဝါတို့
ချမ်းသာကိုယ်စိတ် မမြဲတကား။

မင်းတို့ဉာဏ် တထွာတမိုက်ကိုလ

(၁)
တိမ်တွေနဲ့ ပြေးရတာ
ဖြစ်တယ်။

တောင်တွေနဲ့ တိမ်ညွန့်စားရတာ
ဖြစ်တယ်။

တောတွေနဲ့ တောင်သီချင်းဆိုရတာ
ဖြစ်တယ်။

ပြောက်ကျားခြေထောက်နဲ့ တောခြောက်ရတာ
ဖြစ်တယ်။

လူထုအားနဲ့ ပြောက်ကျားဖြစ်ရတာ
ဖြစ်တယ်။

ဖြစ်တဲ့ဘဝ
ဖြစ်တဲ့အနေ
သူပုန်ဖြစ်တဲ့ ကျောင်းသားတွေ။

(၂)
ဒေါင်းယောင်ဆောင်တဲ့
ကျီးတကောင်လား၊ ကျီးကလောင်လား
ယောင်ယောင်မှားမှား
အသိဝိုးဝါး၊ မသိဆိုးရွား
တရားမဲ့ပုံ၊ ချာချာနုံနုံ
တွေးပုံ ရေးပုံ
ချဉ်းကပ်ပုံကို တွေ့သောခါ။

ဝိဓူရဇာတ်
အမှတ်ရမိ
တော်လှန်ည၏ ကြယ်ရောင်အောက်။

မျိုးဆက်သစ် ပကာသဏီ

ဒါ ....
ရာသီပေါ်သီးနှံ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ .... ခါတော်မီဝယ်ရောင်း
မဟုတ်ဘူး။

ဒါ ....
ဘောလုံးပွဲ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ .... လက်ပိုက်ကြည့်နေမှာ
မဟုတ်ဘူး။

ဒါ ....
အပေါစားရုပ်ရှင် မဟုတ်ခဲ့တဲ့အတွက်
ငါတို့ ... အလကားအချိန်ကုန်ခံနေတာ
မဟုတ်ဘူး။

ဒါ ...
ကိုယ်ရေးကိုယ်တာ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ ... လူဖြစ်ရှုံးခံမှာ
မဟုတ်ဘူး။

ဒါ ...
မိရိုးဖလာ မဟုတ်ခဲ့တဲ့အတွက်
ငါတို့ ... ကိုးကွယ်နေမှာ
မဟုတ်ဘူး။

ဒါ ...
မိုးðပိနေတာပ
ရင်နဲ့ကာရုံကလွဲလို့
ငါတို့ရဲ့
အိမ်မက်တွေကပဲ
မြေကြီးလက်ခတ် မလွဲတော့တယ်။
မွေ့လျော်တေး

သွေးနဲ့တိုက်၏
ယနေ့ထိတိုင်၊ ခိုင်မာကျစ်လစ်။

အနာဂတ်ရဲ့
ပစ်မှတ်သေထဲ၊ သူရဲကောင်းတွေ
ခြေရာချန်ရစ်၊ ခေတ်ကိုပြဌာန်း။

စွေးသစ်အရုဏ်
ထွေးရစ်ခြုံလျက်
ပုန်ကန်ရက်များ၊ ဘဝခါးလည်း
သစ္စာကိုစား အားရှိသည်။


၂၁၊ ၆၊ ၉၉

တောကြိုညအိုင်ချင်း

“မျက်နှာသစ်လေ
ရေချိုးကြ
ညမှာသိပ်အေးသပ”
မြို့ပြရသ
သိင်္ဂါရကင်းခဲ့ကြသူတွေ
စမ်းချောင်းရေကို တွန့်ဆုတ်။

မြည်းတွေ
လားတွေ
ဝန်တင်လှည်းတွေ
ဆေးပေါ့လိပ်တွေ
သေနတ်တွေ
တောစီးဖိနပ်တွေ
(ဒါတွေအားလုံး လိုတယ်)
သူငယ်ချင်းကောင်း
ယောက်မတွေလည်း လိုတာပဲ။

ချောင်းရေက
ကျောက်တုံးတွေကို ကျောသပ်
ကျောက်တုံးတွေက
ငါးတွေကို ပုန်းဝှက်ပေး
ငါးတွေက
တောရနံ့မှာ ကူးခတ်မွေ့။

“အရှေ့ဖက်ကမ်းမှာပဲ
ရွာလမ်းကို ရွေးချယ်
မြေပုံဖတ်ရတာ
ခက်မယ်။”

“အဝေးကြီးလားကို
တောမှော်အိုထဲ
ကျားရဲဆို ကြောက်တယ်လေ့”
ရွေ့ရွေ့ပူးကပ်၊ ကျောသပ်အားပေး
နွေးထွေးမှု ငတ်မွတ်တဲ့
အရပ်ဒေသလေ။

“စိတ်ဓါတ် အရေးကြီးတယ်ကွာ
စိတ်ဓါတ် စိတ်ဓါတ်
ရန် ငါ ပြတ်မှ၊ အနာဂတ်ကမ္ဘာ
နိုင်ငံတကာမျိုးဆက်ခေတ်
ချစ်ကြည်ရေး၊ သွေးစည်းရေး
ငြိမ်းချမ်းရေး သမိုင်းသစ်ဘုံမြေ။”

မစေ့စပ်စတမ်းနော်
အော်ကြီးဟစ်ကျယ် လောင်မြိုက်
မုန်တိုင်းမှာ တံခွန်စိုက်ပေါ့
စစ်တိုက်ဖို့ တွားသွားခဲ့ကြ
နွေညရဲ့ ကိုယ်ရေးမှတ်တမ်းများစွာ။ ။
;